မန်းစည်ပင်တန်းဖိုးမျှတတိုက်ခန်း (၁၅၀၀) ကျော် ဆက်လက်ရောင်းချပေးမယ် - Property News in Myanmar from iMyanmarHouse.com
641 Views

မန်းစည်ပင်တန်းဖိုးမျှတတိုက်ခန်း (၁၅၀၀) ကျော် ဆက်လက်ရောင်းချပေးမယ်

[Unicode]

မန္တလေး ချမ်းမြသာစည်မြို့နယ် မှာရှိတဲ့ မြရည်နန္ဒာမှာ တန်ဖိုးမျှတတိုက်ခန်းပေါင်း ၁၅၀၀ ကျော်ကိုဆက်လက်ဆောက်လုပ်ရောင်းချပေးဖို့ရှိနေပါတယ်။

နိုင်ငံဝန်ထမ်း ၊အငြိမ်းစားတွေ ၊ ပြည်သူလူထုနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေကို အရစ်ကျစနစ်နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ဆောက်လုပ်ဖို့စီမံချက်ချထားတဲ့ တိုက်ခန်းပေါင်း သုံးထောင်ကျော်ထဲမှ ၁၅၀၀ ကျော်ကို ဆောက်လုပ်ပြီးစီးလို့ ရောင်းချပြီးဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကျန်ရှိတဲ့အခန်း ၁၅၀၀ ကျော်ထဲမှာ အခန်းအချို့ကတော့ ဆောက်လုပ်ပြီးစီးပြီလို့သိရပါတယ်။

မန္တလေးစည်ပင်က အကျယ် ၆၆၁ စတုရန်းပေရှိတဲ့ မြရည်နန္ဒာတန်ဖိုးမျှတတိုက်ခန်းတွေကို ၂၀၁၈ ခုနှစ် ကစတင်ပြီး တိုက်ခန်းပေါင်း ၆၇၂ ခန်း၊ ၂၀၁၉ ခုနှစ်က ၅၄၂ ခန်း၊ ယခုနှစ်ဇွန်လမှာတော့ ၅၈၆ ခန်းကိုရောင်းချပေးခဲ့တာဖြစ်ပါတယ်။

ယခင်ကတော့ နိုင်ငံဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကိုသာရောင်းချပေးခဲ့ပြီး အခုမှာတော့ ပြည်သူလူထုနဲ့ ပုဂ္ဂလိကဝန်ထမ်းများကိုလည်း မဲနှိုက်ရောင်းချပေးနေပြီဖြစ်ပါတယ်။

ရောင်းချပေးရာမှာလည်း သတ်မှတ်စည်းကမ်းချက်တွေကို တဖြည်းဖြည်းတိုးမြင့်လာတာကိုတွေ့ရပါတယ်။ ယခုနှစ်အတွင်းရောင်းချခဲ့မှုမှာ မဲနှိုက်လို့ ဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ အာမခံကြိုတင်ငွေကျပ်သိန်း၂၀ ပေးသွင်းရတာပဲဖြစ်ပါတယ်။

တိုက်ခန်းတန်ဖိုးတွေဟာဆိုရင် ကျပ်သိန်း ၂၈၀ ကျော်ကနေ ကျပ်သိန်း ၁၈၀ အထိရှိတယ်လို့သိရပါတယ်။

တန်ဖိုးမျှတတိုက်ခန်းတွေကိုမန္တလေးမှာ လူအများစုကဝယ်ယူဖို့စောင့်ဆိုင်းနေကြတာဖြစ်ပြီးပြင်ပထက်များစွာဈေးသက်သာတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းအတွင်းတန်ဖိုးမျှတအိမ်ရာတွေထပ်မံဆောက်လုပ်ဖို့ တိုင်းအစိုးရကပြင်ဆင်ထားပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]














Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service