ကွန်ဒိုအိမ်ခန်းပိုင်ဆိုင်သူ၏ လိုက်နာရမည့် တာဝန်များဖော်ပြခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
1453 Views

ကွန်ဒိုအိမ်ခန်းပိုင်ဆိုင်သူ၏ လိုက်နာရမည့် တာဝန်များဖော်ပြခြင်း

Knowledge | Posted by Shwe Zin Win

[Unicode]

ကွန်ဒိုအိမ်ခန်းပိုင်ဆိုင်သူ၏ လိုက်နာရမည့် တာဝန်များကို အောက်ပါအတိုင်းဖော်ပြထားပါသည်။

(က) စုပေါင်းပိုင်အဆောက်အအုံကို စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မိမိ၏မူလ အချိုးသင့် ပိုင်ဆိုင်မှုအစုတန်ဖိုးအလိုက် အချိုးကျသတ်မှတ်ထားသော ရန်ပုံငွေကို ထည့်ဝင်ရမည်။

မိမိပိုင်ဆိုင်သည့် အိမ်ခန်းကို အငှားချထားခြင်းဖြစ်လျှင် အငှားချထားခြင်းခံရသူနှင့် သီးခြားသဘောတူညီချက် မရှိပါက မိမိကသာလျှင် ရန်ပုံငွေကိုထည့်ဝင်ရမည်။

(ခ) စုပေါင်းပိုင်အဆောက်အအုံနှင့် စုပေါင်းပိုင်ပစ္စည်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေးတွက်လည်းကောင်း၊ စုပေါင်းပိုင်အဆောက်အအုံ သန့်ရှင်းရေးနှင့် လုံခြုံရေးစနစ် ကောင်းမွန်စေရေးအတွက်လည်းကောင်း စုပေါင်းထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည်။

(ဂ) မိမိပိုင်အိမ်ခန်းကို ငှားရမ်းခြင်း၊ ပေါင်နှံခြင်းနှင့် တစ်ဦးဦးအားခွင့်ပြုချက်ဖြင့်ထားခြင်းပြုပါက အမှုဆောင် အဖွဲ့သို့ အသိပေးရမည်။

(ဃ) အိမ်ခန်းကို ပုဒ်မ ၂၀ ပါ လွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းခြင်းမပြုမီ သတ်မှတ်ချက်များနှင့်အညီ အမှုဆောင်အဖွဲ့သို့ ကြိုတင်အသိပေးရမည်။

(င) မိမိကြောင့်ဖြစ်စေ၊ အငှားချထားခြင်းခံရသူကြောင့်ဖြစ်စေ၊ အိမ်ခန်းကိုအပေါင်ခံ၍ လက်ရောက်ရယူထားသူကြောင့်ဖြစ်စေ၊ မိမိ၏ခွင့်ပြုချက်ဖြင့် နေထိုင်သူကြောင့်ဖြစ်စေ စုပေါင်းပိုင်အဆောက်အအုံ သို့မဟုတ် စုပေါင်းပိုင်ပစ္စည်း ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ထိုသူများနှင့် သီခြားသဘောတူညီချက် မရှိလျှင် မိမိ၌သာ တာဝန်ရှိသည်။

(စ) မိမိ၏အိမ်ခန်းအတွင်းပိုင်းကို အမှုဆောင်အဖွဲ့၏ခွင့်ပြုချက်ဖြင့် ပြုပြင်မွမ်းမံခြင်း၊ အသေးစားပြင် ဆင်ခြင်းပြုရာတွင် အဆောက်အအုံ၏ မူလပုံစံနှင့်ခိုင်ခံ့မှုကို မထိခိုက်စေရ။

(ဆ) အမှုဆောင်အဖွဲ့၏ သီးခြားခွင့်ပြုချက်ဖြင့် အိမ်ခန်းကို အခြားနည်းသုံးစွဲခြင်း ပြုနိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]














 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service