ရန်ကုန်တိုင်းတွင် နိုင်ငံလေးခု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈) ခုကိုခွင့်ပြုမိန့်ပေး - Property News in Myanmar from iMyanmarHouse.com
829 Views

ရန်ကုန်တိုင်းတွင် နိုင်ငံလေးခု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈) ခုကိုခွင့်ပြုမိန့်ပေး

[Unicode]

နိုင်ငံလေးခုမှ ဒေါ်လာ ၂၄ သန်းခန့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈) ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ခွင့်ပြုပေးလိုက်ကြောင်း ထုတ်ပြန်သည်။

ထိုလုပ်ငန်းများသည် စက်မှုကဏ္ဍ နှင့် ဟိုတယ်ကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ်၊ Samoa နှင့် ဟောင်ကောင် တို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြစ်သည်ဟု ကော်မတီကဆိုသည်။

အတည်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် CMP စနစ်ဖြင့် ဆောင်ရွက်မည့် အိတ်၊ အဝတ်အထည်အမျိုးမျိုး၊ အားကစားသုံးပစ္စည်းအမျိုးမျိုး၊ ဦးထုပ်၊ သိုးမွှေးထည်များချုပ်လုပ်ခြင်း လုပ်ငန်းများ နှင့် ဟိုတယ် လုပ်ငန်းတို့ ပါဝင်သည်ဟုဆိုသည်။ ထိုလုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၆၀၀၀ခန့် ဖန်တီးပေး နိုင်မည်ဟုဆိုသည်။

ရန်ကုန်တိုင်းအစိုးရကလည်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁ ခုကို ဇွန် ၂၄ ရက်တွင် အတည်ပြုပေးခဲ့သည်ဟုဆိုသည်။ ထိုလုပ်ငန်းများသည် လက်ခစားစနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ထုတ်လုပ် ခြင်းလုပ်ငန်း၊ ဟင်းခတ်အမွှေးအကြိုင်များ သန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ခါးပတ်နှင့် အိတ် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း နှင့် Manufacturing of Bra Cup Underwear Mold for Local CMP Enterprise တို့ ပါဝင်သည်။

ရန်ကုန်တိုင်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် ဒေါ်လာ ၉ သန်းကျော်နှင့် ကျပ် ၂ဒသမ ၂ ဘီလီယံကျော်ဖိုးဖြစ်ပြီး အလုပ်အကိုင် ၃၀၀၀ကျော်ရရှိမည်ဟုဆိုသည်။

ထိုပြင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း ဇွန် ၁၈ ရက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၄ ခုကို ခွင့်ပြုပေးခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၇၃သန်းကျော်ဖိုးရှိသည်ဟုဆိုသည်။ ထိုလုပ်ငန်းများကို ကော်မရှင်က တိုက်ရိုက်ခွင့်ပြုခြင်းနှင့် အတည်ပြုပေးခြင်းက လုပ်ငန်း ၆ ခုနှင့် ရန်ကုန်တိုင်းက ၄ခု၊ စစ်ကိုင်းတိုင်းက ၁ ခု၊ ဧရာဝတီတိုင်းက ၁ခု၊ ကချင်ပြည်နယ်က တစ်ခု၊ မွန်ပြည်နယ်က တစ်ခုတို့ပါဝင်သည်။

ထိုနေ့တွင်လည်း ကျပ် ၇၁ ဘီလီယံတန် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉ ခုကိုလည်း ကော်မရှင်က ခွင့်ပြုပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုဘဏ္ဍာနှစ်အတွက် အောက်တိုဘာ ၁ ရက်မှ ဇွန် ၁၈ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံဖိုးဝင်ရောက်ထားသည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်သည်။ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လုပ်ငန်းပေါင်း ၈၇ခုမှ ကျပ် ဘီလီယံ ၁၁၀၀ကျော်ရင်းနှီးမြှုပ်နှံထားသည်ဟုဆို သည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္တိုင္းတြင္ ႏိုင္ငံေလးခု ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၈) ခုကိုခြင့္ျပဳမိန႔္ေပး

ႏိုင္ငံေလးခုမွ ေဒၚလာ ၂၄ သန္းခန႔္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၈) ခုကို ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မတီ ခြင့္ျပဳေပးလိုက္ေၾကာင္း ထုတ္ျပန္သည္။

ထိုလုပ္ငန္းမ်ားသည္ စက္မႈက႑ ႏွင့္ ဟိုတယ္က႑တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ဗီယက္နမ္၊ Samoa ႏွင့္ ေဟာင္ေကာင္ တို႔မွ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားျဖစ္သည္ဟု ေကာ္မတီကဆိုသည္။

အတည္ျပဳေပးခဲ့သည့္ လုပ္ငန္းမ်ားတြင္ CMP စနစ္ျဖင့္ ေဆာင္႐ြက္မည့္ အိတ္၊ အဝတ္အထည္အမ်ိဳးမ်ိဳး၊ အားကစားသုံးပစၥည္းအမ်ိဳးမ်ိဳး၊ ဦးထုပ္၊ သိုးေမႊးထည္မ်ားခ်ဳပ္လုပ္ျခင္း လုပ္ငန္းမ်ား ႏွင့္ ဟိုတယ္ လုပ္ငန္းတို႔ ပါဝင္သည္ဟုဆိုသည္။ ထိုလုပ္ငန္းမ်ားမွ ျပည္တြင္း အလုပ္အကိုင္အခြင့္အလမ္း ၆၀၀၀ခန႔္ ဖန္တီးေပး ႏိုင္မည္ဟုဆိုသည္။

ရန္ကုန္တိုင္းအစိုးရကလည္း တ႐ုတ္ႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္း ၃ခုႏွင့္ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္း ၁ ခုကို ဇြန္ ၂၄ ရက္တြင္ အတည္ျပဳေပးခဲ့သည္ဟုဆိုသည္။ ထိုလုပ္ငန္းမ်ားသည္ လက္ခစားစနစ္ျဖင့္ အဝတ္အထည္အမ်ိဳးမ်ိဳး ထုတ္လုပ္ ျခင္းလုပ္ငန္း၊ ဟင္းခတ္အေမႊးအႀကိဳင္မ်ား သန႔္စင္ထုတ္လုပ္ျခင္းလုပ္ငန္း၊ ခါးပတ္ႏွင့္ အိတ္ အမ်ိဳးမ်ိဳးခ်ဳပ္လုပ္ျခင္းလုပ္ငန္း ႏွင့္ Manufacturing of Bra Cup Underwear Mold for Local CMP Enterprise တို႔ ပါဝင္သည္။

ရန္ကုန္တိုင္းမွာ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားသည္ ေဒၚလာ ၉ သန္းေက်ာ္ႏွင့္ က်ပ္ ၂ဒသမ ၂ ဘီလီယံေက်ာ္ဖိုးျဖစ္ၿပီး အလုပ္အကိုင္ ၃၀၀၀ေက်ာ္ရရွိမည္ဟုဆိုသည္။

ထိုျပင္ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ကလည္း ဇြန္ ၁၈ ရက္တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ၁၄ ခုကို ခြင့္ျပဳေပးခဲ့ၿပီး စုစုေပါင္း ေဒၚလာ ၇၃သန္းေက်ာ္ဖိုးရွိသည္ဟုဆိုသည္။ ထိုလုပ္ငန္းမ်ားကို ေကာ္မရွင္က တိုက္႐ိုက္ခြင့္ျပဳျခင္းႏွင့္ အတည္ျပဳေပးျခင္းက လုပ္ငန္း ၆ ခုႏွင့္ ရန္ကုန္တိုင္းက ၄ခု၊ စစ္ကိုင္းတိုင္းက ၁ ခု၊ ဧရာ၀တီတိုင္းက ၁ခု၊ ကခ်င္ျပည္နယ္က တစ္ခု၊ မြန္ျပည္နယ္က တစ္ခုတို႔ပါဝင္သည္။

ထိုေန႔တြင္လည္း က်ပ္ ၇၁ ဘီလီယံတန္ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၉ ခုကိုလည္း ေကာ္မရွင္က ခြင့္ျပဳေပးခဲ့သည္။

ျမန္မာႏိုင္ငံတြင္ ယခုဘ႑ာႏွစ္အတြက္ ေအာက္တိုဘာ ၁ ရက္မွ ဇြန္ ၁၈ ရက္အထိ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ ၄ ဒသမ ၄ ဘီလီယံဖိုးဝင္ေရာက္ထားသည္ဟု ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ထုတ္ျပန္သည္။ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈအေနျဖင့္ လုပ္ငန္းေပါင္း ၈၇ခုမွ က်ပ္ ဘီလီယံ ၁၁၀၀ေက်ာ္ရင္းႏွီးျမႇဳပ္ႏွံထားသည္ဟုဆို သည္။

 

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service