နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်၌ ရှယ်ယာ ၃၅ ရာခိုင်နှုန်းအထက်ပါဝင်ပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1088 Views

နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်၌ ရှယ်ယာ ၃၅ ရာခိုင်နှုန်းအထက်ပါဝင်ပေးမည်ဟုဆို

[Unicode]

နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်များ၌ ၃၅ ရာခိုင်နှုန်းကျော်လွန်၍ ရင်းနှီးမြှုပ်နှံချင်ပါက ကဏ္ဍတစ်ခုချင်းအလိုက်ခွင့်ပြုပေးမည်ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဌဦးစိုးမင်းက ပြောသည်။

အစိုးရ၏ စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့်ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲတွင် ဗဟိုဘဏ် ဒုတိယဥက္ကဌဦးစိုးမင်းက ဇွန် ၁၅ ရက်တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်များ၌ ရှယ်ယာပါဝင်ခွင့်ကို ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြုထားပြီး ထိုထက်ကျော်လွန်လုပ်ကိုင်လိုပါက ခွင့်ပြုရန်ဖြစ်သည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဌဦးစိုးမင်းကဆိုသည်။

“နိုင်ငံခြားဘဏ်တွေက ပုဂ္ဂလိကဘဏ်တွေမှာ ၃၅ ရာခိုင်နှုန်းထက်ကျော်ပြီး အကျိုးတူးဆောင်ရွက်ချင်တယ်၊ ရင်းနှီးမြှုပ်နှံချင်ရင်တော့ ကိစ္စရပ်တခုချင်းအလိုက်ဆောင်ရွက်ခွင့်ပြုဖို့ ညွန့်ကြားထားပါတယ်”ဟု ဦးစိုးမင်းကဆိုသည်။

၂၀၁၈ ဩဂုတ်လတွင်ပြဌာန်းခဲ့သည့် ကုမ္ပဏီ ဥပဒေအရ နိုင်ငံခြားကုမ္ပဏီများသည် ပြည်တွင်းကုမ္ပဏီများ၌ ရှယ်ယာ ၃၅ ရာခိုင်နှုန်းပါဝင်နိုင်ကြောင်း ခွင့်ပြုထားသည်။ ဗဟိုဘဏ်က ၂၀၂၀ ဇန်နဝါရီ ၁ ရက်ကစတင်ပြီး ပြည်တွင်းဘဏ်များတွင် နိုင်ငံခြားဘဏ်များက ရှယ်ယာ ၃၅ ရာခိုင်နှုန်း ဝယ်ယူခွင့်ပြုမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များကို ဘဏ်ခွဲလိုင်စင်နှင့် လက်အောက်ခံ ဘဏ်ကုမ္ပဏီအဖြစ် ခွင့်ပြုမည်ဖြစ်ကြောင်း ၂၀၁၉ နိုဝင်ဘာတွင် ကြေညာသည်။

နိုင်ငံခြားဘဏ်များကို လက်ကားဘဏ်လုပ်ငန်း ခွင့်ပြုထားသော်လည်း လက်လီဘဏ်လုပ်ငန်းဖြစ်သည့် အများပြည်သူသို့ ဘဏ်ဝန်ဆောင်မှုပေးခြင်းကို ခွင့်ပြုဦးမည်မဟုတ်ဟု ဗဟိုဘဏ်က ဆိုသည်။

နိုင်ငံခြားဘဏ်ခွဲများကို ၂၀၁၅ ခုနှစ်မှစတင်ပြီး ဘဏ်ခွဲ ၁၃ ခုကိုခွင့်ပြုထားသည်ဟုဦးစိုးမင်းကဆိုသည်။ဧပြီ ၉ ရက်တွင် နိုင်ငံခြားဘဏ် ၇ ခုကို ဘဏ်ခွဲလိုင်စင်နှင့် ဘဏ်ကုမ္ပဏီခွဲလိုင်စင်ခွင့်ပြုပေးခဲ့သည်။

ဂျပန် ဘဏ်သုံးခု၊ စင်ကာပူဘဏ် နှစ်ခု၊ထိုင်း၊ တရုတ်၊ မလေးရှား၊ ဩစတြေးလျနှင့် နယူးဇီလန်၊ ဗီယက် နမ်၊ ကိုရီးယားနှင့် တိုင်ပေတို့မှ တစ်ခုစီ ခွင့်ပြုထားသည်။

၂၀၂၀ ဧပြီ ၌ ထပ်မံခွင့်ပြုသည့် နိုင်ငံခြားဘဏ်များတွင် ဟောင်ကောင်အခြေစိုက် တရုတ်ဘဏ် Bank of China, ထိုင်ဝမ်ဘဏ်နှစ်ခုဖြစ်သည့် Cathay United Bank နှင့် Mega International Commercial Bank, ကိုရီးယားဘဏ် သုံးခုဖြစ်သည့် Industrial Bank of Korea, KB Bank နှင့် Korea Development Bank နှင့် ထိုင်းဘဏ် SIAM Bank တို့ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ႏိုင္ငံျခားဘဏ္မ်ားကို ျပည္တြင္းဘဏ္၌ ရွယ္ယာ ၃၅ ရာခိုင္ႏႈန္းအထက္ပါဝင္ေပးမည္ဟုဆို

ႏိုင္ငံျခားဘဏ္မ်ားကို ျပည္တြင္းဘဏ္မ်ား၌ ၃၅ ရာခိုင္ႏႈန္းေက်ာ္လြန္၍ ရင္းႏွီးျမႇဳပ္ႏွံခ်င္ပါက က႑တစ္ခုခ်င္းအလိုက္ခြင့္ျပဳေပးမည္ဟု ဗဟိုဘဏ္ ဒုတိယ ဥကၠဌဦးစိုးမင္းက ေျပာသည္။

အစိုးရ၏ စတုတၳတစ္ႏွစ္တာ ေဆာင္႐ြက္ခ်က္မ်ားႏွင့္ပတ္သတ္ၿပီး သတင္းစာရွင္းလင္းပြဲတြင္ ဗဟိုဘဏ္ ဒုတိယဥကၠဌဦးစိုးမင္းက ဇြန္ ၁၅ ရက္တြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

လက္ရွိတြင္ ႏိုင္ငံျခားဘဏ္မ်ားကို ျပည္တြင္းဘဏ္မ်ား၌ ရွယ္ယာပါဝင္ခြင့္ကို ၃၅ ရာခိုင္ႏႈန္းအထိ ခြင့္ျပဳထားၿပီး ထိုထက္ေက်ာ္လြန္လုပ္ကိုင္လိုပါက ခြင့္ျပဳရန္ျဖစ္သည္ဟု ဗဟိုဘဏ္ဒုတိယဥကၠဌဦးစိုးမင္းကဆိုသည္။

“ႏိုင္ငံျခားဘဏ္ေတြက ပုဂၢလိကဘဏ္ေတြမွာ ၃၅ ရာခိုင္ႏႈန္းထက္ေက်ာ္ၿပီး အက်ိဳးတူးေဆာင္႐ြက္ခ်င္တယ္၊ ရင္းႏွီးျမႇဳပ္ႏွံခ်င္ရင္ေတာ့ ကိစၥရပ္တခုခ်င္းအလိုက္ေဆာင္႐ြက္ခြင့္ျပဳဖို႔ ၫြန႔္ၾကားထားပါတယ္”ဟု ဦးစိုးမင္းကဆိုသည္။

၂၀၁၈ ဩဂုတ္လတြင္ျပဌာန္းခဲ့သည့္ ကုမၸဏီဥပေဒအရ ႏိုင္ငံျခားကုမၸဏီမ်ားသည္ ျပည္တြင္းကုမၸဏီမ်ား၌ ရွယ္ယာ ၃၅ ရာခိုင္ႏႈန္းပါဝင္ႏိုင္ေၾကာင္း ခြင့္ျပဳထားသည္။ ဗဟိုဘဏ္က ၂၀၂၀ ဇန္နဝါရီ ၁ ရက္ကစတင္ၿပီး ျပည္တြင္းဘဏ္မ်ားတြင္ ႏိုင္ငံျခားဘဏ္မ်ားက ရွယ္ယာ ၃၅ ရာခိုင္ႏႈန္း ဝယ္ယူခြင့္ျပဳမည္ဟု ဗဟိုဘဏ္က ထုတ္ျပန္ထားသည္။

ဗဟိုဘဏ္က ႏိုင္ငံျခားဘဏ္မ်ားကို ဘဏ္ခြဲလိုင္စင္ႏွင့္ လက္ေအာက္ခံ ဘဏ္ကုမၸဏီအျဖစ္ ခြင့္ျပဳမည္ျဖစ္ေၾကာင္း ၂၀၁၉ ႏိုဝင္ဘာတြင္ ေၾကညာသည္။

ႏိုင္ငံျခားဘဏ္မ်ားကို လက္ကားဘဏ္လုပ္ငန္း ခြင့္ျပဳထားေသာ္လည္း လက္လီဘဏ္လုပ္ငန္းျဖစ္သည့္ အမ်ားျပည္သူသို႔ဘဏ္ဝန္ေဆာင္မႈေပးျခင္းကို ခြင့္ျပဳဦးမည္မဟုတ္ဟု ဗဟိုဘဏ္က ဆိုသည္။

ႏိုင္ငံျခားဘဏ္ခြဲမ်ားကို ၂၀၁၅ ခုႏွစ္မွစတင္ၿပီး ဘဏ္ခြဲ ၁၃ ခုကိုခြင့္ျပဳထားသည္ဟုဦးစိုးမင္းကဆိုသည္။ ဧၿပီ ၉ ရက္တြင္ ႏိုင္ငံျခားဘဏ္ ၇ ခုကို ဘဏ္ခြဲလိုင္စင္ႏွင့္ ဘဏ္ကုမၸဏီခြဲလိုင္စင္ခြင့္ျပဳေပးခဲ့သည္။

ဂ်ပန္ ဘဏ္သုံးခု၊ စင္ကာပူဘဏ္ ႏွစ္ခု၊ထိုင္း၊ တ႐ုတ္၊ မေလးရွား၊ ဩစေၾတးလ်ႏွင့္ နယူးဇီလန္၊ ဗီယက္ နမ္၊ ကိုရီးယားႏွင့္ တိုင္ေပတို႔မွ တစ္ခုစီ ခြင့္ျပဳထားသည္။

၂၀၂၀ ဧၿပီ ၌ ထပ္မံခြင့္ျပဳသည့္ ႏိုင္ငံျခားဘဏ္မ်ားတြင္ ေဟာင္ေကာင္အေျခစိုက္ တ႐ုတ္ဘဏ္ Bank of China, ထိုင္ဝမ္ဘဏ္ႏွစ္ခုျဖစ္သည့္ Cathay United Bank ႏွင့္ Mega International Commercial Bank, ကိုရီးယားဘဏ္ သုံးခုျဖစ္သည့္ Industrial Bank of Korea, KB Bank ႏွင့္ Korea Development Bank ႏွင့္ ထိုင္းဘဏ္ SIAM Bank တို႔ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service