Covid-19 ကာလအတွင်း နေပြည်တော် အိမ်၊ ခြံ၊ မြေများ ယခင်ထက်ပိုမိုအရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
1351 Views

Covid-19 ကာလအတွင်း နေပြည်တော် အိမ်၊ ခြံ၊ မြေများ ယခင်ထက်ပိုမိုအရောင်းအဝယ်ဖြစ်

[Unicode]

Covid-19 ကာလအတွင်း အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်များ နေရာအချို့တွင် အတန်ငယ်အေးနေသော်လည်း နေပြည်တော် တွင် ယခင်ကထက် အရောင်းအဝယ်များ ပိုမိုဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း(နေပြည်တော်)ထံမှ သိရသည်။

“ နေပြည်တော်က ဒုတိယ မေမြို့လိုဖြစ်နေတယ်။ ဘယ်နေရာသွားသွား အချက်အချာကျတယ်၊ လမ်းတွေကလည်းကောင်းပြီး လုံခြုံရေးအပြည့်အဝရှိသလို မြို့ကြီးအဖြစ် ရန်ကုန်၊ မန္တလေးတို့လို့ ကျောင်းတွေ၊ တက္ကသိုလ်ကြီးတွေ ဖွင့်လာတော့ အဝယ်အရမ်းဖြစ်တယ်”ဟု မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း(နေပြည်တော်)မှ ဒုတိယဥက္ကဌ (၂) ဦးနန္ဒကျော်မှ ပြောသည်။

လက်ရှိ နေပြည်တော်ရှိ အိမ်၊ ခြံ၊မြေ ဈေးနှုန်းများမှ ပေ ၄၀၊ ပေ ၆၀ တစ်ကွက်လျှင်ကျပ် သိန်း ၁၀၀ ဝန်းကျင်မှ ကျပ်သိန်း ၅၀၀၀ ဝန်းကျင်အထိ ရပ်ကွက်အလိုက် ဈေးနှုန်းများကွာခြားပြီး အများစုမှာ နေအိမ်ပါခြံများထက် မြေကွက် များကို လူကြိုက်များလျက်ရှိကြောင်း ၎င်းထံမှ သိရသည်။

နေပြည်တော်တွင် အရောင်းအဝယ်အများဆုံးဖြစ်ပေါ်သည့် နေရာများမှာ သပြေကုန်ဈေး အနီးနှင့် ဥဿရသီရိမြို့နယ် တို့ဖြစ်ပြီး အစိုးရမှ ယခင်ဒုဝန်ကြီးအဆင့်နှင့် ညွန်ချုပ်ရာထူးများကို ပေးထားသည့် မြေကွက်များမှာ ကျပ်သိန်း ၈၀၀ ဝန်းကျင်မှ ကျပ်သိန်း ၄၅၀၀ အထိ ပေါက်ဈေးရှိကြောင်း နေပြည်တော် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်သူများထံမှ သိရသည်။

ထို့အပြင်နေပြည်တော်၏ မြေကွက်ပိုင်ဆိုင်မှုစာရွက်စားတမ်းများမှာလည်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ချထားပေးသည့် နှစ် ၃၀ ဂရံမြေကို ရရှိသည့်အတွက် ပိုင်ဆိုင်မှုခိုင်မာသည့်မြေနေရာများကို ရရှိသဖြင့်လူကြိုက်များကြောင်းသိရသည်။

အဝယ်အနေဖြင့် ရန်ကုန်မှ အများဆုံးဝယ်ယူမှုရှိကြောင်း ဇေယျာအိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းထံမှ သိရသည်။

လက်ရှိနေပြည်တော်တွင် မြေကွက်အများစုမှ ပေ ၄၀၊ ပေ ၆၀မြေကွက်၊ ပေ ၆၀ ပတ်လည်မြေကွက်၊ ပေ ၁၀၀ ပတ်လည် မြေကွက်၊ မြေ ၁၅၀ မြေကွက်များ လူကြိုက်များပြီး စီးပွားရေးလုပ်ကိုင်သူအများစုသည် သပြေကုန်းအနီးရှိ လမ်းမတန်းမြေကွက်များတွင် နာမည်ကြီးအမှတ်တံဆိပ်ဆိုင်များ လာရောက်ဝယ်ယူရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

Covid-19 ကာလအတြင္း ေနျပည္ေတာ္ အိမ္၊ ၿခံ၊ ေျမမ်ား ယခင္ထက္ပိုမိုအေရာင္းအဝယ္ျဖစ္

Covid-19 ကာလအတြင္း အိမ္၊ ၿခံ၊ ေျမ အေရာင္းအဝယ္မ်ား ေနရာအခ်ိဳ႕တြင္ အတန္ငယ္ေအးေနေသာ္လည္း ေနျပည္ေတာ္  တြင္ ယခင္ကထက္ အေရာင္းအဝယ္မ်ား ပိုမိုျဖစ္ေပၚလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံအိမ္၊ ၿခံ၊ ေျမလုပ္ငန္းဖြံၿဖိဳးတိုးတက္ေရးအသင္း(ေနျပည္ေတာ္)ထံမွ သိရသည္။

“ ေနျပည္ေတာ္က ဒုတိယ ေမၿမိဳ႕လိုျဖစ္ေနတယ္။ ဘယ္ေနရာသြားသြား အခ်က္အခ်ာက်တယ္၊ လမ္းေတြကလည္းေကာင္းၿပီး လုံၿခဳံေရးအျပည့္အဝရွိသလို ၿမိဳ႕ႀကီးအျဖစ္ ရန္ကုန္၊ မႏၲေလးတို႔လို႔ ေက်ာင္းေတြ၊ တကၠသိုလ္ႀကီးေတြ ဖြင့္လာေတာ့ အဝယ္အရမ္းျဖစ္တယ္”ဟု ျမန္မာႏိုင္ငံအိမ္၊ ၿခံ၊ ေျမလုပ္ငန္းဖြံၿဖိဳးတိုးတက္ေရးအသင္း(ေနျပည္ေတာ္)မွ ဒုတိယဥကၠဌ (၂) ဦးနႏၵေက်ာ္မွ ေျပာသည္။

လက္ရွိ ေနျပည္ေတာ္ရွိ အိမ္၊ ၿခံ၊ေျမ ေစ်းႏႈန္းမ်ားမွ ေပ ၄၀၊ ေပ ၆၀ တစ္ကြက္လွ်င္က်ပ္ သိန္း ၁၀၀ ဝန္းက်င္မွ က်ပ္သိန္း ၅၀၀၀ ၀န္းက်င္အထိ ရပ္ကြက္အလိုက္ ေစ်းႏႈန္းမ်ားကြာျခားၿပီး အမ်ားစုမွာ ေနအိမ္ပါၿခံမ်ားထက္ ေျမကြက္ မ်ားကို လူႀကိဳက္မ်ားလ်က္ရွိေၾကာင္း ၎ထံမွ သိရသည္။

ေနျပည္ေတာ္တြင္ အေရာင္းအဝယ္အမ်ားဆုံးျဖစ္ေပၚသည့္ ေနရာမ်ားမွာ သေျပကုန္ေစ်း အနီးႏွင့္ ဥႆရသီရိၿမိဳ႕နယ္ တို႔ျဖစ္ၿပီး အစိုးရမွ ယခင္ဒုဝန္ႀကီးအဆင့္ႏွင့္ ၫြန္ခ်ဳပ္ရာထူးမ်ားကို ေပးထားသည့္ ေျမကြက္မ်ားမွာ က်ပ္သိန္း ၈၀၀ ဝန္းက်င္မွ က်ပ္သိန္း ၄၅၀၀ အထိ ေပါက္ေစ်းရွိေၾကာင္း ေနျပည္ေတာ္ အိမ္၊ ၿခံ၊ ေျမ ေရာင္းဝယ္သူမ်ားထံမွ သိရသည္။

ထို႔အျပင္ေနျပည္ေတာ္၏ ေျမကြက္ပိုင္ဆိုင္မႈစာ႐ြက္စားတမ္းမ်ားမွာလည္း ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီမွ ခ်ထားေပးသည့္ ႏွစ္ ၃၀ ဂရံေျမကို ရရွိသည့္အတြက္ ပိုင္ဆိုင္မႈခိုင္မာသည့္ေျမေနရာမ်ားကို ရရွိသျဖင့္လူႀကိဳက္မ်ားေၾကာင္းသိရသည္။

အဝယ္အေနျဖင့္ ရန္ကုန္မွ အမ်ားဆုံးဝယ္ယူမႈရွိေၾကာင္း ေဇယ်ာအိမ္၊ ၿခံ၊ ေျမ အက်ိဳးေဆာင္လုပ္ငန္းထံမွ သိရသည္။

လက္ရွိေနျပည္ေတာ္တြင္ ေျမကြက္အမ်ားစုမွ ေပ ၄၀၊ ေပ ၆၀ေျမကြက္၊ ေပ ၆၀ ပတ္လည္ေျမကြက္၊ ေပ ၁၀၀ ပတ္လည္ ေျမကြက္၊ ေျမ ၁၅၀ ေျမကြက္မ်ား လူႀကိဳက္မ်ားၿပီး စီးပြားေရးလုပ္ကိုင္သူအမ်ားစုသည္ သေျပကုန္းအနီးရွိ လမ္းမတန္းေျမကြက္မ်ားတြင္ နာမည္ႀကီးအမွတ္တံဆိပ္ဆိုင္မ်ား လာေရာက္ဝယ္ယူရင္းႏွီးျမႇဳပ္ႏွံလ်က္ရွိေၾကာင္း သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service