အကျိုးဆောင်မပါဘဲ စာချုပ်ချုပ်ဆိုရင် သတိပြုပါ - Property Knowledge in Myanmar from iMyanmarHouse.com
2887 Views

အကျိုးဆောင်မပါဘဲ စာချုပ်ချုပ်ဆိုရင် သတိပြုပါ

Knowledge | Posted by Aye Myat Thu

[Unicode]

အိမ်ခြံမြေတွေကို အကျိုးဆောင် မပါဘဲ စာချုပ်ချုပ်ဆိုရောင်းဝယ် ကြမယ်ဆိုရင် စာချုပ်ပါအကြောင်းအရာတွေကို သေသေချာချာ စစ်ဆေးသင့်တယ်လို့ သိရပါတယ်။

“သေချာမစစ်ဆေးဘဲ ဝယ်ယူတာတွေကြောင့် စလစ်အတု၊ ပါမစ်အတုတွေ ဝယ်မိတယ်ဆိုတဲ့ ပြဿနာတွေ ဖြစ်ပေါ်နေ ရတာပါ၊ သေချာစစ်ဆေးမယ်ဆိုရင်တော့ ဒီပြဿနာတွေ မဖြစ်နိုင်ဘူး”လို့ အိမ်ခြံမြေအကျိုးဆောင် ဦးမြင့်အေးက ဆိုပါတယ်။

အိမ်ခြံမြေဆိုင်ရာ စာချုပ်ချုပ်ဆိုတဲ့ အခါမှာ သတိထားရမယ့် အချက်တွေနဲ့ အရေးကြီးအချက်တွေကို ရောင်းဝယ်သူ တချို့အမှတ်တမဲ့ ထားရှိတတ်ပါတယ်။ မြေ အမျိုးအစားအလိုက် ပိုင်ဆိုင်မှုအထောက်အထားတွေကို နားလည်တတ်ကျွမ်းသူ တွေနဲ့ စစ်ဆေးသင့်ပါတယ်။ ဝယ်ရောင်း တချို့က စာရွက်စာတမ်းတွေကို အပေါ်ယံလောက်ပဲ ကြည့်ရှုစစ်ဆေးတတ်ကြတာ ကြောင့် သေချာစစ်ဆေးဖို့ လိုအပ်ပါ တယ်။ ဒါ့အပြင် ယခုနောက်ပိုင်းမှာ ဂရန်၊ စလစ်မြေ၊ ပါမစ်မြေတွေရဲ့ စာရွက်စာတမ်း အတုတွေ ထွက်နေတဲ့အတွက် သေချာစစ် ဆေးသင့်တာ ဖြစ်တယ်လို့ သိရပါတယ်။

စာချုပ်စာတမ်းပါ အချက်အလက် တွေကိုလည်း သေချာစွာဖတ်ရှုသင့်ပါ တယ်။ ငွေကြေးဆိုင်ရာ ကိန်းဂဏန်းတွေ၊ ရက်စွဲတွေ၊ စာချုပ်ပါစကားလုံးတွေကို တစ်လုံး ချင်းစီ သေသေချာချာစစ်ဆေးမှ သာ စာချုပ်ပါအချက်အလက်နဲ့ ကွဲပြားမှု တွေကို သိရှိနိုင်မှာပါ။ ဒါ့အပြင်မှတ်ပုံတင် ပါ အချက်အလက်တွေ၊ တိုက်ခန်းမြေကွက် တည်နေရာတွေကိုလည်း စာချုပ်စာတမ်းနဲ့ ကိုက်ညီမှု ရှိ မရှိ တိုက်ဆိုင်စစ်ဆေးသင့်တယ်လို့ သိရပါတယ်။

နောက်တစ်ခု သတိထားရမှာကတော့ စာချုပ်ပါအချက်တချို့ကို အမှားပြင်ဆင် ချက်နဲ့ အမှားပြင်ဆင်တာတွေ ဖြစ်ပါ တယ်။ စာချုပ်ထဲမှာ အမှားတစ်စုံတစ်ရာ ရှိပါက ပြင်ဆင်ချက်ကို သေချာစွာ စစ်ဆေး ရပါမယ်။ စာချုပ်တွေကို စစ်ဆေးတဲ့အခါ အမှားတွေ့ရင် correction pen ကို မသုံးဖို့ ကလည်း သတိပြုစရာတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ correction pen အသုံးပြုမိပြီး အမှား ပြင်ဆင်ချက်ကို initial sign (လက်မှတ်အတို ကောက်) ထိုးထားပေမဲ့ မသမာသူတွေက correction pen ကို အသုံးပြုပြီး ထပ်ပြီး အမှားပြင်ဆင်နိုင်တာကြောင့် ဖြစ်ပါ တယ်။

လက်မှတ်အတိုကောက်ထိုး

စာချုပ်မှာ အမှားတွေ့ရှိမယ်ဆိုရင် လုပ်ဆောင်ရမယ့် အကောင်းဆုံးအချက် ကတော့ အမှားစကားလုံးပေါ်မှာ cross မျဉ်းတစ်ကြောင်းသာခြစ်ပြီး အပေါ်မှာ အမှားပြင်ဆင်ချက်ရေးကာ initial sign (လက်မှတ်အတိုကောက်) ထိုးပေးခြင်းပဲ ဖြစ်ပါတယ်။

“ကိုယ်ဝယ်တဲ့ချိန်မှာ ဒီလိုအမှားမျိုး ကို ရပါတယ်လို့ သဘောထားလိုက်ပေမဲ့ ပြန်ရောင်းတဲ့အခါကျတော့ အခက်တွေ့ ရော အဲဒီလိုအမှားပြင်ဆင်ချက်က သို့လော သို့လော ဖြစ်စေပါတယ်”လို့ အထက်တန်း ရှေ့နေ မသိင်္ဂီအေးက ဆိုပါတယ်။

အခုလိုအမှားမျိုးတွေကို စာချုပ်မှာ တွေ့ရှိလာတယ်ဆိုရင် အရောင်းအဝယ် ပိုင်းမှာ အခက်အခဲတချို့ရှိလာပြီး ပြဿနာတက်နိုင်တာကြောင့် ရောင်းသူနဲ့ ဝယ်သူကြားမှာ နှစ်ဦးသဘောတူ စာချုပ်အသစ် တစ်ခု ထပ်မံချုပ်ဆိုလို့ရတယ်လို့ သိရပါတယ်။ ဝယ်ယူသူအနေနဲ့ သံသယရှိတယ် ဆိုရင် ရောင်းသူကို မူရင်း ပထမပိုင်ရှင်နဲ့ တိုက်ရိုက် စာချုပ်ချုပ်ဆိုခွင့် တောင်းဆိုလို့ ရသလို ချုပ်ဆိုခွင့်ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် သက်သေထည့်သွင်းတဲ့ နေရာမှာလည်း နားလည်သူတွေကိုသာ သက်သေအဖြစ် ထည့်သွင်းသင့်တယ်လို့ သိရပါတယ်။

“ အသိမိတ်ဆွေမို့လို့၊ လမ်းကြုံလို့ စ တာတွေကို သက်သေထိုးခိုင်းတာကလဲ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာရင် သူတို့ က စာချုပ်ပါအကြောင်းအရာကို မသိတော့ အခက်တွေ့ရတယ်၊ ဒါကြောင့် သူ တို့ကို သက်သေလုပ်ခိုင်းမယ်ဆိုရင် သေချာသိအောင်အရင်ပြောထားသင့်တယ် ”လို့ အထက်တန်းရှေ့နေ မသိင်္ဂီအေးက ဆက်ပြောပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: Kumudra

 

[Zawgyi]

အက်ိဳးေဆာင္မပါဘဲ စာခ်ဳပ္ခ်ဳပ္ဆိုရင္ သတိျပဳပါ

အိမ္ၿခံေျမေတြကို အက်ိဳးေဆာင္ မပါဘဲ စာခ်ဳပ္ခ်ဳပ္ဆိုေရာင္းဝယ္ ၾကမယ္ဆိုရင္ စာခ်ဳပ္ပါအေၾကာင္းအရာေတြကို ေသေသခ်ာခ်ာ စစ္ေဆးသင့္တယ္လို႔ သိရပါတယ္။

“ေသခ်ာမစစ္ေဆးဘဲ ဝယ္ယူတာေတြေၾကာင့္ စလစ္အတု၊ ပါမစ္အတုေတြ ဝယ္မိတယ္ဆိုတဲ့ ျပႆနာေတြ ျဖစ္ေပၚေန ရတာပါ၊ ေသခ်ာစစ္ေဆးမယ္ဆိုရင္ေတာ့ ဒီျပႆနာေတြ မျဖစ္ႏိုင္ဘူး”လို႔ အိမ္ၿခံေျမအက်ိဳးေဆာင္ ဦးျမင့္ေအးက ဆိုပါတယ္။

အိမ္ၿခံေျမဆိုင္ရာ စာခ်ဳပ္ခ်ဳပ္ဆိုတဲ့ အခါမွာ သတိထားရမယ့္ အခ်က္ေတြနဲ႔ အေရးႀကီးအခ်က္ေတြကို ေရာင္းဝယ္သူ တခ်ိဳ႕အမွတ္တမဲ့ ထားရွိတတ္ပါတယ္။ ေျမ အမ်ိဳးအစားအလိုက္ ပိုင္ဆိုင္မႈအေထာက္အထားေတြကို နားလည္တတ္ကြၽမ္းသူ ေတြနဲ႔ စစ္ေဆးသင့္ပါတယ္။ ဝယ္ေရာင္း တခ်ိဳ႕က စာ႐ြက္စာတမ္းေတြကို အေပၚယံေလာက္ပဲ ၾကည့္ရႈစစ္ေဆးတတ္ၾကတာ ေၾကာင့္ ေသခ်ာစစ္ေဆးဖို႔ လိုအပ္ပါ တယ္။ ဒါ့အျပင္ ယခုေနာက္ပိုင္းမွာ ဂရန္၊ စလစ္ေျမ၊ ပါမစ္ေျမေတြရဲ႕ စာ႐ြက္စာတမ္း အတုေတြ ထြက္ေနတဲ့အတြက္ ေသခ်ာစစ္ ေဆးသင့္တာ ျဖစ္တယ္လို႔ သိရပါတယ္။

စာခ်ဳပ္စာတမ္းပါ အခ်က္အလက္ ေတြကိုလည္း ေသခ်ာစြာဖတ္ရႈသင့္ပါ တယ္။ ေငြေၾကးဆိုင္ရာ ကိန္းဂဏန္းေတြ၊ ရက္စြဲေတြ၊ စာခ်ဳပ္ပါစကားလုံးေတြကို တစ္လုံး ခ်င္းစီ ေသေသခ်ာခ်ာစစ္ေဆးမွ သာ စာခ်ဳပ္ပါအခ်က္အလက္နဲ႔ ကြဲျပားမႈ ေတြကို သိရွိႏိုင္မွာပါ။ ဒါ့အျပင္မွတ္ပုံတင္ ပါ အခ်က္အလက္ေတြ၊ တိုက္ခန္းေျမကြက္ တည္ေနရာေတြကိုလည္း စာခ်ဳပ္စာတမ္းနဲ႔ ကိုက္ညီမႈ ရွိ မရွိ တိုက္ဆိုင္စစ္ေဆးသင့္တယ္လို႔ သိရပါတယ္။

ေနာက္တစ္ခု သတိထားရမွာကေတာ့ စာခ်ဳပ္ပါအခ်က္တခ်ိဳ႕ကို အမွားျပင္ဆင္ ခ်က္နဲ႔ အမွားျပင္ဆင္တာေတြ ျဖစ္ပါ တယ္။ စာခ်ဳပ္ထဲမွာ အမွားတစ္စုံတစ္ရာ ရွိပါက ျပင္ဆင္ခ်က္ကို ေသခ်ာစြာ စစ္ေဆး ရပါမယ္။ စာခ်ဳပ္ေတြကို စစ္ေဆးတဲ့အခါ အမွားေတြ႕ရင္ correction pen ကို မသုံးဖို႔ ကလည္း သတိျပဳစရာတစ္ခု ျဖစ္တယ္လို႔ သိရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ correction pen အသုံးျပဳမိၿပီး အမွား ျပင္ဆင္ခ်က္ကို initial sign (လက္မွတ္အတို ေကာက္) ထိုးထားေပမဲ့ မသမာသူေတြက correction pen ကို အသုံးျပဳၿပီး ထပ္ၿပီး အမွားျပင္ဆင္ႏိုင္တာေၾကာင့္ ျဖစ္ပါ တယ္။

လက္မွတ္အတိုေကာက္ထိုး

စာခ်ဳပ္မွာ အမွားေတြ႕ရွိမယ္ဆိုရင္ လုပ္ေဆာင္ရမယ့္ အေကာင္းဆုံးအခ်က္ ကေတာ့ အမွားစကားလုံးေပၚမွာ cross မ်ဥ္းတစ္ေၾကာင္းသာျခစ္ၿပီး အေပၚမွာ အမွားျပင္ဆင္ခ်က္ေရးကာ initial sign (လက္မွတ္အတိုေကာက္) ထိုးေပးျခင္းပဲ ျဖစ္ပါတယ္။

“ကိုယ္ဝယ္တဲ့ခ်ိန္မွာ ဒီလိုအမွားမ်ိဳး ကို ရပါတယ္လို႔ သေဘာထားလိုက္ေပမဲ့ ျပန္ေရာင္းတဲ့အခါက်ေတာ့ အခက္ေတြ႕ ေရာ အဲဒီလိုအမွားျပင္ဆင္ခ်က္က သို႔ေလာ သို႔ေလာ ျဖစ္ေစပါတယ္”လို႔ အထက္တန္း ေရွ႕ေန မသိဂႌေအးက ဆိုပါတယ္။

အခုလိုအမွားမ်ိဳးေတြကို စာခ်ဳပ္မွာ ေတြ႕ရွိလာတယ္ဆိုရင္ အေရာင္းအဝယ္ ပိုင္းမွာ အခက္အခဲတခ်ိဳ႕ရွိလာၿပီး ျပႆနာတက္ႏိုင္တာေၾကာင့္ ေရာင္းသူနဲ႔ ဝယ္သူၾကားမွာ ႏွစ္ဦးသေဘာတူ စာခ်ဳပ္အသစ္ တစ္ခု ထပ္မံခ်ဳပ္ဆိုလို႔ရတယ္လို႔ သိရပါတယ္။ ဝယ္ယူသူအေနနဲ႔ သံသယရွိတယ္ ဆိုရင္ ေရာင္းသူကို မူရင္း ပထမပိုင္ရွင္နဲ႔ တိုက္႐ိုက္ စာခ်ဳပ္ခ်ဳပ္ဆိုခြင့္ ေတာင္းဆိုလို႔ ရသလို ခ်ဳပ္ဆိုခြင့္ရွိတယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ သက္ေသထည့္သြင္းတဲ့ ေနရာမွာလည္း နားလည္သူေတြကိုသာ သက္ေသအျဖစ္ ထည့္သြင္းသင့္တယ္လို႔ သိရပါတယ္။

“ အသိမိတ္ေဆြမို႔လို႔၊ လမ္းႀကဳံလို႔ စ တာေတြကို သက္ေသထိုးခိုင္းတာကလဲ ျပႆနာတစ္စုံတစ္ရာ ျဖစ္လာရင္ သူတို႔ က စာခ်ဳပ္ပါအေၾကာင္းအရာကို မသိေတာ့ အခက္ေတြ႕ရတယ္၊ ဒါေၾကာင့္ သူ တို႔ကို သက္ေသလုပ္ခိုင္းမယ္ဆိုရင္ ေသခ်ာသိေအာင္အရင္ေျပာထားသင့္တယ္ ”လို႔ အထက္တန္းေရွ႕ေန မသိဂႌေအးက ဆက္ေျပာပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service