မြေဧက ၅၀၀ကျော်ရှိသည့် ကိုရီးယား- မြန်မာစက်မှုဇုန်စီမံကိန်းမြေယာရောင်းချမှု စတင်နိုင်တော့မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
6523 Views

မြေဧက ၅၀၀ကျော်ရှိသည့် ကိုရီးယား- မြန်မာစက်မှုဇုန်စီမံကိန်းမြေယာရောင်းချမှု စတင်နိုင်တော့မည်ဟုဆို

[Unicode]

မြေဧက ၅၀၀ ကျော်တွင်ဆောင်ရွက်နေသည့် ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း၏ မြေယာရောင်းချမှုကို စက်တင်ဘာလတွင် စတင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။

ထိုစက်မှုမြေများကို ကိုရီးယားကုမ္ပဏီများသာမက အခြားနိုင်ငံမှ ကုမ္ပဏီများကိုလည်း ရောင်းချသွားမည်ဟု ဝန်ကြီးချုပ်ကဆိုသည်။

“ကိုရီးယားဘက် ဘယ်ဈေးနှုန်းနဲ့ရောင်းမယ်ဆိုတာလဲ မသတ်မှတ်သေးဘူးပြောပါတယ်၊ သူတို့ရောင်းချမယ် ဈေးနှုန်းနဲ့ ဆောင်ရွက်မယ်အနေအထားရှိတယ်ဆိုတာ ကျွန်တော်သိရင်ဒီလုပ်ငန်းကို မြေပြင်မှာ မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်နိုင်ရင် COVID အလွန်ပြန်လည်ထူထောင်ရေးကာလမှာ ဒီအစီအစဉ်ရှိနိုင်ပါတယ်”ဟု ဝန်ကြီးချုပ်ကပြောသည်။

အစိုးရနှစ်ခုကြား သဘောတူညီမှုဖြင့် မြန်မာနိုင်ငံတွင် ကိုရီးယားပထမဦးဆုံး စက်မှုဇုန်ဖြစ်မည့် ကိုရီးယား-မြန်မာစက်မှုဇုန် စီမံကိန်း(KMIC)ကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ထိုစီမံကိန်းသည် အပိုင်းနှစ်ပိုင်း ပါဝင်သည်။ ပထမအပိုင်းကို ၂၀၁၉ တွင် စတင်ပြီး ၂၀၂၂ ၌ ပြီးဆုံးမည်ဖြစ်သည်။ ဒုတိယအပိုင်းကို ၂၀၂၀ တွင် စတင်ပြီး ၂၀၂၃ ၌ ပြီးဆုံးမည်ဖြစ်သည်။ ထိုစီမံကိန်းကို ကိုရီးယားအစိုးရပိုင် Land and Housing ကော်ပိုရေးရှင်း(LH)နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်သည်။

စီမံကိန်းအတွက် ဆောက် လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကိုရီးယားအစိုးရပိုင် LH (Korea Land and Housing Corporation) ကော်ပိုရေးရှင်းတို့ ၂၀၁၇ ဇွန်လ ၁၆ ရက်က ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါစီမံကိန်းသည် ကိုရီးယားအစိုးရပိုင် LH ကော်ပိုရေးရှင်း၏ ပြည်ပနိုင်ငံများတွင် Smart City အဖြစ် တာဝန်ယူ တည်ဆောက်နေသည့် စီမံကိန်းများအနက် တစ်ခုဖြစ်သည်။

အကောင်အထည်ဖော်မည့် စီမံကိန်းများ၌ စက်မှုလုပ်ငန်းဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး စင်တာ၊ သင်တန်းကျောင်း၊ အိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက လွှတ်တော်တွင် ပြောကြားထားသည်။

၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲရန် အမျိုးသားညီလာခံကျင်းပခဲ့သည့် လှည်းကူးမြို့နယ် ညောင်နှစ်ပင် စခန်းရှိ မြေဧက ၆၀၀ ပေါ်တွင် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် ကိုရီးယားဘက်က စီစဉ်ခြင်းဖြစ်သည်။

သို့သော် အမျိုးသားညီလာခံကျင်းပခဲ့သည့် သမိုင်းဝင် အဆောက်အအုံအပါအဝင် မြေဧက ၃၀ ကျော်ကို အစိုးရထံ ပြန်လည် ပေးအပ်ရ၍ ဧက ၅၅၀ ကျော်သာ ပြုလုပ်ခွင့်ရခဲ့သည်ဟု LH ကော်ပိုရေးရှင်း ရန်ကုန်ရုံးခွဲ မန်နေဂျာ မစ္စတာကင်ဂမ်ဝူးက ပြောကြားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေျမဧက ၅၀၀ေက်ာ္ရွိသည့္ ကိုရီးယား- ျမန္မာစက္မႈဇုန္စီမံကိန္းေျမယာေရာင္းခ်မႈ စတင္ႏိုင္ေတာ့မည္ဟုဆို

ေျမဧက ၅၀၀ ေက်ာ္တြင္ေဆာင္႐ြက္ေနသည့္ ကိုရီးယား-ျမန္မာစက္မႈဇုန္စီမံကိန္း၏ ေျမယာေရာင္းခ်မႈကို စက္တင္ဘာလတြင္ စတင္ႏိုင္မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းကေျပာသည္။

ထိုစက္မႈေျမမ်ားကို ကိုရီးယားကုမၸဏီမ်ားသာမက အျခားႏိုင္ငံမွ ကုမၸဏီမ်ားကိုလည္း ေရာင္းခ်သြားမည္ဟု ဝန္ႀကီးခ်ဳပ္ကဆိုသည္။

“ကိုရီးယားဘက္ ဘယ္ေဈးႏႈန္းနဲ႔ေရာင္းမယ္ဆိုတာလဲ မသတ္မွတ္ေသးဘူးေျပာပါတယ္၊ သူတို႔ေရာင္းခ်မယ္ ေဈးႏႈန္းနဲ႔ ေဆာင္႐ြက္မယ္အေနအထားရွိတယ္ဆိုတာ ကြၽန္ေတာ္သိရင္ဒီလုပ္ငန္းကို ေျမျပင္မွာ ျမန္ျမန္ဆန္ဆန္အေကာင္အထည္ေဖာ္ႏိုင္ရင္ COVID အလြန္ျပန္လည္ထူေထာင္ေရးကာလမွာ ဒီအစီအစဥ္ရွိႏိုင္ပါတယ္”ဟု ဝန္ႀကီးခ်ဳပ္ကေျပာသည္။

အစိုးရႏွစ္ခုၾကား သေဘာတူညီမႈျဖင့္ ျမန္မာႏိုင္ငံတြင္ ကိုရီးယားပထမဦးဆုံး စက္မႈဇုန္ျဖစ္မည့္ ကိုရီးယား-ျမန္မာစက္မႈဇုန္ စီမံကိန္း(KMIC)ကို အေကာင္အထည္ေဖာ္ေနျခင္းျဖစ္သည္။ ထိုစီမံကိန္းသည္ အပိုင္းႏွစ္ပိုင္း ပါဝင္သည္။ ပထမအပိုင္းကို ၂၀၁၉ တြင္ စတင္ၿပီး ၂၀၂၂ ၌ ၿပီးဆုံးမည္ျဖစ္သည္။ ဒုတိယအပိုင္းကို ၂၀၂၀ တြင္ စတင္ၿပီး ၂၀၂၃ ၌ ၿပီးဆုံးမည္ျဖစ္သည္။ ထိုစီမံကိန္းကို ကိုရီးယားအစိုးရပိုင္ Land and Housing ေကာ္ပိုေရးရွင္း(LH)ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔ အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္ ျခင္းျဖစ္သည္။

စီမံကိန္းအတြက္ ေဆာက္ လုပ္ေရးဝန္ႀကီးဌာန ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနႏွင့္ ကိုရီးယားအစိုးရပိုင္ LH (Korea Land and Housing Corporation) ေကာ္ပိုေရးရွင္းတို႔ ၂၀၁၇ ဇြန္လ ၁၆ ရက္က ကိုရီးယားႏိုင္ငံ ဂ်ယ္ဂ်ဴးကြၽန္းတြင္ လက္မွတ္ေရးထိုးခဲ့သည္။ အဆိုပါစီမံကိန္းသည္ ကိုရီးယားအစိုးရပိုင္ LH ေကာ္ပိုေရးရွင္း၏ ျပည္ပႏိုင္ငံမ်ားတြင္ Smart City အျဖစ္ တာဝန္ယူ တည္ေဆာက္ေနသည့္ စီမံကိန္းမ်ားအနက္ တစ္ခုျဖစ္သည္။

အေကာင္အထည္ေဖာ္မည့္ စီမံကိန္းမ်ား၌ စက္မႈလုပ္ငန္းဧရိယာ၊ သုေတသနႏွင့္ ဖြံ႕ၿဖိဳးေရး စင္တာ၊ သင္တန္းေက်ာင္း၊ အိမ္ရာႏွင့္ စီးပြားေရးဆိုင္ရာ အေဆာက္အအုံမ်ား ပါဝင္မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးေက်ာ္လင္းက လႊတ္ေတာ္တြင္ ေျပာၾကားထားသည္။

၂၀၀၈ ဖြဲ႕စည္းပုံေရးဆြဲရန္ အမ်ိဳးသားညီလာခံက်င္းပခဲ့သည့္ လွည္းကူးၿမိဳ႕နယ္ ေညာင္ႏွစ္ပင္ စခန္းရွိ ေျမဧက ၆၀၀ ေပၚတြင္ အဆိုပါစီမံကိန္းကို အေကာင္အထည္ေဖာ္ရန္ ကိုရီးယားဘက္က စီစဥ္ျခင္းျဖစ္သည္။

သို႔ေသာ္ အမ်ိဳးသားညီလာခံက်င္းပခဲ့သည့္ သမိုင္းဝင္ အေဆာက္အအုံအပါအဝင္ ေျမဧက ၃၀ ေက်ာ္ကို အစိုးရထံ ျပန္လည္ ေပးအပ္ရ၍ ဧက ၅၅၀ ေက်ာ္သာ ျပဳလုပ္ခြင့္ရခဲ့သည္ဟု LH ေကာ္ပိုေရးရွင္း ရန္ကုန္႐ုံးခြဲ မန္ေနဂ်ာ မစၥတာကင္ဂမ္ဝူးက ေျပာၾကားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service