အိမ်ခြံမြေ ဝယ်ယူရာတွင် ရောင်းချသူ၏ နိုင်ငံသားစိစစ်ရေးကတ်ကို တိုက်ဆိုင်စိစစ်ရန်လိုအပ်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
4288 Views

အိမ်ခြံမြေ ဝယ်ယူရာတွင် ရောင်းချသူ၏ နိုင်ငံသားစိစစ်ရေးကတ်ကို တိုက်ဆိုင်စိစစ်ရန်လိုအပ်ခြင်း

Knowledge | Posted by Shwe Zin Win

[Unicode]

ဝယ်ယူသူအနေဖြင့် ဖြစ်စေ ၊ အကျိုးဆောင်အနေဖြင့် ဖြစ်စေ ၊ အိမ်ခြံမြေ အရောင်းအဝယ် အရပ်စာချုပ်ရေးသားချုပ်ဆိုကြရာတွင် ပိုင်ရှင်ဖြစ်သူ ရောင်းချသူ၏အမည် မှတ်ပုံတင်လိပ်စာကို၎င်း၏ပြောပြချက်အရသာ ရေးသားဖော်ပြလေ့ရှိပြီး အဆိုပါ ပိုင်ရှင်ဖြစ်သူ ၊ ရောင်းချသူ၏အမည်နှင့် ၎င်းကိုင်ဆောင်သည့် မှတ်ပုံတင်ကို တိုက်ဆိုင်စိစစ်ရန် ဝန်လေးတတ် သတိမထားမိတတ် ဖြစ်တတ်ကြပါသည်။

များသောအားဖြင့် ရောင်းချသူ ၊ ပိုင်ဆိုင်သူ၏ အမည်နှင့်၎င်းမှတ်ပုံတင်ကိုတိုက်ဆိုင်စစ်ဆေးခြင်းမရှိဘဲ အိမ်ခြံမြေ အရောင်းအဝယ်စာချုပ် ရေးသားချုပ်ဆိုလေ့ ရှိကြပါသည် ။

ရောင်းသူနှင့်ဝယ်သူအချင်းချင်းသိကျွမ်းရင်းနှီးပြီးသား ဖြစ်လျှင်အကြောင်းမဟုတ်သော်လည်း ရင်းနှီးသိကျွမ်းသူများ မဟုတ်လျှင်အမှန်တကယ် ပိုင်ရှင်ဟုတ်၊ မဟုတ် သေချာစေရန်အတွက် ၎င်း၏ မှတ်ပုံတင်နှင့် တိုက်ဆိုင်စစ်ဆေးရန် လွန်စွာအရေးကြီးပေသည်။

ပိုင်ရှင်ဖြစ်သူ ၊ ရောင်းချသူအနေဖြင့်လည်း အမှန်တကယ်ပိုင်ဆိုင်သူဖြစ်ကြောင်း ဖော်ပြနိုင်ရန်အတွက် ဝန်လေးခြင်း ၊ စိတ်ကွက်ခြင်းမပြုဘဲဝတ္တရားအရ မိမိကိုင်ဆောင်သည့် မှတ်ပုံတင်ကို ပြသစိစစ်ခံရန် လိုအပ်ပါသည်။

တာဝန်ယူ ရေးသားချုပ်ဆိုပေးသူများအနေဖြင့် တာဝန်ကျေရန် အမှားအယွင်း ချို့ယွင်းမှုမရှိအောင် အထူးသတိပြုရမည့်အချက်ဖြစ်သကဲ့သို့ဝယ်သူအနေဖြင့်လည်း နစ်နာဆုံးရှုံးမှုမဖြစ်ပေါ ်စေရေးအတွက် သတိထားရမည့်အချက် ဖြစ်ပါသည်။

စာချုပ်စာတမ်းများမှာ အစစ်အမှန်များဖြစ်သော်လည်း တစ်ခါတစ်ရံအဆိုပါစာရွက်စာတမ်းများမှာ ခေတ္တပေါင်းနံှထား၍သော်လည်းကောင်း ၊ ယုံကြည်အပ်နှံခြင်းဖြင့် လည်းကောင်း အကြောင်းအမျိုးမျိုးဖြင့်တခြားတစ်စုံ တစ်ယောက်ထံ ရောက်ရှိနေတတ်ရာ စာချုပ်စာတမ်းအစစ်များပြတိုင်း ပိုင်ရှင်အစစ်အမှန်ဟု တစ်ထစ်ချမပြောနိုင်ပေ ။

တစ်စုံတစ်ယောက်က အဆိုပါစာရွက်စာတမ်း စာချုပ်စာတမ်းများရယူ၍ရယူ၍ ပိုင်ရှင်အစစ်အမှန်ဟန်ဆောင်ကာ လက်ညှိုးထိုး လမ်ညာရောင်းချခြင်းများရှိတတ်သဖြင့်စာချုပ်စာတမ်းအစစ်အမှန်များ ပြသသော်လည်း ရောင်းချသူသည် ပိုင်ရှင်အစစ်အမှန်ဟုတ်၊ မဟုတ် မှန်၊ မမှန် စိစစ်ရန် အထူးအရေးကြီးပေသည်။

အဆိုပါ ရောင်းချသူ၏မှတ်ပုံတင်ကို တောင်းယူစိစစ်ကြည့်ရန် လိုအပ်ပါကြောင်း ၊အရောင်းအဝယ်ညိနှိုင်းစဉ် အပြန်အလှန် သဘောတူညီမှုများ ဆွေးနွေးစဉ်ကပင် ကြိုတင်အသိပေး ပြောဆိုညှိနှိုင်းထားရန် လိုအပ်ပါသည်။ ဝယ်သူအနေဖြင့် အရောင်းအဝယ် စရန်မပေးချေမီတွင်ပင် အဆိုပါရောင်းချသူ၏မှတ်ပုံတင်စိစစ်ရန်ကိစ္စကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: Winningland

 

[Zawgyi]

အိမ္ၿခံေျမ ဝယ္ယူရာတြင္ ေရာင္းခ်သူ၏ ႏိုင္ငံသားစိစစ္ေရးကတ္ကို တိုက္ဆိုင္စိစစ္ရန္လိုအပ္ျခင္း

ဝယ္ယူသူအေနျဖင့္ ျဖစ္ေစ ၊ အက်ိဳးေဆာင္အေနျဖင့္ ျဖစ္ေစ ၊ အိမ္ၿခံေျမ အေရာင္းအဝယ္ အရပ္စာခ်ဳပ္ေရးသားခ်ဳပ္ဆိုၾကရာတြင္ ပိုင္ရွင္ျဖစ္သူ ေရာင္းခ်သူ၏အမည္ မွတ္ပုံတင္လိပ္စာကို၎၏ေျပာျပခ်က္အရသာ ေရးသားေဖာ္ျပေလ့ရွိၿပီး အဆိုပါ ပိုင္ရွင္ျဖစ္သူ ၊ ေရာင္းခ်သူ၏အမည္ႏွင့္ ၎ကိုင္ေဆာင္သည့္ မွတ္ပုံတင္ကို တိုက္ဆိုင္စိစစ္ရန္ ဝန္ေလးတတ္ သတိမထားမိတတ္ ျဖစ္တတ္ၾကပါသည္။

မ်ားေသာအားျဖင့္ ေရာင္းခ်သူ ၊ ပိုင္ဆိုင္သူ၏ အမည္ႏွင့္၎မွတ္ပုံတင္ကိုတိုက္ဆိုင္စစ္ေဆးျခင္းမရွိဘဲ အိမ္ၿခံေျမ အေရာင္းအဝယ္စာခ်ဳပ္ ေရးသားခ်ဳပ္ဆိုေလ့ ရွိၾကပါသည္ ။

ေရာင္းသူႏွင့္ဝယ္သူအခ်င္းခ်င္းသိကြၽမ္းရင္းႏွီးၿပီးသား ျဖစ္လွ်င္အေၾကာင္းမဟုတ္ေသာ္လည္း ရင္းႏွီးသိကြၽမ္းသူမ်ား မဟုတ္လွ်င္အမွန္တကယ္ ပိုင္ရွင္ဟုတ္၊ မဟုတ္ ေသခ်ာေစရန္အတြက္ ၎၏ မွတ္ပုံတင္ႏွင့္ တိုက္ဆိုင္စစ္ေဆးရန္ လြန္စြာအေရးႀကီးေပသည္။

ပိုင္ရွင္ျဖစ္သူ ၊ ေရာင္းခ်သူအေနျဖင့္လည္း အမွန္တကယ္ပိုင္ဆိုင္သူျဖစ္ေၾကာင္း ေဖာ္ျပႏိုင္ရန္အတြက္ ဝန္ေလးျခင္း ၊ စိတ္ကြက္ျခင္းမျပဳဘဲဝတၱရားအရ မိမိကိုင္ေဆာင္သည့္ မွတ္ပုံတင္ကို ျပသစိစစ္ခံရန္ လိုအပ္ပါသည္။

တာဝန္ယူ ေရးသားခ်ဳပ္ဆိုေပးသူမ်ားအေနျဖင့္ တာဝန္ေက်ရန္ အမွားအယြင္း ခ်ိဳ႕ယြင္းမႈမရွိေအာင္ အထူးသတိျပဳရမည့္အခ်က္ျဖစ္သကဲ့သို႔ဝယ္သူအေနျဖင့္လည္း နစ္နာဆုံးရႈံးမႈမျဖစ္ေပါ ္ေစေရးအတြက္ သတိထားရမည့္အခ်က္ ျဖစ္ပါသည္။

စာခ်ဳပ္စာတမ္းမ်ားမွာ အစစ္အမွန္မ်ားျဖစ္ေသာ္လည္း တစ္ခါတစ္ရံအဆိုပါစာ႐ြက္စာတမ္းမ်ားမွာ ေခတၱေပါင္းနံွထား၍ေသာ္လည္းေကာင္း ၊ ယုံၾကည္အပ္ႏွံျခင္းျဖင့္ လည္းေကာင္း အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္တျခားတစ္စုံ တစ္ေယာက္ထံ ေရာက္ရွိေနတတ္ရာ စာခ်ဳပ္စာတမ္းအစစ္မ်ားျပတိုင္း ပိုင္ရွင္အစစ္အမွန္ဟု တစ္ထစ္ခ်မေျပာႏိုင္ေပ ။

တစ္စုံတစ္ေယာက္က အဆိုပါစာ႐ြက္စာတမ္း စာခ်ဳပ္စာတမ္းမ်ားရယူ၍ရယူ၍ ပိုင္ရွင္အစစ္အမွန္ဟန္ေဆာင္ကာ လက္ညႇိဳးထိုး လမ္ညာေရာင္းခ်ျခင္းမ်ားရွိတတ္သျဖင့္စာခ်ဳပ္စာတမ္းအစစ္အမွန္မ်ား ျပသေသာ္လည္း ေရာင္းခ်သူသည္ ပိုင္ရွင္အစစ္အမွန္ဟုတ္၊ မဟုတ္ မွန္၊ မမွန္ စိစစ္ရန္ အထူးအေရးႀကီးေပသည္။

အဆိုပါ ေရာင္းခ်သူ၏မွတ္ပုံတင္ကို ေတာင္းယူစိစစ္ၾကည့္ရန္ လိုအပ္ပါေၾကာင္း ၊အေရာင္းအဝယ္ညိႏႈိင္းစဥ္ အျပန္အလွန္ သေဘာတူညီမႈမ်ား ေဆြးေႏြးစဥ္ကပင္ ႀကိဳတင္အသိေပး ေျပာဆိုညႇိႏႈိင္းထားရန္ လိုအပ္ပါသည္။ ဝယ္သူအေနျဖင့္ အေရာင္းအဝယ္ စရန္မေပးေခ်မီတြင္ပင္ အဆိုပါေရာင္းခ်သူ၏မွတ္ပုံတင္စိစစ္ရန္ကိစၥကို ေဆာင္႐ြက္ရန္ လိုအပ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Winningland

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service