နှုတ်ဖြင့် အမွေခွဲဝေထားသည့် အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
783 Views

နှုတ်ဖြင့် အမွေခွဲဝေထားသည့် အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

Knowledge | Posted by Zarni Kyaw

[Unicode]

ရုံးခန်းသို့ စာရေးသူရောက် သည့်အခါ မိတ်ဆွေတစ်ဦး၏သားဖြစ်သူ ကိုကျော်လင်းကို တွေ့လိုက်ရသည်။

''ရောက်နေတာကြာပြီလား''ဟု စာရေးသူက နှုတ်ဆက်စကားဆိုပါသည်။

''မကြာသေးပါဘူး ဆရာ''

''အဖေကြီး နေကောင်းရဲ့လား''

''ကောင်းပါတယ် အန်ကယ်။ အခုလည်း အဖေက လွှတ်လိုက်တာပါ''

''ဘယ်လို အရေးကိစ္စရှိနေလို့လဲ''

''ကျွန်တော့်အနေနဲ့ မြေတစ်ကွက်ဝယ်ဖို့ စရန်ငွေပေးထားတယ်ဆရာ''

''မြေကွက်ဆိုတော့ အိမ်ပါသေးလား''

''အိမ်ကတော့ တစ်ထပ်တိုက် သေးသေးပါပဲ။ လောလောဆယ်တော့ အိမ်ငှားတွေရှိနေတယ်''

''အိမ်ငှားတွေက ဖယ်ရှားပေးဖို့ အဆင်မပြေလို့လား''

''ဒီလိုမဟုတ်ဘူးဆရာ၊ အိမ်ငှားတွေကလည်း ဆင်းပေးမယ်။ ပြဿနာမရှိဘူး။ ရောင်းမယ့်လူက ကျွန်တော့် သူငယ်ချင်းဖြစ်ပြီး ကျွန်တော်နဲ့အတူ သင်္ဘောတက်နေတဲ့ သင်္ဘောသားတစ်ယောက်ပါ''

''မြေကွက်က ဂရန်မြေလား၊ အမည်ပေါက်က ဘယ်သူလဲ''

''ဂရန်မြေဖြစ်ပြီး သူငယ်ချင်းရဲ့ ဖခင်အမည်ပေါက်ဖြစ်ပါတယ်''

''မြေအမည်ပေါက် ဖခင်က သက်ရှိထင်ရှားရှိတယ် မဟုတ်လား''

''မရှိတော့ဘူးဆရာ။ ကွယ်လွန်သွားတာ တစ်နှစ်လောက်ရှိနေပြီ။ မိခင်ကွယ်လွန်သွားတာတော့ လေး၊ ငါးနှစ် ရှိပြီထင်တယ်''

''သားသမီး ဘယ်နှယောက်ကျန်ခဲ့လဲ''

''သားသမီး သုံးဦးကျန်ခဲ့တယ်။ အငယ်ဆုံးက ၁ဝ တန်းအောင်ထားပြီး တက္ကသိုလ်တက်ဖို့ စောင့်နေတယ် ပြောပါတယ်''

''ဒါဆိုရင် အသက် ၁၈ နှစ် မပြည့်သေးဘူးပေါ့''

''ဟုတ်ပါတယ် ဆရာ၊ အရောင်းအဝယ်ဖြစ်လို့ အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်မယ်ဆိုရင် အသက် ၁၈ နှစ်မပြည့်သေးသူက လက်မှတ်ထိုးလို့ရပါသလား''

''အစ်ကိုကြီးကပဲ အုပ်ထိန်းသူ အဖြစ် လက်မှတ်ရေးထိုးရမှာပေါ့''

''အခုကိစ္စက အရောင်းအဝယ် ကန့်ကွက်တဲ့သူ ရှိလာလို့ ဆရာ''

''ဘယ်က၊ ဘယ်လို ထွက်ပေါ်လာတာလဲ''

''ကျွန်တော်က ကန့်ကွက်ရန် ရှိမရှိ ကြေညာလိုက်တော့ ကိတ္တိမသမီးဆိုပြီး ကန့်ကွက်သူပေါ်လာ လို့''

''သူငယ်ချင်းရဲ့ မိဘများ သက်ရှိ ထင်ရှားရှိစဉ်က မွေးစားတာလား''

''သူ့အမေဆုံးပြီး နောက်ပိုင်း သူ့အဖေတစ်ဦးတည်းက မွေးစားစာချုပ်နဲ့ မွေးစားတယ်လို့ သိရတယ်။ သူက သင်္ဘောတက်နေတော့ မွေးစားတဲ့ကိစ္စ လုံးဝမသိလိုက်ဘူးပြောတယ်''

''မွေးစားခံရတဲ့သူနဲ့ ဘယ်လို ဆက်စပ်မှုရှိတာလဲ''

''သူ့အဖေရဲ့ ညီမအငယ်ဆုံးလို့ ပြောပါတယ်''

''အသက်ဘယ်လောက်ကွာ တယ်လို့ ပြောသလဲ''

''သူ့အဖေက အကြီးဆုံးဆိုတော့ အသက် ၁၈ နှစ်နီးပါးကွာတယ်လို့ ပြောပါတယ်။ ကျွန်တော်သိချင်တာက မောင်နှမအချင်းချင်း ပြန် လည်မွေးစားလို့ရပါသလား ဆရာ''

''မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ ဗုဒ္ဓဘာသာဝင်ကိုးကွယ်သူအနေ ဖြင့် မောင်နှမအချင်းချင်း မွေးစားခြင်းမပြုရလို့တော့ တားမြစ်ထားတာ မရှိဘူး။ မွေးစားခံရတဲ့ မိန်းကလေးက အခုခြံထဲမှာ အတူနေတာပေါ့''

''အတူတော့ မနေဘူးပြောတယ်။ အိမ်ထောင်သည်ဖြစ်လို့ သီးခြားနေတယ်ပြောပါတယ်။ ခင်ပွန်းဖြစ်သူက ကားအက်ဆီးဒင့်ဖြစ်ပြီး ကွယ်လွန်သွားလို့ သမီးငယ်လေးတစ် ဦးနဲ့နေတယ်ပြောတယ်''

''လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်နေခဲ့လို့ အစ်ကိုကြီးဖြစ်သူက မွေးစား စာချုပ် ချုပ်ပေးလိုက်တာ ဖြစ်မှာပဲ''

''သူငယ်ချင်းရဲ့ ပြောစကားအရတော့ အခုလို စာချုပ်စာတမ်းနဲ့ မွေးစားလိုက်တာကို သူတို့လည်း မသိလိုက်ဘူး ပြောတယ်။ အခုမှ သိရတာလို့ ဆိုပါတယ်။ မိဘက သားသမီး မွေးစားတာကို လက်ရှိသားရင်း သမီးရင်းက သဘောမတူရင် ပျက် ပြယ်ပါသလား ဆရာ''

''မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ မှာတော့ မိဘများက သားသမီးမွေး စားခြင်းအပေါ် သားရင်းသမီးရင်းများမှ ကန့်ကွက်ခွင့်ရှိကြောင်း ပြဋ္ဌာန်း ထားတာမတွေ့ရပါဘူး။ ဒါကြောင့် မိဘများက သားသမီးမွေးစားခြင်းကို သားရင်း၊ သမီးရင်းများရဲ့ သဘောတူ ညီချက်ရဖို့ မလိုအပ်ပါဘူး''

''အသက် ၄ဝ ကျော်ခန့်ရှိတဲ့ သူကို သားသမီးအဖြစ် မွေးစားလို့ ရပါသလားဆရာ''

''ဒီနေရာမှာလည်း မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေမှာ အရွယ်ရောက်ပြီးသူအား မမွေးစားရလို့ တားမြစ် ပြဋ္ဌာန်းထားတာမရှိဘူး။ ဒါပေမယ့် အရွယ်ရောက်ပြီးသူကို မွေးစားရင်မွေးစားခံရသူရဲ့ သဘောတူညီမှုရှိမှ မွေးစားခွင့်ရှိမှာဖြစ်ပါတယ်။ အသက်အရွယ် ကန့်သတ်ချက်မရှိဘူး''

''ဒါဆိုရင် မွေးစားစာချုပ်က မပျက်ပြယ်တဲ့ သဘောပေါ့''

စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ပြုလုပ်ထားတဲ့ ကိတ္တိမမွေးစားစာချုပ် ဆိုရင်တော့ သားသမီးအရင်းများနဲ့ ညီတူညီမျှအမွေဝေစုရခွင့်ရှိမှာဖြစ် တယ်''

''နှစ်ဖက်ညှိလိုက်တော့ မွေးစား ခံရတဲ့ အဒေါ်ဖြစ်သူက သူ့ဝေစု ၂၅ ရာခိုင်နှုန်း (လေးပုံတစ်ပုံ) ကို မယူ တော့ဘဲ ၂ဝ ရာခိုင်နှုန်း (ငါးပုံတစ်ပုံ)ပဲယူမယ်။ စာချုပ်စာတမ်းပြုလုပ်ဖို့ အထွေထွေကုန်ကျစရိတ်ကို သားသမီးရင်းကပဲ ကျခံဖို့ ယာယီသဘော တူထားတယ် ပြောပါတယ်။ ကတိစာချုပ်ချုပ်ရင် ဆရာဆောင်ရွက်ပေး နိုင်မလားဆိုတာလည်း သူငယ်ချင်းက ပြောလိုက်ပါတယ်''

''မိဘတွေ ကွယ်လွန်ပြီး ကျန်ရှိတဲ့အမွေအပေါ် အမွေဆက်ခံသူအားလုံးက သဘောတူညီလျှင် အမွေပုံကို နှုတ်ဖြင့်ခွဲဝေနိုင်သည်ဟု တရား ရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးအောင် ညွန့်နှင့် မောင်အုန်းမြင့် ၁၉၈၁ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၂၁ မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အမွေဆက်ခံသူအား လုံးက သဘောတူအချိုးကျ ခွဲဝေယူကြမယ်ဆိုရင် တရားဝင်မှာ ဖြစ်ပါတယ်။ စာချုပ်စာတမ်း ချုပ်မယ်ဆို ရင် မိသားစု စီမံမှုကတိစာချုပ် ချုပ် ဆိုခွဲဝေလို့ရပါတယ်''

''ဟုတ်ကဲ့ပါ ဆရာ။ ဝယ်သူအနေနဲ့ ဘယ်လိုမှတ်ပုံတင် စာချုပ်ချုပ်ရမလဲ''

''ပထမအဆင့်အနေနဲ့ကတော့ အမွေဆက်ခံသူ ကိတ္တိမသားသမီးအပါအဝင် သားသမီးလေးဦးက ဖခင် အမည်ပေါက်မြေနဲ့အိမ်ကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြုလုပ်ရပါမယ်။ ပြီးမှ အမွေဆက်ခံသူ သားသမီးလေးဦးနဲ့ ကိုကျော်လင်းတို့ အရောင်းအဝယ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုရမှာ ဖြစ် ပါတယ်''

''ဟုတ်ကဲ့ ဆရာ၊ အခုမှပဲ စိတ်ထဲမှာ ရှင်းသွားတော့တယ်။ တရားဝင်ဝယ်လို့ ရပြီဆိုတော့ စာချုပ်စာ တမ်းကိစ္စအဝဝကို ဆရာပဲ ဆောင်ရွက်ပေးပါ''ဟု ပြောဆိုကာ ဆွေးနွေး ခကန်တော့သွားပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေ အတိုင်ပင်ခံ)

 

[Zawgyi]

ႏႈတ္ျဖင့္ အေမြခြဲေ၀ထားသည့္ အိမ္ႏွင့္ေျမကို ၀ယ္မည္ဆိုလွ်င္

႐ုံးခန္းသို႔ စာေရးသူေရာက္ သည့္အခါ မိတ္ေဆြတစ္ဦး၏သားျဖစ္သူ ကုိေက်ာ္လင္းကုိ ေတြ႔လုိက္ရသည္။

''ေရာက္ေနတာၾကာၿပီလား''ဟု စာေရးသူက ႏႈတ္ဆက္စကားဆုိပါသည္။

''မၾကာေသးပါဘူး ဆရာ''

''အေဖႀကီး ေနေကာင္းရဲ႕လား''

''ေကာင္းပါတယ္ အန္ကယ္။ အခုလည္း အေဖက လႊတ္လုိက္တာပါ''

''ဘယ္လုိ အေရးကိစၥရွိေနလို႔လဲ''

''ကြၽန္ေတာ့္အေနနဲ႔ ေျမတစ္ကြက္ဝယ္ဖုိ႔ စရန္ေငြေပးထားတယ္ဆရာ''

''ေျမကြက္ဆုိေတာ့ အိမ္ပါေသးလား''

''အိမ္ကေတာ့ တစ္ထပ္တုိက္ ေသးေသးပါပဲ။ ေလာေလာဆယ္ေတာ့ အိမ္ငွားေတြရွိေနတယ္''

''အိမ္ငွားေတြက ဖယ္ရွားေပးဖုိ႔ အဆင္မေျပလုိ႔လား''

''ဒီလုိမဟုတ္ဘူးဆရာ၊ အိမ္ငွားေတြကလည္း ဆင္းေပးမယ္။ ျပႆနာမရွိဘူး။ ေရာင္းမယ့္လူက ကြၽန္ေတာ့္ သူငယ္ခ်င္းျဖစ္ၿပီး ကြၽန္ေတာ္နဲ႔အတူ သေဘၤာတက္ေနတဲ့ သေဘၤာသားတစ္ေယာက္ပါ''

''ေျမကြက္က ဂရန္ေျမလား၊ အမည္ေပါက္က ဘယ္သူလဲ''

''ဂရန္ေျမျဖစ္ၿပီး သူငယ္ခ်င္းရဲ႕ ဖခင္အမည္ေပါက္ျဖစ္ပါတယ္''

''ေျမအမည္ေပါက္ ဖခင္က သက္ရွိထင္ရွားရွိတယ္ မဟုတ္လား''

''မရွိေတာ့ဘူးဆရာ။ ကြယ္လြန္သြားတာ တစ္ႏွစ္ေလာက္ရွိေနၿပီ။ မိခင္ကြယ္လြန္သြားတာေတာ့ ေလး၊ ငါးႏွစ္ ရွိၿပီထင္တယ္''

''သားသမီး ဘယ္ႏွေယာက္က်န္ခဲ့လဲ''

''သားသမီး သုံးဦးက်န္ခဲ့တယ္။ အငယ္ဆုံးက ၁ဝ တန္းေအာင္ထားၿပီး တကၠသုိလ္တက္ဖုိ႔ ေစာင့္ေနတယ္ ေျပာပါတယ္''

''ဒါဆုိရင္ အသက္ ၁၈ ႏွစ္ မျပည့္ေသးဘူးေပါ့''

''ဟုတ္ပါတယ္ ဆရာ၊ အေရာင္းအဝယ္ျဖစ္လုိ႔ အေရာင္းအဝယ္မွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္မယ္ဆုိရင္ အသက္ ၁၈ ႏွစ္မျပည့္ေသးသူက လက္မွတ္ထုိးလုိ႔ရပါသလား''

''အစ္ကိုႀကီးကပဲ အုပ္ထိန္းသူ အျဖစ္ လက္မွတ္ေရးထုိးရမွာေပါ့''

''အခုကိစၥက အေရာင္းအဝယ္ ကန္႔ကြက္တဲ့သူ ရွိလာလုိ႔ ဆရာ''

''ဘယ္က၊ ဘယ္လုိ ထြက္ေပၚလာတာလဲ''

''ကြၽန္ေတာ္က ကန္႔ကြက္ရန္ ရွိမရွိ ေၾကညာလုိက္ေတာ့ ကိတိၱမသမီးဆုိၿပီး ကန္႔ကြက္သူေပၚလာ လုိ႔''

''သူငယ္ခ်င္းရဲ႕ မိဘမ်ား သက္ရွိ ထင္ရွားရွိစဥ္က ေမြးစားတာလား''

''သူ႔အေမဆုံးၿပီး ေနာက္ပုိင္း သူ႔အေဖတစ္ဦးတည္းက ေမြးစားစာခ်ဳပ္နဲ႔ ေမြးစားတယ္လုိ႔ သိရတယ္။ သူက သေဘၤာတက္ေနေတာ့ ေမြးစားတဲ့ကိစၥ လုံးဝမသိလုိက္ဘူးေျပာတယ္''

''ေမြးစားခံရတဲ့သူနဲ႔ ဘယ္လုိ ဆက္စပ္မႈရွိတာလဲ''

''သူ႔အေဖရဲ႕ ညီမအငယ္ဆုံးလုိ႔ ေျပာပါတယ္''

''အသက္ဘယ္ေလာက္ကြာ တယ္လုိ႔ ေျပာသလဲ''

''သူ႔အေဖက အႀကီးဆုံးဆုိေတာ့ အသက္ ၁၈ ႏွစ္နီးပါးကြာတယ္လုိ႔ ေျပာပါတယ္။ ကြၽန္ေတာ္သိခ်င္တာက ေမာင္ႏွမအခ်င္းခ်င္း ျပန္ လည္ေမြးစားလုိ႔ရပါသလား ဆရာ''

''ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒမွာ ဗုဒၶဘာသာဝင္ကုိးကြယ္သူအေန ျဖင့္ ေမာင္ႏွမအခ်င္းခ်င္း ေမြးစားျခင္းမျပဳရလုိ႔ေတာ့ တားျမစ္ထားတာ မရွိဘူး။ ေမြးစားခံရတဲ့ မိန္းကေလးက အခုၿခံထဲမွာ အတူေနတာေပါ့''

''အတူေတာ့ မေနဘူးေျပာတယ္။ အိမ္ေထာင္သည္ျဖစ္လုိ႔ သီးျခားေနတယ္ေျပာပါတယ္။ ခင္ပြန္းျဖစ္သူက ကားအက္ဆီးဒင့္ျဖစ္ၿပီး ကြယ္လြန္သြားလုိ႔ သမီးငယ္ေလးတစ္ ဦးနဲ႔ေနတယ္ေျပာတယ္''

''လူမမယ္ကေလးတစ္ေယာက္နဲ႔ က်န္ေနခဲ့လုိ႔ အစ္ကိုႀကီးျဖစ္သူက ေမြးစား စာခ်ဳပ္ ခ်ဳပ္ေပးလုိက္တာ ျဖစ္မွာပဲ''

''သူငယ္ခ်င္းရဲ႕ ေျပာစကားအရေတာ့ အခုလုိ စာခ်ဳပ္စာတမ္းနဲ႔ ေမြးစားလုိက္တာကုိ သူတုိ႔လည္း မသိလုိက္ဘူး ေျပာတယ္။ အခုမွ သိရတာလုိ႔ ဆုိပါတယ္။ မိဘက သားသမီး ေမြးစားတာကို လက္ရွိသားရင္း သမီးရင္းက သေဘာမတူရင္ ပ်က္ ျပယ္ပါသလား ဆရာ''

''ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒ မွာေတာ့ မိဘမ်ားက သားသမီးေမြး စားျခင္းအေပၚ သားရင္းသမီးရင္းမ်ားမွ ကန္႔ကြက္ခြင့္ရွိေၾကာင္း ျပ႒ာန္း ထားတာမေတြ႔ရပါဘူး။ ဒါေၾကာင့္ မိဘမ်ားက သားသမီးေမြးစားျခင္းကို သားရင္း၊ သမီးရင္းမ်ားရဲ႕ သေဘာတူ ညီခ်က္ရဖုိ႔ မလုိအပ္ပါဘူး''

''အသက္ ၄ဝ ေက်ာ္ခန္႔ရွိတဲ့ သူကုိ သားသမီးအျဖစ္ ေမြးစားလုိ႔ ရပါသလားဆရာ''

''ဒီေနရာမွာလည္း ျမန္မာ့ဓေလ့ ထုံးတမ္းဥပေဒမွာ အရြယ္ေရာက္ၿပီးသူအား မေမြးစားရလုိ႔ တားျမစ္ ျပ႒ာန္းထားတာမရွိဘူး။ ဒါေပမယ့္ အရြယ္ေရာက္ၿပီးသူကို ေမြးစားရင္ေမြးစားခံရသူရဲ႕ သေဘာတူညီမႈရွိမွ ေမြးစားခြင့္ရွိမွာျဖစ္ပါတယ္။ အသက္အရြယ္ ကန္႔သတ္ခ်က္မရွိဘူး''

''ဒါဆုိရင္ ေမြးစားစာခ်ဳပ္က မပ်က္ျပယ္တဲ့ သေဘာေပါ့''

စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးမွာ ျပဳလုပ္ထားတဲ့ ကိတိၱမေမြးစားစာခ်ဳပ္ ဆုိရင္ေတာ့ သားသမီးအရင္းမ်ားနဲ႔ ညီတူညီမွ်အေမြေဝစုရခြင့္ရွိမွာျဖစ္ တယ္''

''ႏွစ္ဖက္ညိႇလုိက္ေတာ့ ေမြးစား ခံရတဲ့ အေဒၚျဖစ္သူက သူ႔ေဝစု ၂၅ ရာခုိင္ႏႈန္း (ေလးပုံတစ္ပုံ) ကို မယူ ေတာ့ဘဲ ၂ဝ ရာခုိင္ႏႈန္း (ငါးပုံတစ္ပုံ)ပဲယူမယ္။ စာခ်ဳပ္စာတမ္းျပဳလုပ္ဖုိ႔ အေထြေထြကုန္က်စရိတ္ကို သားသမီးရင္းကပဲ က်ခံဖုိ႔ ယာယီသေဘာ တူထားတယ္ ေျပာပါတယ္။ ကတိစာခ်ဳပ္ခ်ဳပ္ရင္ ဆရာေဆာင္ရြက္ေပး ႏုိင္မလားဆုိတာလည္း သူငယ္ခ်င္းက ေျပာလုိက္ပါတယ္''

''မိဘေတြ ကြယ္လြန္ၿပီး က်န္ရွိတဲ့အေမြအေပၚ အေမြဆက္ခံသူအားလုံးက သေဘာတူညီလွ်င္ အေမြပုံကုိ ႏႈတ္ျဖင့္ခြဲေဝႏုိင္သည္ဟု တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ဦးေအာင္ ၫြန္႔ႏွင့္ ေမာင္အုန္းျမင့္ ၁၉၈၁ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ ၁၂၁ မွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ အေမြဆက္ခံသူအားလုံးက သေဘာတူအခ်ဳိးက် ခြဲေဝယူၾကမယ္ဆုိရင္ တရားဝင္မွာ ျဖစ္ပါတယ္။ စာခ်ဳပ္စာတမ္းခ်ဳပ္မယ္ဆုိရင္ မိသားစု စီမံမႈကတိစာခ်ဳပ္ ခ်ဳပ္ ဆုိခြဲေဝလုိ႔ရပါတယ္''

''ဟုတ္ကဲ့ပါ ဆရာ။ ဝယ္သူအေနနဲ႔ ဘယ္လုိမွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္ရမလဲ''

''ပထမအဆင့္အေနနဲ႔ကေတာ့ အေမြဆက္ခံသူ ကိတိၱမသားသမီးအပါအဝင္ သားသမီးေလးဦးက ဖခင္ အမည္ေပါက္ေျမနဲ႔အိမ္ကို အေမြဆက္ခံပုိင္ဆုိင္ေၾကာင္း မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆုိျပဳလုပ္ရပါမယ္။ ၿပီးမွ အေမြဆက္ခံသူ သားသမီးေလးဦးနဲ႔ ကုိေက်ာ္လင္းတုိ႔ အေရာင္းအဝယ္ မွတ္ပုံတင္ စာခ်ဳပ္ ခ်ဳပ္ဆုိရမွာ ျဖစ္ ပါတယ္''

''ဟုတ္ကဲ့ ဆရာ၊ အခုမွပဲ စိတ္ထဲမွာ ရွင္းသြားေတာ့တယ္။ တရားဝင္ဝယ္လုိ႔ ရၿပီဆုိေတာ့ စာခ်ဳပ္စာ တမ္းကိစၥအဝဝကို ဆရာပဲ ေဆာင္ရြက္ေပးပါ''ဟု ေျပာဆုိကာ ေဆြးေႏြး ခကန္ေတာ့သြားပါေတာ့သည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒ အတုိင္ပင္ခံ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

Upcoming Property Events

119-mdy
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service