မြေပုံမြေရာဇဝင် ကူးရာတွင် လျှောက်ထားနိုင်သူများ - Property Knowledge in Myanmar from iMyanmarHouse.com
2077 Views

မြေပုံမြေရာဇဝင် ကူးရာတွင် လျှောက်ထားနိုင်သူများ

Knowledge | Posted by Zarni Kyaw

[Unicode]

 ဂရန် (သို့) မြေပိုင်မြေအမည်ပေါက်သူ

 မှတ်ပုံတင်စာချုပ်ဖြင့် ဝယ်ယူထားသူ

 အမွေဆက်ခံသူများနှင့်

 တရားရုံးအမိန့်ဒီကရီ ရရှိသူများ လျှောက်ထားနိုင်ပါသည်။

မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေနှင့် အကျုံးဝင်သူများ မြေပုံရာဇဝင် လျှောက်ထားခြင်း

(က) ခင်ပွန်း (သို့) ဇနီးကွယ်လွန်သူက အမွေဆက်ခံ ဇနီး (သို့) ခင်ပွန်းမှ လျှောက်ထားနိုင်သည်။

(ခ) မိဘများကွယ်လွန်က အမွေဆက်ခံသားရင်း (သို့) သမီးရင်းများအပြင် (ကိတ္တိမသားသမီးများ အကျုံးဝင်) လျှောက်ထားနိုင်သည်။ လျှောက်ထားသူများသည် အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံးတွင် တစ်ရပ်ကွက်အတူနေ သူနှစ်ဦး၏ အမွေဆက်ခံခွင့်ရှိကြောင်း သက်သေထောက်ခံသည့် တရားရုံးကျမ်းကျိန်လွှာ) တင်ပြလျှောက်ထားရမည်။

(ဂ) အပိုဒ်(ခ)တွင်ဖော်ပြထားသည်မှ အပ ကျန်အမွေဆက်ခံခွင့် ရှိသူများသည် အမွေဆက်ခံရေးလမ်းကြောင်းအရဖြစ်စေ၊ တရားရုံးမှ ပိုင်ဆိုင်ခွင့်နှင့် ပက်သက်ပြီး ချမှတ်သည့်အမိန့်(သို့) ဒီကရီ ပူးတွဲလျှောက်ထားနိုင်သည်။ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေနှင့် အကျုံးမဝင်သူများ မြေပုံရာဇဝင် လျှောက်ထားခြင်း

(က) ဥပဒေတစ်ရပ်ရပ်အရ သီးခြားပြဌာန်းထားခြင်းမရှိလျှင် စီရင်ပိုင်ခွင့်အာဏာရှိသည့် တရားရုံးက ထုတ်ပေးသော အမွေထိန်းလက်မှတ်စာ တင်ပြလျှောက်ထားရမည်။

(ခ) မြန်မာ့ဓလေ့မဟုတ်သော သေတမ်းစာရေးခွင့်ရှိသူတစ်ဦး၏သေတမ်းစာ ကို ၎င်းကွယ်လွန်သည့်အခါ အမွေအုပ်ထိန်းသူက သေတမ်းစာအတည်ပြုလက်မှတ် ကိုစီရင်ပိုင်ခွင့်ရှိ တရားရုံးတွင် လျှောက်ထားရယူတင်ပြရမည်။

(ဂ) မရွှေ့မပြောင်းနိုင်သော ပစ္စည်းရောင်းချ/ ပေါင်နှံ/ မေတ္တာဖြင့်ပေးရန်/ ပစ္စည်းလဲလှယ်ရန် စသည်တို့အတွက် မြေပုံရာဇဝင်လျှောက်ထားရန် တရားရုံးခွင့်ပြုချက် လိုအပ်ပါက အမွေထိန်းလက်မှတ်စာရရှိသူက တရားရုံး၏သီးခြားခွင့်ပြုမိန့် ရယူတင်ပြ လျှောက်ထားနိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]
















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service