ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရက်ချိန်းကို Online Booking စနစ်ကျင့်သုံးရန် အသိပေး - Property News in Myanmar from iMyanmarHouse.com
21225 Views

ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရက်ချိန်းကို Online Booking စနစ်ကျင့်သုံးရန် အသိပေး

[Unicode]

ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရက်ချိန်းကို Online Booking စနစ်ကျင့်သုံးရန် အသိပေး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနက ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

အဆိုပါ ညွှန်ကြားချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး (မန္တလေးတောင်) နှင့် ခရိုင်ရုံး (မန္တလေးမြောက်) တို့တွင် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရက်ချိန်းကို Online Booking စနစ်ကျင့်သုံးရန်ဖြစ်ပြီး အဆိုပါနေရာများတွင် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးစောင်ရေများပြားလာပြီး လုပ်ငန်းဆောင်ရွက်သည့်ပြည်သူများ အချိန်ကြာမြင့်စွာတန်းစီရခြင်း၊ ရုံးတွင်းယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်ခြင်းနှင့် ကိုဗစ်ကူးစက်မှုအန္တရာယ် လျော့နည်းစေရန်နှင့် ပြည်သူများသက်သာ အဆင်ပြေစေရန် အတွက် ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရက်ချိန်း ကြိုတင်စာရင်းပေးသွင်းသည့်စနစ် (Online Booking System) ကို ၆-၇-၂၀၂၀ ရက် (တနင်္လာ) နေ့မှစတင်၍ ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်းကြေညာချက်အရသိရသည်။

သက်တမ်းတိုးဆောင်ရွက်လိုသူများအနေဖြင့် သက်တမ်းတိုးလိုသည့်ရက်များကို ၃-၇-၂၀၂၀ (သောကြာနေ့)မှစတင်၍ www.rtad.gov.mm website တွင် အနည်းဆုံး(၁)ရက်မှ အများဆုံး(၃၀)ရက် ကြိုတင် Online Booking ရယူနိုင်ကြောင်းသိရသည်။

Online Booking အသုံးပြုရန်

www.motc.gov.mm,www.myanmarrtad.com,www.rtad.gov.mm website များနှင့် RTAD HQ Facebook တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းကြေညာချက်အရသိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]










 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service