ဧရာဝတီနှင့်ရခိုင်ကမ်းခြေပတ်လမ်းတွင် မြေဧက တစ်သောင်းကျော်ပါဝင်သည့် ဟိုတယ်စီမံကိန်းအတွက် ကုမ္ပဏီများကိုဖိတ်ခေါ်မည် - Property News in Myanmar from iMyanmarHouse.com
4830 Views

ဧရာဝတီနှင့်ရခိုင်ကမ်းခြေပတ်လမ်းတွင် မြေဧက တစ်သောင်းကျော်ပါဝင်သည့် ဟိုတယ်စီမံကိန်းအတွက် ကုမ္ပဏီများကိုဖိတ်ခေါ်မည်

[Unicode]

ဧရာဝတီတိုင်း၊ ပုသိမ်(ငရုတ်ကောင်း) မှ ရခိုင်ပြည်နယ်ဂွမြို့အထိ အမြန်လမ်းဖောက်လုပ်ရန် ကုမ္ပဏီများကို ဖိတ်ခေါ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းကပြောသည်။

ထိုစီမံကိန်းတွင် မိုင် ၁၀၀ ကျော်ရှည်လျားသည် ကွန်ကရစ်နှစ်လမ်းသွားနှင့် မြေဧက တစ်သောင်းခန့်ပါဝင်မည့် ဟိုတယ်ဇုန် စီမံကိန်းပါဝင်ပြီး ဒေါ်လာသန်း ၁၀၀ တန်သည့် စီမံကိန်းဖြစ်သည်ဟု ဒုဝန်ကြီးကဆိုသည်။

အစိုးရ၏ စတုတ္ထ တစ်နှစ်တာဆောင်ရွက်မှုများကို ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ဒုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကမ်းခြေနဲ့နီးတဲ့နေရာတွေကို ဟိုတယ်ခွင့်ပြုပေးမယ်၊ ဝေးတဲ့နေရာတွေကို စိုက်ပျိုးမွေးမြူရေး စက်မှုဇုန်၊ တောင်ကုန်းတွေကို အပန်းဖြေမြို့လေးတွေလုပ်မယ်၊ စီမံကိန်းဆွဲပြီး ဧရာဝတီတိုင်းက ဝန်ကြီးနဲ့ ကော်မတီဖွဲ့ပြီးတော့ EOI ခေါ်မှာ၊ စိတ်ဝင်စားတဲ့ ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေ လေ့လာပြီးတော့ ပြိုင်လို့ရမယ်။” လို့ ဒေါက်တာကျော်လင်းက ပြောသည်။

ဧရာဝတီနှင့်ရခိုင်ကို ဆက်သွယ်မည့် ကမ်းခြေပတ်လမ်း စီမံကိန်းဟုခေါ်ပြီး ထိုစီမံကိန်းအတွက် တိုင်းဒေသကြီးအစိုးရသို့ သဘောထားမှတ်ချက်ကို ၂၀၁၉ တွင် တောင်းခဲ့ကြောင်း လျှပ်စစ် စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဝန်ကြီးဦးဝင်းဌေးက ပြောထားသည်။

“ကမ်းခြေပတ်လမ်းကြောင့် ခရီးသွားလုပ်ငန်းတွေလုံခြုံရေးအပိုင်းတွေ လမ်းပန်းဆက်သွယ်ရေး အပိုင်းတွေ အများကြီးကောင်းမှာပါ။ ကမ်းခြေပတ်လမ်းကို မော်တင်အထိသွားလို့ရတယ်။ ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာနက လေ့လာထားမှုအရ ဂေါ်ရင်ဂျီကျွန်းကရခိုင်အထိ ”ဟု လျှပ်စစ်စွမ်းအင်စက်မှုလက်မှု နှင့်လမ်းပန်း ဝန်ကြီးဦးဝင်းဌေးက ပြောထားသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ညွှန်ကြားချက်ဖြင့် ရခိုင် ပြည်နယ်၊ သံတွဲမြို့မှ ဧရာဝတီတိုင်း ငပုတောမြို့နယ် ဂေါ်ရင်ဂျီကျွန်းအထိ မိုင် ၁၇၀ အရှည်ရှိမည့် ကမ်းခြေပတ်လမ်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ကမ်းခြေပတ်လမ်းနှင့် ဆက်စပ်ဒေသများတွင် နေထိုင်သည့် ဒေသခံများ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကမ်းခြေဒေသတလျှောက် လုံခြုံမှု ရှိစေရန်အတွက် သမ္မတက ရည်ရွယ်ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ယင်းစီမံကိန်းကို ပြည်ထောင်စု အစိုးရ၊ ဧရာဝတီတိုင်းအစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

မိုင် ၁၇၀ ခန့် ရှည်လျားသည့် ကမ်းခြေပတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကမ်းလွန်ရေနံတူးဖော်ရေး လုပ်ကွက်များအတွက် ထောက်ပံ့ရေး စီမံကိန်းများ၊ ရေနက်ဆိပ်ကမ်းစီမံကိန်းများ၊ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်သွားရန် စီမံချက်တရပ် ရေးဆွဲထားကြောင်းလည်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဧရာဝတီႏွင့္ရခိုင္ကမ္းေျခပတ္လမ္းတြင္ ေျမဧက တစ္ေသာင္းေက်ာ္ပါဝင္သည့္ ဟိုတယ္စီမံကိန္းအတြက္ ကုမၸဏီမ်ားကိုဖိတ္ေခၚမည္

ဧရာဝတီတိုင္း၊ ပုသိမ္(င႐ုတ္ေကာင္း) မွ ရခိုင္ျပည္နယ္ဂြျမိဳ႕အထိ အျမန္လမ္းေဖာက္လုပ္ရန္ ကုမၸဏီမ်ားကို ဖိတ္ေခၚမည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းကေျပာသည္။

ထိုစီမံကိန္းတြင္ မိုင္ ၁၀၀ ေက်ာ္ရွည္လ်ားသည္ ကြန္ကရစ္ႏွစ္လမ္းသြားႏွင့္ ေျမဧက တစ္ေသာင္းခန႔္ပါဝင္မည့္ ဟိုတယ္ဇုန္ စီမံကိန္းပါဝင္ၿပီး ေဒၚလာသန္း ၁၀၀ တန္သည့္ စီမံကိန္းျဖစ္သည္ဟု ဒုဝန္ႀကီးကဆိုသည္။

အစိုးရ၏ စတုတၳ တစ္ႏွစ္တာေဆာင္႐ြက္မႈမ်ားကို ရွင္းလင္းသည့္ သတင္းစာရွင္းလင္းပြဲတြင္ ဒုဝန္ႀကီးက ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ကမ္းေျခနဲ႔နီးတဲ့ေနရာေတြကို ဟိုတယ္ခြင့္ျပဳေပးမယ္၊ ေဝးတဲ့ေနရာေတြကို စိုက္ပ်ိဳးေမြးျမဴေရး စက္မႈဇုန္၊ ေတာင္ကုန္းေတြကို အပန္းေျဖၿမိဳ႕ေလးေတြလုပ္မယ္၊ စီမံကိန္းဆြဲၿပီး ဧရာဝတီတိုင္းက ဝန္ႀကီးနဲ႔ ေကာ္မတီဖြဲ႕ၿပီးေတာ့ EOI ေခၚမွာ၊ စိတ္ဝင္စားတဲ့ ျပည္တြင္းျပည္ပလုပ္ငန္းရွင္ေတြ ေလ့လာၿပီးေတာ့ ၿပိဳင္လို႔ရမယ္။” လို႔ ေဒါက္တာေက်ာ္လင္းက ေျပာသည္။

ဧရာဝတီႏွင့္ရခိုင္ကို ဆက္သြယ္မည့္ ကမ္းေျခပတ္လမ္း စီမံကိန္းဟုေခၚၿပီး ထိုစီမံကိန္းအတြက္ တိုင္းေဒသႀကီးအစိုးရသို႔ သေဘာထားမွတ္ခ်က္ကို ၂၀၁၉ တြင္ ေတာင္းခဲ့ေၾကာင္း လွ်ပ္စစ္ စြမ္းအင္စက္မႈလက္မႈႏွင့္လမ္းပန္းဝန္ႀကီးဦးဝင္းေဌးက ေျပာထားသည္။

“ကမ္းေျခပတ္လမ္းေၾကာင့္ ခရီးသြားလုပ္ငန္းေတြလုံၿခဳံေရးအပိုင္းေတြ လမ္းပန္းဆက္သြယ္ေရး အပိုင္းေတြ အမ်ားႀကီးေကာင္းမွာပါ။ ကမ္းေျခပတ္လမ္းကို ေမာ္တင္အထိသြားလို႔ရတယ္။ ျပည္ေထာင္စု ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ေလ့လာထားမႈအရ ေဂၚရင္ဂ်ီကြၽန္းကရခိုင္အထိ ”ဟု လွ်ပ္စစ္စြမ္းအင္စက္မႈလက္မႈ ႏွင့္လမ္းပန္း ဝန္ႀကီးဦးဝင္းေဌးက ေျပာထားသည္။

ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္၏ ၫႊန္ၾကားခ်က္ျဖင့္ ရခိုင္ ျပည္နယ္၊ သံတြဲၿမိဳ႕မွ ဧရာဝတီတိုင္း ငပုေတာၿမိဳ႕နယ္ ေဂၚရင္ဂ်ီကြၽန္းအထိ မိုင္ ၁၇၀ အရွည္ရွိမည့္ ကမ္းေျခပတ္လမ္းကို စတင္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

ကမ္းေျခပတ္လမ္းႏွင့္ ဆက္စပ္ေဒသမ်ားတြင္ ေနထိုင္သည့္ ေဒသခံမ်ား စီးပြားေရး ဖြံ႕ၿဖိဳး တိုးတက္ေစရန္ႏွင့္ ကမ္းေျခေဒသတေလွ်ာက္ လုံၿခဳံမႈ ရွိေစရန္အတြက္ သမၼတက ရည္႐ြယ္ၫႊန္ၾကားခဲ့ျခင္း ျဖစ္ၿပီး ယင္းစီမံကိန္းကို ျပည္ေထာင္စု အစိုးရ၊ ဧရာဝတီတိုင္းအစိုးရႏွင့္ ရခိုင္ျပည္နယ္ အစိုးရတို႔ ပူးေပါင္း ေဆာင္႐ြက္ေနျခင္း ျဖစ္ေၾကာင္းသိရသည္။

မိုင္ ၁၇၀ ခန႔္ ရွည္လ်ားသည့္ ကမ္းေျခပတ္လမ္း ေဖာက္လုပ္ၿပီးစီးပါက ကမ္းလြန္ေရနံတူးေဖာ္ေရး လုပ္ကြက္မ်ားအတြက္ ေထာက္ပံ့ေရး စီမံကိန္းမ်ား၊ ေရနက္ဆိပ္ကမ္းစီမံကိန္းမ်ား၊ သဘာဝဓာတ္ေငြ႕ျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္သည့္ စီမံကိန္းမ်ား ဆက္လက္ အေကာင္အထည္ေဖာ္သြားရန္ စီမံခ်က္တရပ္ ေရးဆြဲထားေၾကာင္းလည္း တိုင္းအစိုးရအဖြဲ႕ထံမွ သိရသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service