ရန်ကုန်မိုးပျံလမ်းစီမံကိန်း အဆိုပြုလွှာ နောက်ဆုံးတင်သွင်းရမည့်ရက်ကို နှစ်လထပ်တိုးသတ်မှတ်ပေး - Property News in Myanmar from iMyanmarHouse.com
809 Views

ရန်ကုန်မိုးပျံလမ်းစီမံကိန်း အဆိုပြုလွှာ နောက်ဆုံးတင်သွင်းရမည့်ရက်ကို နှစ်လထပ်တိုးသတ်မှတ်ပေး

[Unicode]

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း ၁ အဆိုပြုလွှာ နောက်ဆုံးသတ်မှတ်တင်သွင်းရမည့်ရက် ကို စက်တင်ဘာ ၁ ရက်နေ့အထိ ထပ်တိုးလက်ခံပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိ Covid-19 ဖြစ်ပွားမှုများကြောင့် အကြိုအရည်အချင်းစစ်အောင်မြင်ထားသည့် ကုမ္ပဏီများ pre-quslified bidders အနေဖြင့် စီမံကိန်းအဆိုပြုလွှာတင်သွင်းမှု ပိုမိုအဆင်ပြေစေရန် ယခုကဲ့သို့ ထပ်တိုးလက်ခံပေးခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။အဆိုပါ အကြိုအရည်အချင်းစစ်အောင်မြင်ထားသည့် ကုမ္ပဏီများ pre-quslified bidders စီမံကိန်းအဆိုပြုလွှာတင်သွင်းမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်မှ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားတင်ပြရာမှ Covid-19 ဖြစ်ပွားမှုများကြောင့် ဒုတိယအကြိမ် ဇွန်လ ၃၀ ရက်နှင့် တတိယအကြိမ် စက်တင်ဘာ ၁ ရက်နေ့အထိ တိုးမြှင့်လက်ခံခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း ဆောင်ရွက်မှုများကို လမ်းဖော်ဆောင်သွားမည့် မြို့နယ်များအလိုက် ပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးဖြစ်ပြီး အဆိုပါလမ်းစီမံကိန်းကို (PPP) Public private partnership အနေဖြင့် ဆောက်လုပ်သွားမည်ဖြစ်သည်။ယင်းမိုးပျံစီမံကိန်း အပိုင်း ၁ သည် အစိုးရ၏ ဦးစားပေးစီမံကိန်းတွင်ပါဝင်ပြီး အရှည် ၂ ဒသမ ၇ ကီလိုမီတာရှည်သည့် ၎င်းစီမံကိန်းသည် ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေလျော့ပေးနိုင်မည့် စီမံကိန်းတစ်ခုကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မိုးပျံရထားလမ်းကို ထိုင်းနှင့်အင်ဒိုနီးရှားနိုင်ငံတို့မှ မိုးပျံရထားလမ်းပုံစံများအပေါ် အခြေပြုပြီး တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။မြေတိုင်းတာခြင်းနဲ့ ဒီဇိုင်းဆွဲခြင်းများအတွက် ၂၀၂၂ နှစ်ကုန်ကာနီးအထိ ဆောင်ရွက်သွားမည်ဟုသိရသည်။မိုးပျံရထားလမ်း တည်ဆောက်ရေးမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အသိုင်းအဝန်းအပေါ် သက်ရောက်ထိခိုက်မှု အနည်းဆုံးဖြစ်အောင်စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၇ မကုန်ခင် ပြီးစီးရန်ရည်မှန်းထားကြောင်းလည်း သိရသည်။

ရန်ကုန် မိုးပျံအမြန်လမ်း စီမံကိန်းသည် ဗိုလ်တထောင်ဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်မှ စတင်၍ ဗိုလ်တထောင်ဘုရားလမ်း၊ ဗိုလ်ချုပ်လမ်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာ၊ ခရေပင်လမ်း၊ အောက်မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်လမ်း၊ ကြည်မြင့်တိုင်လမ်းတို့ကို ဖြတ်သန်းပြီးနောက် ပန်းလှိုင်လမ်းထောင့်တွင် အဆုံးသတ်မည့် အရှည် ၄၇ ကီလိုမီတာခန့် ရှိသော စီမံကိန်းတစ်ခုဖြစ်သည်။

ယင်းစီမံကိန်းအတွက် EOI လျှောက်လွှာများကို ၂၀၁၈ ခုနှစ် မေလအတွင်းက စတင်ခေါ်ယူခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ ကုမ္ပဏီ စုစုပေါင်း ၅၃ ခုမှ စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ EOI တင်ပြခဲ့ပြီး အစိုးရမှ ကုမ္ပဏီ ၁၀ ခုကို ရွေးချယ်ခဲ့ပြီးဖြစ်သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္မိုးပ်ံလမ္းစီမံကိန္း အဆိုျပဳလႊာ ေနာက္ဆုံးတင္သြင္းရမည့္ရက္ကို ႏွစ္လထပ္တိုးသတ္မွတ္ေပး

ရန္ကုန္မိုးပ်ံအျမန္လမ္းစီမံကိန္း အပိုင္း ၁ အဆိုျပဳလႊာ ေနာက္ဆုံးသတ္မွတ္တင္သြင္းရမည့္ရက္ ကို စက္တင္ဘာ ၁ ရက္ေန႔အထိ ထပ္တိုးလက္ခံေပးသြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနထံမွ သိရသည္။

လက္ရွိ Covid-19 ျဖစ္ပြားမႈမ်ားေၾကာင့္ အႀကိဳအရည္အခ်င္းစစ္ေအာင္ျမင္ထားသည့္ ကုမၸဏီမ်ား pre-quslified bidders အေနျဖင့္ စီမံကိန္းအဆိုျပဳလႊာတင္သြင္းမႈ ပိုမိုအဆင္ေျပေစရန္ ယခုကဲ့သို႔ ထပ္တိုးလက္ခံေပးျခင္းျဖစ္ေၾကာင္း ယင္းဝန္ႀကီးဌာနထံမွ သိရသည္။အဆိုပါ အႀကိဳအရည္အခ်င္းစစ္ေအာင္ျမင္ထားသည့္ ကုမၸဏီမ်ား pre-quslified bidders စီမံကိန္းအဆိုျပဳလႊာတင္သြင္းမႈကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနဘက္မွ မတ္လ ၃၁ ရက္ေန႔ ေနာက္ဆုံးထားတင္ျပရာမွ Covid-19 ျဖစ္ပြားမႈမ်ားေၾကာင့္ ဒုတိယအႀကိမ္ ဇြန္လ ၃၀ ရက္ႏွင့္ တတိယအႀကိမ္ စက္တင္ဘာ ၁ ရက္ေန႔အထိ တိုးျမႇင့္လက္ခံခဲ့ျခင္းျဖစ္သည္။

ရန္ကုန္မိုးပ်ံအျမန္လမ္းစီမံကိန္း ေဆာင္႐ြက္မႈမ်ားကို လမ္းေဖာ္ေဆာင္သြားမည့္ ၿမိဳ႕နယ္မ်ားအလိုက္ ပညာေပးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ၿပီးျဖစ္ၿပီး အဆိုပါလမ္းစီမံကိန္းကို (PPP) Public private partnership အေနျဖင့္ ေဆာက္လုပ္သြားမည္ျဖစ္သည္။ယင္းမိုးပ်ံစီမံကိန္း အပိုင္း ၁ သည္ အစိုးရ၏ ဦးစားေပးစီမံကိန္းတြင္ပါဝင္ၿပီး အရွည္ ၂ ဒသမ ၇ ကီလိုမီတာရွည္သည့္ ၎စီမံကိန္းသည္ ရန္ကုန္ၿမိဳ႕တြင္း ယာဥ္ေၾကာပိတ္ဆို႔မႈမ်ားကို ေျဖေလ်ာ့ေပးႏိုင္မည့္ စီမံကိန္းတစ္ခုေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနထံမွ သိရသည္။

မိုးပ်ံရထားလမ္းကို ထိုင္းႏွင့္အင္ဒိုနီးရွားႏိုင္ငံတို႔မွ မိုးပ်ံရထားလမ္းပုံစံမ်ားအေပၚ အေျချပဳၿပီး တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။ေျမတိုင္းတာျခင္းနဲ႔ ဒီဇိုင္းဆြဲျခင္းမ်ားအတြက္ ၂၀၂၂ ႏွစ္ကုန္ကာနီးအထိ ေဆာင္႐ြက္သြားမည္ဟုသိရသည္။မိုးပ်ံရထားလမ္း တည္ေဆာက္ေရးမွာ သဘာဝပတ္ဝန္းက်င္နဲ႔ လူ႔အသိုင္းအဝန္းအေပၚ သက္ေရာက္ထိခိုက္မႈ အနည္းဆုံးျဖစ္ေအာင္စီမံေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ၂၀၂၇ မကုန္ခင္ ၿပီးစီးရန္ရည္မွန္းထားေၾကာင္းလည္း သိရသည္။

ရန္ကုန္ မိုးပ်ံအျမန္လမ္း စီမံကိန္းသည္ ဗိုလ္တေထာင္ဘုရားလမ္းႏွင့္ ကမ္းနားလမ္းေထာင့္မွ စတင္၍ ဗိုလ္တေထာင္ဘုရားလမ္း၊ ဗိုလ္ခ်ဳပ္လမ္း၊ ပုဇြန္ေတာင္၊ ေျမာက္ဥကၠလာ၊ ခေရပင္လမ္း၊ ေအာက္မဂၤလာဒုံလမ္း၊ ဘုရင့္ေနာင္လမ္း၊ ၾကည္ျမင့္တိုင္လမ္းတို႔ကို ျဖတ္သန္းၿပီးေနာက္ ပန္းလႈိင္လမ္းေထာင့္တြင္ အဆုံးသတ္မည့္ အရွည္ ၄၇ ကီလိုမီတာခန႔္ ရွိေသာ စီမံကိန္းတစ္ခုျဖစ္သည္။

ယင္းစီမံကိန္းအတြက္ EOI ေလွ်ာက္လႊာမ်ားကို ၂၀၁၈ ခုႏွစ္ ေမလအတြင္းက စတင္ေခၚယူခဲ့ၿပီး ျပည္တြင္းႏွင့္ ႏိုင္ငံတကာ ကုမၸဏီ စုစုေပါင္း ၅၃ ခုမွ စိတ္ဝင္စားမႈေဖာ္ျပျခင္း ေလွ်ာက္လႊာ EOI တင္ျပခဲ့ၿပီး အစိုးရမွ ကုမၸဏီ ၁၀ ခုကို ေရြးခ်ယ္ခဲ့ၿပီးျဖစ္သည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service