COVID-19 အတွက် IMF က မြန်မာနိုင်ငံကို ဒုတိယအကြိမ်ချေးငွေ ဒေါ်လာ သန်း ၃၅၀ကျော်ပေး - Property News in Myanmar from iMyanmarHouse.com
931 Views

COVID-19 အတွက် IMF က မြန်မာနိုင်ငံကို ဒုတိယအကြိမ်ချေးငွေ ဒေါ်လာ သန်း ၃၅၀ကျော်ပေး

[Unicode]

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မြန်မာနိုင်ငံကို အရေးပေါ်ချေးငွေအဖြစ် ခေါင်းစဉ်နှစ်ခုအောက်မှ ဒေါ်လာသန်း ၃၅၀ ကျော် ချေးပေးရန် ဇွန်လ ၂၆ ရက်တွင် အတည်ပြုလိုက်ကြောင်း ထုတ်ပြန်သည်။

COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံ၏ ငွေကြေးလိုအပ်မှု ကို အထောက်အကူပြုရန်အတွက် ဖြစ်ပြီး ထိုချေးငွေများသည် မြန်မာအစိုးရ ဆောင်ရွက်နေသည့် ကျန်းမာရေးနှင့်လူမှုဘဝလုံခြုံရေးအတွက်ဖြစ်သည်ဟု IMF က ဆို သည်။

IMF ဒါရိုက်တာအဖွဲ့က Rapid Credit Facility (RCF) ခေါင်းစဉ်အောက်မှ မြန်မာနိုင်ငံ အတွက် ဒေါ်လာ ၁၁၈ သန်း ကျော်နှင့် Rapid Financing Instrument (RFI) ခေါင်းစဉ် အောက်မှ ဒေါ်လာ ၂၃၇ သန်းကို ထုတ်ချေးမည်ဖြစ်သည်။

Rapid Credit Facility ဆို သည်မှာ ဝင်ငွေနည်းတိုင်းပြည် များအတွက် ငွေကြေးဆိုင်ရာအ ထောက်အပံ့ဖြစ်သည်။ Rapid Financing Instrument (RFI)ဆိုသည်မှာ IMF အဖွဲ့ဝင်နိုင်ငံ များအတွက် အရေးပေါ်ဆိုင်ရာ ချေးငွေဖြစ်သည်။

‘‘ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံခြားကငွေပြန်လွှဲမှုတွေ သိသိသာသာ လျော့ကျတာနဲ့ကုန်စည်ထောက်ပံ့မှု ကွင်းဆက်တွေ အနှောင့်အယှက် ဖြစ်တာတွေနဲ့ အတူမြန်မာ့စီးပွားရေးဟာ COVID-19 ရောဂါပျံ့နှံ့မှုကြောင့် ထိခိုက်ခဲ့ပါတယ်’’ဟု IMF လက် ထောက်စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး မစ်ဆူဟီရိုဖာရူဆာဝါက ကြေညာချက် တစ်ရပ်၌ပြောကြား ထားသည်။

ယခုရန်ပုံငွေက COVID- 19 ကြောင့် ရိုက်ခတ်မှုများနှင့် ဆက်စပ်သော ဘဏ္ဍာရေး ထောက်ပံ့ရန် လိုအပ်ချက်များ အားဖြေရှင်းရေး မြန်မာကိုအထောက်အကူပြုမည်ဖြစ်ကာ ဖွံ့ဖြိုးရေးလက်တွဲဖော်များထံမှ အကူအညီများလည်း ရရှိစေမည်ဖြစ် ကြောင်း IMF ၏ကြေညာချက်တွင်ဖော်ပြထားသည်။

COVID-19 ရောဂါသည် မြန်မာ့စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်မည်ဖြစ်ပြီး အိမ်ထောင်စုနှင့် စီးပွားရေးလုပ်ငန်းများအလိုက် သက်ရောက်မည်ဟု ဆိုသည်။

နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် စိုက်ပျိုး ရေးလုပ်ငန်း၊ ပြည်ပအဝယ်ကျဆင်းသည့် အထည်ချုပ်နှင့် သဘာဝဓာတ်ငွေ့၊ ခရီးသွားလုပ်ငန်းအားနည်းလာခြင်းနှင့် ရင်းနှီးမြှုပ် နှံမှုလျော့ကျလာခြင်း စသည်တို့ ထိခိုက်မည်ဟုဆိုသည်။

ပြည်တွင်း ဝယ်လိုအား လျော့ကျလာခြင်းကလည်း စီးပွားရေးအပေါ် သက်ရောက်မှုကြီး လာမည်ဟုဆိုသည်။ အစိုးရက အခွန်ရရှိမှု နည်းလာခြင်းနှင့် အသုံးစရိတ်မြင့်မားလာခြင်းက နိုင်ငံပေါ် အကြွေးဝန်ပိလာမည် ဟုဆိုသည်။

ယင်းမှာကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုကိုဖြေရှင်းရေး IMF အမှုဆောင်ဘုတ်အဖွဲ့က ခွင့်ပြုခဲ့သည့် အရေးပေါ်ဘဏ္ဍာရေးအကူ အညီပေးရေး ၇၂ ကြိမ်မြောက်ပန်ကြားမှုဖြစ်သည်။

ယခုရန်ပုံငွေက မြန်မာအစိုးရကို ကျန်းမာရေးအသုံးစရိတ်တိုးမြှင့်သုံးစွဲနေစဉ် စီးပွားရေးလုပ်ငန်းများနှင့် လယ်သမားများအပြင် အထိခိုက်လွယ်ဆုံး ပြည်သူများထံသို့ အစားအစာဖြန့် ဖြူးခြင်းနှင့် ငွေသားလွှဲပို့ပေးရေးစီမံကိန်းများကို တိုးချဲ့ဆောင်ရွက်နိုင်အောင် အထောက်အကူပြုမည်ဖြစ်ကြောင်း IMF က ပြောကားသည်။

မြန်မာအာဏာပိုင်များ၏ တာဝန်ခံမှုနှင့်ပွင့်လင်းမြင်သာမှု ရှိစွာ ငွေကြေးသုံးစွဲမှုများရှိပါက ရေရှည်တွင် ဆက်လက်ကူညီ ထောက်ပံ့သွားမည်ဟု IMF က ဆိုသည်။

မြန်မာနိုင်ငံသည် IMF ထံမှ ချေးငွေ ဒေါ်လာသန်း ၇၀၀ ကို RCF နှင့် RFI ခေါင်းစဉ်အောက်မှ ပထမအကြိမ်ရရှိထားပြီး ထိုချေး ငွေများရယူရန်လည်း မေလတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 အတြက္ IMF က ျမန္မာႏိုင္ငံကို ​ဒုတိယအႀကိမ္ေခ်း​ေငြ ​ေဒၚလာ သန္း ၃၅၀​ေက်ာ္​​ေပး

အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) က ျမန္မာႏိုင္ငံကို အေရးေပၚေခ်းေငြအျဖစ္ ေခါင္းစဥ္ႏွစ္ခုေအာက္မွ ေဒၚလာသန္း ၃၅၀ ေက်ာ္ ေခ်းေပးရန္ ဇြန္လ ၂၆ ရက္တြင္ အတည္ျပဳလိုက္ေၾကာင္း ထုတ္ျပန္သည္။

COVID-19 ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံ၏ ေငြေၾကးလိုအပ္မႈ ကို အေထာက္အကူျပဳရန္အတြက္ ျဖစ္ၿပီး ထိုေခ်းေငြမ်ားသည္ ျမန္မာအစိုးရ ေဆာင္႐ြက္ေနသည့္ က်န္းမာေရးႏွင့္လူမႈဘဝလုံၿခဳံေရးအတြက္ျဖစ္သည္ဟု IMF က ဆို သည္။

IMF ဒါ႐ိုက္တာအဖြဲ႕က Rapid Credit Facility (RCF) ေခါင္းစဥ္ေအာက္မွ ျမန္မာႏိုင္ငံ အတြက္ ေဒၚလာ ၁၁၈ သန္း ေက်ာ္ႏွင့္ Rapid Financing Instrument (RFI) ေခါင္းစဥ္ ေအာက္မွ ေဒၚလာ ၂၃၇ သန္းကို ထုတ္ေခ်းမည္ျဖစ္သည္။

Rapid Credit Facility ဆို သည္မွာ ဝင္ေငြနည္းတိုင္းျပည္ မ်ားအတြက္ ေငြေၾကးဆိုင္ရာအ ေထာက္အပံ့ျဖစ္သည္။ Rapid Financing Instrument (RFI)ဆိုသည္မွာ IMF အဖြဲ႕ဝင္ႏိုင္ငံ မ်ားအတြက္ အေရးေပၚဆိုင္ရာ ေခ်းေငြျဖစ္သည္။

‘‘ကမာၻလွည့္ ခရီးသြားလုပ္ငန္းနဲ႔ ႏိုင္ငံျခားကေငြျပန္လႊဲမႈေတြ သိသိသာသာ ေလ်ာ့က်တာနဲ႔ကုန္စည္ေထာက္ပံ့မႈ ကြင္းဆက္ေတြ အေႏွာင့္အယွက္ ျဖစ္တာေတြနဲ႔ အတူျမန္မာ့စီးပြားေရးဟာ COVID-19 ေရာဂါပ်ံ႕ႏွံ႔မႈေၾကာင့္ ထိခိုက္ခဲ့ပါတယ္’’ဟု IMF လက္ ေထာက္စီမံခန႔္ခြဲေရး ၫႊန္ၾကားေရးမႉး မစ္ဆူဟီ႐ိုဖာ႐ူဆာဝါက ေၾကညာခ်က္ တစ္ရပ္၌ေျပာၾကား ထားသည္။

ယခုရန္ပုံေငြက COVID- 19 ေၾကာင့္ ႐ိုက္ခတ္မႈမ်ားႏွင့္ ဆက္စပ္ေသာ ဘ႑ာေရး ေထာက္ပံ့ရန္ လိုအပ္ခ်က္မ်ား အားေျဖရွင္းေရး ျမန္မာကိုအေထာက္အကူျပဳမည္ျဖစ္ကာ ဖြံ႕ျဖိဳးေရးလက္တြဲေဖာ္မ်ားထံမွ အကူအညီမ်ားလည္း ရရွိေစမည္ျဖစ္ ေၾကာင္း IMF ၏ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။

COVID-19 ေရာဂါသည္ ျမန္မာ့စီးပြားေရးကို ဆိုးဆိုး႐ြား႐ြား ထိခိုက္မည္ျဖစ္ၿပီး အိမ္ေထာင္စုႏွင့္ စီးပြားေရးလုပ္ငန္းမ်ားအလိုက္ သက္ေရာက္မည္ဟု ဆိုသည္။

ႏိုင္ငံ၏ အဓိကစီးပြားေရးလုပ္ငန္းတစ္ခုျဖစ္သည့္ စိုက္ပ်ိဳး ေရးလုပ္ငန္း၊ ျပည္ပအဝယ္က်ဆင္းသည့္ အထည္ခ်ဳပ္ႏွင့္ သဘာဝဓာတ္ေငြ႕၊ ခရီးသြားလုပ္ငန္းအားနည္းလာျခင္းႏွင့္ ရင္းႏွီးျမႇဳပ္ ႏွံမႈေလ်ာ့က်လာျခင္း စသည္တို႔ ထိခိုက္မည္ဟုဆိုသည္။

ျပည္တြင္း ဝယ္လိုအား ေလ်ာ့က်လာျခင္းကလည္း စီးပြားေရးအေပၚ သက္ေရာက္မႈႀကီး လာမည္ဟုဆိုသည္။ အစိုးရက အခြန္ရရွိမႈ နည္းလာျခင္းႏွင့္ အသုံးစရိတ္ျမင့္မားလာျခင္းက ႏိုင္ငံေပၚ အေႂကြးဝန္ပိလာမည္ ဟုဆိုသည္။

ယင္းမွာကမာၻ႔ကပ္ေရာဂါ၏ ႐ိုက္ခတ္မႈကိုေျဖရွင္းေရး IMF အမႈေဆာင္ဘုတ္အဖြဲ႕က ခြင့္ျပဳခဲ့သည့္ အေရးေပၚဘ႑ာေရးအကူ အညီေပးေရး ၇၂ ႀကိမ္ေျမာက္ပန္ၾကားမႈျဖစ္သည္။

ယခုရန္ပုံေငြက ျမန္မာအစိုးရကို က်န္းမာေရးအသုံးစရိတ္တိုးျမႇင့္သုံးစြဲေနစဥ္ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ လယ္သမားမ်ားအျပင္ အထိခိုက္လြယ္ဆုံး ျပည္သူမ်ားထံသို႔ အစားအစာျဖန႔္ ျဖဴးျခင္းႏွင့္ ေငြသားလႊဲပို႔ေပးေရးစီမံကိန္းမ်ားကို တိုးခ်ဲ႕ေဆာင္႐ြက္ႏိုင္ေအာင္ အေထာက္အကူျပဳမည္ျဖစ္ေၾကာင္း IMF က ေျပာကားသည္။

ျမန္မာအာဏာပိုင္မ်ား၏ တာဝန္ခံမႈႏွင့္ပြင့္လင္းျမင္သာမႈ ရွိစြာ ေငြေၾကးသုံးစြဲမႈမ်ားရွိပါက ေရရွည္တြင္ ဆက္လက္ကူညီ ေထာက္ပံ့သြားမည္ဟု IMF က ဆိုသည္။

ျမန္မာႏိုင္ငံသည္ IMF ထံမွ ေခ်းေငြ ေဒၚလာသန္း ၇၀၀ ကို RCF ႏွင့္ RFI ေခါင္းစဥ္ေအာက္မွ ပထမအႀကိမ္ရရွိထားၿပီး ထိုေခ်း ေငြမ်ားရယူရန္လည္း ေမလတြင္ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳၿပီးျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service