တရက်လျှင် ဒေါ်လာ ၃ ဒသမ ၈ သန်းဖြင့် သုံးရက်ဆက်တိုက် ပြင်ပပေါက်ဈေးမှ ဗဟိုဘဏ်ဝယ် - Property News in Myanmar from iMyanmarHouse.com
871 Views

တရက်လျှင် ဒေါ်လာ ၃ ဒသမ ၈ သန်းဖြင့် သုံးရက်ဆက်တိုက် ပြင်ပပေါက်ဈေးမှ ဗဟိုဘဏ်ဝယ်

[Unicode]

ဗဟိုဘဏ်က သုံးရက်ဆက်တိုက်ဒေါ်လာ ၁၁ သန်းကျော်ကို ဝယ်သော်လည်း ပြည်တွင်းဒေါ်လာဈေး ဆက်လက်ကျဆင်းနေကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှာ သိရသည်။

ဗဟိုဘဏ် ဇွန် ၂၂ ရက်မှ ၂၅ ရက်အထိ တရက်လျှင် ဒေါ်လာ ၃ ဒသမ ၈ သန်းဝယ်ယူခဲ့ပြီးသော်လည်း တစ်ဒေါ်လာလျှင် ကျပ် ၁၃၉၅ အောက်တွင်သာ ပေါက်ဈေးရှိနေသည်။

ဗဟိုဘဏ်က ဇွန် ၁ ရက်မှ ၂၂ ရက်အတွင်း ဒေါ်လာ ၂၂ သန်းကျော် ပြည်ပဈေးကွက်မှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းကို ဝယ်သော်လည်း ပြည်တွင်းငွေ ကြေးဈေးကွက်တွင် ဇွန်လ ၂၂ ရက်က တစ်ဒေါ်လာ ၁,၃၉၂ ကျပ်သို့ ဈေးကျဆင်းလာသည်။ထိုနှုန်းသည် သင်္ကြန်ပြီးကာလတွင် အနိမ့်ဆုံးနှုန်းတခုဖြစ်ခဲ့သည်။

သွင်းကုန်အတွက် ပြည်ပသို့ ငွေလွှဲမှုများ လျော့နည်းခြင်း၊ ပြည်တွင်းလူသုံးကုန်ဝယ်လိုအားနည်းခြင်းနှင့် နိုင်ငံတကာ ဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးက အားပျော့နေခြင်းကလည်း ပြည်တွင်းဈေးကွက်တွင် ဒေါ်လာတန်ဖိုး လျော့ကျစေသည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့ကပြောသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာတန်ဖိုးကျဆင်းခြင်းက ပို့ကုန်လုပ်ငန်းရှင်များအတွက် အကျိုးအမြတ် လျော့နည်းစေသော်လည်း သွင်းကုန်လုပ်ငန်းရှင်များကို အခွင့်အလမ်းများ ရေတိုကာလတွင် ရရှိစေသည်။

ဗဟိုဘဏ်က ဈေးကွက်အတွင်းမှ ဒေါ်လာဝယ်ခြင်းသည် ငွေကြေးဈေးကွက် တည်ငြိမ်မှုရရှိအောင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု အစိုးရ၏ စတုတ္ထတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲတွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးစိုးမင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်လယ်ပိုင်းမှ စတင်၍ ၂ နှစ်နီးပါး ကျပ် ၁၅၀၀ ကျော်ဖြင့် ရှိနေသော အမေရိကန် ဒေါ်လာ ဈေးနှုန်းသည် မတ်လ ၄ ရက်နေ့တွင် ကျပ် ၁၃၉၀ ဝန်းကျင်သို့ ကျဆင်းလာသည်။

ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ၏ မတ်လ ၄ ရက်နေ့ အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းသည် ၁ ဒေါ်လာလျှင် ဝယ်ဈေး ကျပ် ၁၃၉၀ ဝန်းကျင်နှင့် ရောင်းဈေး ကျပ် ၁၄၁၀ ဝန်းကျင်ရှိပြီး ပုဂ္ဂလိက ငွေလဲကောင်တာများ၏ ဝယ်ဈေးသည် ၁၃၉၅ ကျပ် ဝန်းကျင်နှင့် ရောင်းဈေး ၁၄၀၇ ကျပ် ဝန်းကျင်အထိ ရှိနေသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) စတင်ဖြစ်ပွားနေသော ဇန်နဝါရီလ အစပိုင်းတွင် ပြည်တွင်း၌ အမေရိကန် ဒေါ်လာလဲလှယ်နှုန်းသည် ၁ ဒေါ်လာလျှင် ၁၄၆၀ မှ ၁၄၇၂ ကျပ် ဝန်းကျင် ရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော် အထိ ဗိုင်းရပ်စ် ပျံ့နှံ့နေပြီ ဖြစ်သည့် မတ်လအတွင်း၌ အမေရိကန် ဒေါ်လာလဲလှယ်နှုန်းသည် ၁ ဒေါ်လာ လျှင် ကျပ် ၁၄၀၀ အောက်သို့ ကျဆင်း လာနေခြင်း ဖြစ်သည်။ထိုနောက်ဒေါ်လာဈေးအနည်းငယ် ပြန်တက်ခဲ့ပြီး တစ်ဒေါ်လာ ၁၄၀၀ကျော်ဝန်းကျင်ရှိနေခဲ့သည်။

ပြည်တွင်း အမေရိကန် ဒေါ်လာဈေးသည် ၂၀၁၉ ခု နှစ်ကုန်ပိုင်းမှ စတင်၍ ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုနှင့်အတူ တဖြည်းဖြည်း ကျဆင်းလာလျက်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် တရုတ်နိုင်ငံနှင့် ချိတ်ဆက် လုပ်ကိုင်သော ကမ္ဘာ့ ကုန်သွယ်ရေး နှေးကွေးသွားခြင်းကြောင့် ဒေါ်လာဈေး ဆက်လက် ကျဆင်းသွားခြင်းဖြစ်ကြောင်း ဘဏ်လုပ်ငန်း ပညာရှင်များ နှင့် စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တရက္လွ်င္ ေဒၚလာ ၃ ဒသမ ၈ သန္းျဖင့္ သုံးရက္ဆက္တိုက္ ျပင္ပေပါက္ေဈးမွ ဗဟိုဘဏ္ဝယ္

ဗဟိုဘဏ္က သုံးရက္ဆက္တိုက္ေဒၚလာ ၁၁ သန္းေက်ာ္ကို ဝယ္ေသာ္လည္း ျပည္တြင္းေဒၚလာေဈး ဆက္လက္က်ဆင္းေနေၾကာင္း ျပည္တြင္းေဈးကြက္အတြင္းမွာ သိရသည္။

ဗဟိုဘဏ္ ဇြန္ ၂၂ ရက္မွ ၂၅ ရက္အထိ တရက္လွ်င္ ေဒၚလာ ၃ ဒသမ ၈ သန္းဝယ္ယူခဲ့ၿပီးေသာ္လည္း တစ္ေဒၚလာလွ်င္ က်ပ္ ၁၃၉၅ ေအာက္တြင္သာ ေပါက္ေဈးရွိေနသည္။

ဗဟိုဘဏ္က ဇြန္ ၁ ရက္မွ ၂၂ ရက္္အတြင္း ေဒၚလာ ၂၂ သန္းေက်ာ္ ျပည္ပေဈးကြက္မွ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ဗဟိုဘဏ္က အေမရိကန္ေဒၚလာ ၃ ဒသမ ၈ သန္းကို ဝယ္ေသာ္လည္း ျပည္တြင္းေငြ ေၾကးေဈးကြက္တြင္ ဇြန္လ ၂၂ ရက္က တစ္ေဒၚလာ ၁,၃၉၂ က်ပ္သို႔ ေဈးက်ဆင္းလာသည္။ထိုႏႈန္းသည္ သၾကၤန္ၿပီးကာလတြင္ အနိမ့္ဆုံးႏႈန္းတခုျဖစ္ခဲ့သည္။

သြင္းကုန္အတြက္ ျပည္ပသို႔ ေငြလႊဲမႈမ်ား ေလ်ာ့နည္းျခင္း၊ ျပည္တြင္းလူသုံးကုန္ဝယ္လိုအားနည္းျခင္းႏွင့္ ႏိုင္ငံတကာ ေဈးကြက္တြင္ အေမရိကန္ေဒၚလာတန္ဖိုးက အားေပ်ာ့ေနျခင္းကလည္း ျပည္တြင္းေဈးကြက္တြင္ ေဒၚလာတန္ဖိုး ေလ်ာ့က်ေစသည္ဟု စီးပြားေရးလုပ္ငန္းရွင္ အခ်ိဳ႕ကေျပာသည္။

ျမန္မာႏိုင္ငံတြင္ ေဒၚလာတန္ဖိုးက်ဆင္းျခင္းက ပို႔ကုန္လုပ္ငန္းရွင္မ်ားအတြက္ အက်ိဳးအျမတ္ ေလ်ာ့နည္းေစေသာ္လည္း သြင္းကုန္လုပ္ငန္းရွင္မ်ားကို အခြင့္အလမ္းမ်ား ေရတိုကာလတြင္ ရရွိေစသည္။

ဗဟိုဘဏ္က ေဈးကြက္အတြင္းမွ ေဒၚလာဝယ္ျခင္းသည္ ေငြေၾကးေဈးကြက္ တည္ၿငိမ္မႈရရွိေအာင္ ေဆာင္႐ြက္ျခင္းျဖစ္သည္ဟု အစိုးရ၏ စတုတၳတစ္ႏွစ္တာ သတင္းစာရွင္းလင္းပြဲတြင္ ဗဟိုဘဏ္ ဒုတိယဥကၠ႒ဦးစိုးမင္းက ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၈ ခု ႏွစ္လယ္ပိုင္းမွ စတင္၍ ၂ ႏွစ္နီးပါး က်ပ္ ၁၅၀၀ ေက်ာ္ျဖင့္ ရွိေနေသာ အေမရိကန္ ေဒၚလာ ေဈးႏႈန္းသည္ မတ္လ ၄ ရက္ေန႔တြင္ က်ပ္ ၁၃၉၀ ဝန္းက်င္သို႔ က်ဆင္းလာသည္။

ျပည္တြင္း ပုဂၢလိက ဘဏ္မ်ား၏ မတ္လ ၄ ရက္ေန႔ အေမရိကန္ ေဒၚလာ လဲလွယ္ႏႈန္းသည္ ၁ ေဒၚလာလွ်င္ ဝယ္ေဈး က်ပ္ ၁၃၉၀ ဝန္းက်င္ႏွင့္ ေရာင္းေဈး က်ပ္ ၁၄၁၀ ဝန္းက်င္ရွိၿပီး ပုဂၢလိက ေငြလဲေကာင္တာမ်ား၏ ဝယ္ေဈးသည္ ၁၃၉၅ က်ပ္ ဝန္းက်င္ႏွင့္ ေရာင္းေဈး ၁၄၀၇ က်ပ္ ဝန္းက်င္အထိ ရွိေနသည္။

တ႐ုတ္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ (COVID-19) စတင္ျဖစ္ပြားေနေသာ ဇန္နဝါရီလ အစပိုင္းတြင္ ျပည္တြင္း၌ အေမရိကန္ ေဒၚလာလဲလွယ္ႏႈန္းသည္ ၁ ေဒၚလာလွ်င္ ၁၄၆၀ မွ ၁၄၇၂ က်ပ္ ဝန္းက်င္ ရွိခဲ့ၿပီး ကမာၻ႔ႏိုင္ငံေပါင္း ၇၀ ေက်ာ္ အထိ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ေနၿပီ ျဖစ္သည့္ မတ္လအတြင္း၌ အေမရိကန္ ေဒၚလာလဲလွယ္ႏႈန္းသည္ ၁ ေဒၚလာ လွ်င္ က်ပ္ ၁၄၀၀ ေအာက္သို႔ က်ဆင္း လာေနျခင္း ျဖစ္သည္။ထိုေနာက္ေဒၚလာေဈးအနည္းငယ္ ျပန္တက္ခဲ့ၿပီး တစ္ေဒၚလာ ၁၄၀၀ေက်ာ္ဝန္းက်င္ရွိေနခဲ့သည္။

ျပည္တြင္း အေမရိကန္ ေဒၚလာေဈးသည္ ၂၀၁၉ ခု ႏွစ္ကုန္ပိုင္းမွ စတင္၍ ကမာၻ႔ စီးပြားေရး က်ဆင္းမႈႏွင့္အတူ တျဖည္းျဖည္း က်ဆင္းလာလ်က္ရွိသည္။ ကို႐ိုနာဗိုင္းရပ္စ္ ဂယက္ေၾကာင့္ တ႐ုတ္ႏိုင္ငံႏွင့္ ခ်ိတ္ဆက္ လုပ္ကိုင္ေသာ ကမာၻ႔ ကုန္သြယ္ေရး ေႏွးေကြးသြားျခင္းေၾကာင့္ ေဒၚလာေဈး ဆက္လက္ က်ဆင္းသြားျခင္းျဖစ္ေၾကာင္း ဘဏ္လုပ္ငန္း ပညာရွင္မ်ား ႏွင့္ စီးပြားေရး လုပ္ငန္းရွင္မ်ားက ေျပာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Innwa Pyae Sone Residence
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service