Local Property News | Posted by Hnin Ei Khin
[Unicode]
ကိုရီးယား - မြန်မာ စက်မှုဇုန်စီမံကိန်း (KMIC) အကောင်အထည်ဖော်မည်ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခဲ့သည့် ညောင်နှစ်ပင်စခန်းရှိ အဆောက်အအုံအဟောင်းများ ဖယ်ရှားရှင်းလင်းတော့မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။
ထိုစီမံကိန်းကို ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့် ကိုရီးယားအစိုးရပိုင် Land and Housing Corporation တို့က အကျိုးတူပူး ပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အဆောက်အအုံဟောင်းများကို ဖယ်ရှားရှင်းလင်းမည့်လုပ်ငန်းကိုစိတ်ဝင်စားသည့် လုပ်ငန်းရှင်များ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်သည်ဟု ဆိုသည်။
Korea Myanmar Indu-strial Complex (KMIC) စီမံကိန်းကို ယခုနှစ်မကုန်မီတွင် လုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးတို့ ဆွေးနွေးခဲ့သည်။
ညောင်နှစ်ပင်မြို့ပြစီမံကိန်းတွင် မြန်မာနိုင်ငံက ရှယ်ယာ ၄၀ ရာခိုင်နှုန်းရမည်ဖြစ်ပြီး ကျန် ၆၀ ရာခိုင်နှုန်းကို ကိုရီးယားအစိုးရက ပိုင်ဆိုင်မည်ဖြစ်သည်။
အဆိုပါ စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကိုရီးယားအစိုးရပိုင် LH (Korea Land and Housing Corporation) ကော်ပိုရေးရှင်းတို့ ၂၀၁၇ ဇွန်လ ၁၆ ရက်က ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် လက်မှတ်ရေးထိုးခဲ့သည်။
အကောင်အထည်ဖော်မည့် စီမံကိန်းများ၌ စက်မှုလုပ်ငန်းဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ၊ သင်တန်းကျောင်း၊ အိမ်ရာ နှင့် စီးပွားရေးဆိုင်ရာအဆောက်အအုံများ စသည်တို့ ပါဝင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။
စီမံကိန်းသည် မူလက မြေ ဧက ၆၀၀ ခန့်ရှိသော်လည်း အမျိုးသားညီလာခံကျင်းပသည့် သမိုင်းဝင်အဆောက်အအုံအပါအဝင် မြေဧက ၃၀ ကျော်ကို အစိုးရထံ ပြန်လည်ပေးအပ်ရ၍ ဧက ၅၅၀ ကျော်သာ ပြုလုပ်ခွင့်ရခဲ့သည်။ယင်းစီမံကိန်း စတင်အကောင်အထည်ဖော်ပါက အမျိုးသားညီလာခံ ကျင်းပခဲ့သော နေရာအပါအဝင် အဆောက်အအုံ ၅၄ လုံးကို ဖြိုဖျက်မည်ဖြစ်သည်။
KMIC စီမံကိန်းတွင် တောင်ကိုရီးယား ကုမ္ပဏီနှစ်ရာခန့်လာရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းငါးသောင်းမှ တစ်သိန်းခန့်အထိ ရရှိနိုင်မည်ဖြစ်သည်။
စီမံကိန်းအတွက် ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်းကုန်ကျမည်ဖြစ်သည်။ ထိုအတွက်ချေးငွေရယူဖြစ်ကာ ချေးငွေအတိုးနှုန်းသည် ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ် စုစုပေါင်းနှစ် ၄၀ သက်တမ်းဖြစ်သည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ကိုရီးယားစက္မႈဇုန္အတြက္ေညာင္ႏွစ္ပင္စခန္းရွိ အေဆာက္အအုံအေဟာင္းမ်ား ဖယ္ရွားရွင္းလင္းေတာ့မည္
ကိုရီးယား - ျမန္မာ စက္မႈဇုန္စီမံကိန္း (KMIC) အေကာင္အထည္ေဖာ္မည္ျဖစ္၍ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ေရးဆြဲခဲ့သည့္ ေညာင္ႏွစ္ပင္စခန္းရွိ အေဆာက္အအုံအေဟာင္းမ်ား ဖယ္ရွားရွင္းလင္းေတာ့မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ဇြန္လ ၁၉ ရက္တြင္ ထုတ္ျပန္သည္။
ထိုစီမံကိန္းကို ေဆာက္လုပ္ ေရးဝန္ႀကီးဌာနႏွင့္ ကိုရီးယားအစိုးရပိုင္ Land and Housing Corporation တို႔က အက်ိဳးတူပူး ေပါင္းေဆာင္႐ြက္ျခင္းျဖစ္သည္။ အေဆာက္အအုံေဟာင္းမ်ားကို ဖယ္ရွားရွင္းလင္းမည့္လုပ္ငန္းကိုစိတ္ဝင္စားသည့္ လုပ္ငန္းရွင္မ်ား အိတ္ဖြင့္တင္ဒါတင္သြင္းႏိုင္သည္ဟု ဆိုသည္။
Korea Myanmar Indu-strial Complex (KMIC) စီမံကိန္းကို ယခုႏွစ္မကုန္မီတြင္ လုပ္ငန္းမ်ား စတင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည္ဟု ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ ဥကၠ႒ ဦးေသာင္းထြန္းႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ကိုရီးယားသံအမတ္ႀကီးတို႔ ေဆြးေႏြးခဲ့သည္။
ေညာင္ႏွစ္ပင္ၿမိဳ႕ျပစီမံကိန္းတြင္ ျမန္မာႏိုင္ငံက ရွယ္ယာ ၄၀ ရာခိုင္ႏႈန္းရမည္ျဖစ္ၿပီး က်န္ ၆၀ ရာခိုင္ႏႈန္းကို ကိုရီးယားအစိုးရက ပိုင္ဆိုင္မည္ျဖစ္သည္။
အဆိုပါ စီမံကိန္းအတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရး ဦးစီးဌာနႏွင့္ ကိုရီးယားအစိုးရပိုင္ LH (Korea Land and Housing Corporation) ေကာ္ပိုေရးရွင္းတို႔ ၂၀၁၇ ဇြန္လ ၁၆ ရက္က ကိုရီးယားႏိုင္ငံ ဂ်ယ္ဂ်ဴးကြၽန္းတြင္ လက္မွတ္ေရးထိုးခဲ့သည္။
အေကာင္အထည္ေဖာ္မည့္ စီမံကိန္းမ်ား၌ စက္မႈလုပ္ငန္းဧရိယာ၊ သုေတသနႏွင့္ ဖြံ႕ၿဖိဳးေရးစင္တာ၊ သင္တန္းေက်ာင္း၊ အိမ္ရာ ႏွင့္ စီးပြားေရးဆိုင္ရာအေဆာက္အအုံမ်ား စသည္တို႔ ပါဝင္မည္ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ ႀကီးဌာန ဒုဝန္ႀကီး ဦးေက်ာ္လင္းက လႊတ္ေတာ္တြင္ ေျပာၾကားခဲ့သည္။
စီမံကိန္းသည္ မူလက ေျမ ဧက ၆၀၀ ခန႔္ရွိေသာ္လည္း အမ်ိဳးသားညီလာခံက်င္းပသည့္ သမိုင္းဝင္အေဆာက္အအုံအပါအဝင္ ေျမဧက ၃၀ ေက်ာ္ကို အစိုးရထံ ျပန္လည္ေပးအပ္ရ၍ ဧက ၅၅၀ ေက်ာ္သာ ျပဳလုပ္ခြင့္ရခဲ့သည္။ယင္းစီမံကိန္း စတင္အေကာင္အထည္ေဖာ္ပါက အမ်ိဳးသားညီလာခံ က်င္းပခဲ့ေသာ ေနရာအပါအဝင္ အေဆာက္အအုံ ၅၄ လုံးကို ၿဖိဳဖ်က္မည္ျဖစ္သည္။
KMIC စီမံကိန္းတြင္ ေတာင္ကိုရီးယား ကုမၸဏီႏွစ္ရာခန႔္လာေရာက္ လုပ္ကိုင္မည္ျဖစ္ေၾကာင္း၊ ေဒသခံမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းငါးေသာင္းမွ တစ္သိန္းခန႔္အထိ ရရွိႏိုင္မည္ျဖစ္သည္။
စီမံကိန္းအတြက္ ေဒၚလာ ၆၁ ဒသမ ၈၁၆ သန္းကုန္က်မည္ျဖစ္သည္။ ထိုအတြက္ေခ်းေငြရယူျဖစ္ကာ ေခ်းေငြအတိုးႏႈန္းသည္ ၀ ဒသမ ၀၁ ရာခိုင္ႏႈန္းျဖစ္ၿပီး ဆိုင္းငံ့ကာလ ၁၅ ႏွစ္၊ ျပန္ဆပ္ကာလ ၂၅ ႏွစ္ စုစုေပါင္းႏွစ္ ၄၀ သက္တမ္းျဖစ္သည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com