လျှပ်စစ်နှင့်ကျန်းမာရေးကဏ္ဍအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၄၆၀ မြန်မာကိုချေးမည် - Property News in Myanmar from iMyanmarHouse.com
695 Views

လျှပ်စစ်နှင့်ကျန်းမာရေးကဏ္ဍအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၄၆၀ မြန်မာကိုချေးမည်

[Unicode]

ကမ္ဘာ့ဘဏ်က မြန်မာ နိုင်ငံလျှပ်စစ်ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍအတွက် ဒေါ်လာသန်း ၄၆၀ထပ်ချေးမည်ဟု ထုတ်ပြန်သည်။

၎င်းချေးငွေတွင် ရာသီဥတုနှင့် သဘာဝ ဘေးဒဏ်ခံနိုင်စွမ်းရှိသော လျှပ်စစ်ဓာတ်အားစနစ် အကောင်အထည်ဖော်ရေးအတွက် ဒေါ် လာသန်း ၃၅၀ နှင့် ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင် ရေးအတွက် ဒေါ်လာသန်း ၁၁၀ ဖြစ်သည်။

လျှပ်စစ်ဓါတ်အားစနစ်အတွက် ချေးငွေသည် လျှပ်စစ်ဓါတ်အားကို ၅ နှစ်မှ ၇နှစ်အတွင်း နှစ်ဆတိုးမြှင့်ရန်ဖြစ်သည်။ ကျန်းမာရေးချေးငွေသည် မူလချေးငွေကို ထပ်ဆောင်းချေးငွေဖြစ်သည်။

ထိုချေးငွေအတွက် အတိုးနှုန်း ၁ ဒသမ ၂၅ ရာခိုင်နှုန်း၊ဝန်ဆောင်စရိတ် ဝဒသမ၂၅ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၅နှစ်နှင့် ပြန်ဆပ်ကာလ ၂၅နှစ်ဖြစ်သည်။

ကမ္ဘာ့ဘဏ်က မဟာဓါတ်အားလိုင်းမှကျေးရွာများ လျှပ်စစ်ဖြန့်ဖြူးနိုင်ရေးနှင့် မဟာဓါတ်အားလိုင်းမရောက်သေးသည့် ရွာများအတွက် ဆိုလာစနစ်မှ မီးလင်းရေးအတွက် ချေးငွေ ဒေါ်လာ သန်း ၄၀၀ ပေးပြီးဖြစ်သည်။

ကျေးလက်ဒေသနေထိုင်သူများ အရည်အသွေးပြည့်ဝသော ကျန်းမာရေး ဝန်ဆောင်မှုများ ရရှိ စေရန် ၂၀၁၅ က စတင်ကာ မြို့ နယ်ဆေးရုံများနှင့် ကျေးလက် ကျန်းမာရေးဌာန အပါအဝင် တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဌာန ၁၂,၀၀၀ အတွက် ပံ့ပိုးခဲ့သည်။

ယင်းစီမံကိန်းကို ထပ်မံတိုး ချဲ့ရန် ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးရေး အကူအညီ အစီအစဉ်(IDA)မှ ဒေါ်လာသန်း ၁၀၀ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအစီအစဉ်မှ ထောက်ပံ့ငွေ ၁၀ သန်း ပါဝင်သည်။

ကမ္ဘာ့ဘဏ်၏ ကျန်းမာရေး ကဏ္ဍ ထပ်ဆောင်းရန်ပုံငွေကို ကျန်းမာရေး စောင့်ရှောက်မှုများ အတွက်လိုအပ်သော အခြေခံအ ဆောက်အအုံကဏ္ဍတွင် အသုံးပြုမည်ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service