လယ်ယာမြေနှင့်ပက်သက်၍ မြေစာရင်းပုံစံ(၁၀၅) (၁၀၆)ရေးကူးခွင့် လျှောက်ထားရန် လိုအပ်သည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
3487 Views

လယ်ယာမြေနှင့်ပက်သက်၍ မြေစာရင်းပုံစံ(၁၀၅) (၁၀၆)ရေးကူးခွင့် လျှောက်ထားရန် လိုအပ်သည့်အချက်များ

Knowledge | Posted by Shwe Zin Win

[Unicode]

မြေစာရင်းပုံစံ(၁၀၅)(၁၀၆)ရေးကူးခွင့် လျှောက်ထားလိုလျှင် အောက်ဖော်ပြပါ အချက်အလက်များ လိုအပ်ကြောင်း အသိပေး ကြေညာအပ်ပါသည်- 

၁။ လျှောက်ထားလိုသူသည် မြေစာရင်းပုံစံ-၁၀၃ ဖြင့်  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနမှူးထံလျှောက်ထားရမည်။

၂။ မြေစာရင်းပုံစံ-၁၀၃၏ အပိုင်း(၁) မြေစာရင်း၊မြေပုံနှင့်မှတ်တမ်းများ မိတ္တူရေးကူးခွင့် လျှောက်ထားခြင်းကို လျှောက်ထားသူကိုယ်တိုင် ရေးသွင်းဖော်ပြ၍ လက်မှတ်ရေးထိုး ရပါမည်။

၃။ ရေးကူးလိုသည့်မြေကွက်အကြောင်းအရာအချက်အလက်များကို သက်ဆိုင်ရာစာရင်း၊ မြေပုံဖြင့် တိုက်ဆိုင်၍ မှန်ကန်စွာရေးသွင်းဖော်ပြရပါမည်။

၄။ လျှောက်ထားသူမှ ရေးကူးလိုသည့်အကြောင်းအရာ (ဥပမာ- စာချုပ်စာတမ်းမှတ်ပုံ တင်ပြုလုပ်ရန်/တရားရုံးသက်သေခံတင်ပြရန် စသည်ဖြင့်)ဖော်ပြရပါမည်။

၅။ လျှောက်လွှာတွင် ပိုင်ဆိုင်သူ(သို့မဟုတ်) သက်ဆိုင်သူ ကိုယ်တိုင်လျှောက်ထားလျင် ပိုင်ဆိုင်ကြောင်း (သို့မဟုတ်) တနည်းနည်းဖြင့်သက်ဆိုင်ကြောင်းအထောက်အထားကိုလည်းကောင်း၊ ကိုယ်စားလှယ်က လျှောက်ထားလျှင် တရားဝင်ကိုယ်စားလှယ်လွှဲ စာကိုလည်းကောင်း ပူးတွဲတင်ပြရပါမည်။

၆။ မြေစာရင်းပုံစံ (၁၀၅) (၁၀၆) ရေးကူးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် လယ်ယာမြေစီမံခန့် ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ (၆.၃.၂၀၁၇) ရက်စွဲပါစာအမှတ်၊ ၁၈၆၃ / မပ (စီမံ) - ၁၆ (၁၇) ညွှန်ကြားချက်အရ “ လျှောက်ထားသူမှ မြေစာရင်းပုံစံ (၁၀၃) ဖြင့် စတင်လျှောက် ထားသည့်နေ့မှစ၍ အငြင်းပွားမှုမရှိသည့် သာမန်ကိစ္စရပ်များတွင် ကွင်းဆင်းစိစစ်ခြင်း၊ မြေပုံမြေရာဇဝင်များနှင့် တိုက်ဆိုင်စိစစ်ပြီး မြေပုံရေးကူးခြင်း ကိစ္စရပ်အပါအဝင် လုပ်ငန်း များဆောင်ရွက်ရန်အတွက် လျှောက်လွှာစတင် လက်ခံရရှိသည့်နေ့စမှ၍ မြေပုံမြေရာဇဝင် များ ပြန်လည်ထုတ်ပေးသည့် နေ့အထိအပါအဝင် အနည်းဆုံး (၁၅) ရက်အတွင်း ပြီးစီးအောင် ” ဆောင်ရွက်ပေးလျက်ရှိပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: eMANDALAY Services for Citizens

 

[Zawgyi]

လယ္ယာေျမႏွင့္ပက္သက္၍ ေျမစာရင္းပုံစံ(၁၀၅) (၁၀၆)ေရးကူးခြင့္ ေလွ်ာက္ထားရန္ လိုအပ္သည့္အခ်က္မ်ား

ေျမစာရင္းပုံစံ(၁၀၅)(၁၀၆)ေရးကူးခြင့္ ေလွ်ာက္ထားလိုလွ်င္ ေအာက္ေဖာ္ျပပါ အခ်က္အလက္မ်ား လိုအပ္ေၾကာင္း အသိေပး ေၾကညာအပ္ပါသည္-

၁။ ေလွ်ာက္ထားလိုသူသည္ ေျမစာရင္းပုံစံ-၁၀၃ ျဖင့္ ၿမိဳ႕နယ္လယ္ယာေျမစီမံခန႔္ခြဲေရး ႏွင့္စာရင္းအင္းဦးစီးဌာနမႉးထံေလွ်ာက္ထားရမည္။

၂။ ေျမစာရင္းပုံစံ-၁၀၃၏ အပိုင္း(၁) ေျမစာရင္း၊ေျမပုံႏွင့္မွတ္တမ္းမ်ား မိတၱဴေရးကူးခြင့္ ေလွ်ာက္ထားျခင္းကို ေလွ်ာက္ထားသူကိုယ္တိုင္ ေရးသြင္းေဖာ္ျပ၍ လက္မွတ္ေရးထိုး ရပါမည္။

၃။ ေရးကူးလိုသည့္ေျမကြက္အေၾကာင္းအရာအခ်က္အလက္မ်ားကို သက္ဆိုင္ရာစာရင္း၊ ေျမပုံျဖင့္ တိုက္ဆိုင္၍ မွန္ကန္စြာေရးသြင္းေဖာ္ျပရပါမည္။

၄။ ေလွ်ာက္ထားသူမွ ေရးကူးလိုသည့္အေၾကာင္းအရာ (ဥပမာ- စာခ်ဳပ္စာတမ္းမွတ္ပုံ တင္ျပဳလုပ္ရန္/တရား႐ုံးသက္ေသခံတင္ျပရန္ စသည္ျဖင့္)ေဖာ္ျပရပါမည္။

၅။ ေလွ်ာက္လႊာတြင္ ပိုင္ဆိုင္သူ(သို႔မဟုတ္) သက္ဆိုင္သူ ကိုယ္တိုင္ေလွ်ာက္ထားလ်င္ ပိုင္ဆိုင္ေၾကာင္း (သို႔မဟုတ္) တနည္းနည္းျဖင့္သက္ဆိုင္ေၾကာင္းအေထာက္အထားကိုလည္းေကာင္း၊ ကိုယ္စားလွယ္က ေလွ်ာက္ထားလွ်င္ တရားဝင္ကိုယ္စားလွယ္လႊဲ စာကိုလည္းေကာင္း ပူးတြဲတင္ျပရပါမည္။

၆။ ေျမစာရင္းပုံစံ (၁၀၅) (၁၀၆) ေရးကူးျခင္း လုပ္ငန္းေဆာင္႐ြက္ရာတြင္ လယ္ယာေျမစီမံခန႔္ ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာန၏ (၆.၃.၂၀၁၇) ရက္စြဲပါစာအမွတ္၊ ၁၈၆၃ / မပ (စီမံ) - ၁၆ (၁၇) ၫႊန္ၾကားခ်က္အရ “ ေလွ်ာက္ထားသူမွ ေျမစာရင္းပုံစံ (၁၀၃) ျဖင့္ စတင္ေလွ်ာက္ ထားသည့္ေန႔မွစ၍ အျငင္းပြားမႈမရွိသည့္ သာမန္ကိစၥရပ္မ်ားတြင္ ကြင္းဆင္းစိစစ္ျခင္း၊ ေျမပုံေျမရာဇဝင္မ်ားႏွင့္ တိုက္ဆိုင္စိစစ္ၿပီး ေျမပုံေရးကူးျခင္း ကိစၥရပ္အပါအဝင္ လုပ္ငန္း မ်ားေဆာင္႐ြက္ရန္အတြက္ ေလွ်ာက္လႊာစတင္ လက္ခံရရွိသည့္ေန႔စမွ၍ ေျမပုံေျမရာဇဝင္ မ်ား ျပန္လည္ထုတ္ေပးသည့္ ေန႔အထိအပါအဝင္ အနည္းဆုံး (၁၅) ရက္အတြင္း ၿပီးစီးေအာင္ ” ေဆာင္႐ြက္ေပးလ်က္ရွိပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: eMANDALAY Services for Citizens

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service