ရထားခရီးစဉ်အများစု ပြန်လည်ပြေးဆွဲပြီ - Property News in Myanmar from iMyanmarHouse.com
1519 Views

ရထားခရီးစဉ်အများစု ပြန်လည်ပြေးဆွဲပြီ

[Unicode]

ကိုဗစ်-၁၉ ကြောင့် ရပ်နားထားတဲ့ အမြန်ရထားတစ်ချို့ ပြန်လည်ပြေးဆွဲပေးနေပြီလို့ မြန်မာ့မီးရထားတိုင်းအမှတ်(၇) သွားလာပို့ဆောင်ရေးမန်နေဂျာ ဦးဇော်လွင်က ပြောပါတယ်။

ဒီနေ့မှာတော့ ရန်ကုန်-ပဲခူး၊ ရန်ကုန်-ရေး ရထားတွေကို ပြန်လည်ပြေးဆွဲပေးမှာဖြစ်ပြီး ရန်ကုန်ကနေထွက်တဲ့ ခရီးဝေး ရထား ၁၆စီးမှာ ၁၀စီးပြန်လည်ပြေးဆွဲပေးနေပြီလို့လည်း သိရပါတယ်။

ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည်၊ ရန်ကုန်-ဥက္ကံ၊ ရန်ကုန်-ပဲခူး၊ ကြည့်မြင့်တိုင်-ပြည် စတဲ့ရထားတွေ ပြန်လည်ပြေးဆွဲပေးနေတာပါ။

ရထားစီးခရီးသည် ပြန်ပြီးရှိလာတဲ့အတွက် အခုလို ပြေးဆွဲပေးတာလို့ ဦးဇော်လွင်က ပြောပါတယ်။

ရန်ကုန်-ပုဂံ၊ ကြည့်မြင်တိုင်-သာရဝေါစတဲ့ ရထားတွေတော့ ကျန်နေသေးပြီး ပြန်လည်ပြေးဆွဲဖို့က ကိုဗစ်အခြေနေပေါ် မူတည်တယ်လို့ ဦးဇော်လွင်ကပြောပါတယ်။

ရထားအချိန်စာရင်း အသေးစိတ်ကို သက်ဆိုင်ရာဘူတာတွေမှာ ကြေညာပေးသွားမယ်လို့လည်း သိရပါတယ်။ ထို့နောက် ယခုနှစ်အတွင်း အပြီးသတ်လုပ်ဆောင်မည့် ရထားလမ်းပြင်ဆင်မှု စီမံကိန်းကိုလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် ရပ်နားထားကြောင်း ၎င်းက ဆိုသည်။

"အဲ့ဒါတွေက လောလောဆယ်က အရှိန်အဟုန်နဲ့ အကုန် အရမ်းလုပ်လို့ မရဘူး။ သူ့နေရာနဲ့သူ လူစုလို့ မရတာတို့၊ ရန်ကုန်ဆိုရင်သတိထားပြီးတော့ ကျန်းမာရေးနဲ့အညီစစ်ဆေးမှုတွေလုပ်ပြီးမှစီးခွင့်ပြုတာ ။ သူက လုပ်ငန်းသဘာဝအရ လူစုရတာကို။ အဲ့တော့ လုပ်လို့ရတဲ့ နေရာတွေကိုတော့ ကျန်တဲ့တိုင်းက လုပ်နေပါတယ်"ဟု ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ပြီးခဲ့တဲ့ဧပြီနဲ့မေလတွေမှာရထားပြေးဆွဲမှု ခရီးစဉ်တချို့ ယာယီ ရပ်ဆိုင်းထားခဲ့ရတာတွေလည်းရှိပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာမှသာ ရထားစီးခွင့်ပြုထားတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ခရီးဝေးရထားစီးနင်းသူ ဦးရေ နှစ်ထောင်ကျော်လောက် ရှိတယ်လို့လည်း သိရပါတယ်။

ယခင် ကခရီးဝေးရထားစီးနင်းသူဟာ၅ထောင်ကျော်လောက်ရှိတာဖြစ်ပါတယ်။

ခရီးစဉ်တွေပြန်လည်ပြေးဆွဲခြင်းနှင့်အတူ ရထားလမ်း အဆင့်မြင့်တင်မှုများကိုလည်း လုပ်ဆောင်လျှက်ရှိတာပါ။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့် (၂) တောင်ငူ-မန္တလေး ရထားလမ်းပိုင်းအတွက် မြန်မာ့မီးရထားနှင့် Construction for Consultancy Services (CMC) တို့ စာချုပ်လက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့် (၁) ၏ ရန်ကုန်-ပဲခူးလမ်းပိုင်းနှင့် ရန်ကုန်မြို့ပတ် လမ်းပိုင်းတို့အား မြေပြင်တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ ထုတ်ပြန်ထားပါတယ်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]















 



Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Aung Theikdi Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service