Local Property News | Posted by Shwe Zin Win
[Unicode]
ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် (၄,၁၈၀) နေရာကို ဖန်တီးပေးနိုင်မည့်လုပ်ငန်းများ မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်ခွင့်ပြုခဲ့ကြောင်း ယင်းကော်မတီ၏ မေ ၂၂ ရက်ကကျင်းပသော (၇/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးမှသိရသည်။
အဆိုပါအစည်းအဝေးကို Video Conferencing စနစ်ဖြင့်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဉီးသောင်းထွန်းနှင့် အဖွဲ့ဝင်များကနေပြည်တော်ရှိ ရင်းနှီးမြှုုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန မှ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှလည်းကောင်း၊ ကျန်အဖွဲ့ဝင်များက သက်ဆိုင်ရာ နေရာ ဒေသများမှ လည်းကောင်း ပါဝင် ဆွေးနွေးကြကြောင်းသိရသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၂)ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါ အဝင် စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ နှင့် ဝန်ဆောင်ကဏ္ဍတို့မှ လုပ်ငန်း အသစ် (၉)ခု ကို ခွင့်ပြုပေးခဲ့ကြောင်းသိရ သည်။
အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၆၈၄ ဒသမ ၂) သန်းနှင့် ငွေကျပ် (၉၆,၀၃၄ ဒသမ ၄၅၁) သန်း ရှိပြီး ပြည်တွင်း လုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၄,၁၈၀) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ ရင်းနှီးမြှုုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်းသိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ပြည်တွင်း လုပ်သားများ အတွက် အလုပ်အကိုင် (၄,၁၈၀) နေရာကို ဖန်တီးပေးနိုင်မည့်လုပ်ငန်းများ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုခဲ့
ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် (၄,၁၈၀) နေရာကို ဖန်တီးပေးနိုင်မည့်လုပ်ငန်းများ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုခဲ့ကြောင်း ယင်းကော်မတီ၏ မေ ၂၂ ရက်ကကျင်းပသော (၇/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးမှသိရသည်။
အဆိုပါအစည်းအဝေးကို Video Conferencing စနစ်ဖြင့်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဉီးသောင်းထွန်းနှင့် အဖွဲ့ဝင်များကနေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန မှ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှလည်းကောင်း၊ ကျန်အဖွဲ့ဝင်များက သက်ဆိုင်ရာ နေရာ ဒေသများမှ လည်းကောင်း ပါဝင် ဆွေးနွေးကြကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၆၈၄ ဒသမ ၂) သန်းနှင့် ငွေကျပ် (၉၆,၀၃၄ ဒသမ ၄၅၁) သန်း ရှိပြီး ပြည်တွင်း လုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၄,၁၈၀) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်းသိရသည်။