COVID-19 ကြောင့် ကျဆင်းသည့် စီးပွားရေးကို တုန့်ပြန်ရန် ခွင့်ပြုပြီး ဘတ်ဂျတ် ကျပ် ဘီလီယံ ၁၇၀၀ ကို ပြန်ပြောင်းသုံးစွဲမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
663 Views

COVID-19 ကြောင့် ကျဆင်းသည့် စီးပွားရေးကို တုန့်ပြန်ရန် ခွင့်ပြုပြီး ဘတ်ဂျတ် ကျပ် ဘီလီယံ ၁၇၀၀ ကို ပြန်ပြောင်းသုံးစွဲမည်ဟုဆို

[Unicode]

COVID-19 ကပ်ရောဂါကြောင့် ကျဆင်းသည့် စီးပွားရေးကဏ္ဍများကို တုန့်ပြန်ရန် ဝန်ကြီးဌာန များသို့ ခွင့်ပြုပြီးဖြစ်သည့် ဘတ်ဂျက်များ အနက်မှကျပ် ဘီလီယံ ၁၇၀၀ ကို လွှဲပြောင်းသုံးမည်ဟု ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲ ရေး ဥပဒေကြမ်းနှင့်ပတ်သက်သည့် ငွေကြေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာတွင် ဖော်ပြထား သည်။

ထိုပမာဏသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ ပြည်ထောင်စုအစိုးရ၏ မူလရသုံးမှန်းခြေငွေစာရင်းတွင် ပါဝင်သည့် ဝန်ကြီးဌာနများအသုံးစရိတ်၏ ၆ ဒဿမ ၆၆ ရာခိုင်နှုန်းဖြစ်သည်။

ဝန်ကြီးဌာနများ၏ အသုံးစရိတ်စုစုပေါင်းသည် ကျပ် ၂၅၅၃၅ ဘီလီယံကျော်ရှိသည်။ ထိုငွေပမာဏထဲတွင် ပြည်ပချေးငွေနှင့် အကူအညီများ ထည့်တွက်ထားခြင်းမရှိဟုဆိုသည်။

COVID-19 ကို ရင်ဆိုင်ရာတွင် လှည့်ပတ်ရန်ပုံငွေမှ သုံးစွဲ ခြင်းအပြင် ပြည်ပချေးငွေများ ရယူသုံးစွဲရန် ဆောင်ရွက်နေသည်ဟုလည်းဆိုသည်။

ထိုငွေကြေးတွင် ဝန်ကြီးဌာနများဆီမှ လွှဲပြောင်းသုံးရန် လျှာထားသည် ကျပ်ဘီလီယံ ၃၀၀ ကျော်နှင့် အထွေထွေပိုလျှံရန်ပုံငွေစာရင်းသို့အပ်နှံပြီး တဆင့်လွှဲပြောင်းသုံးစွဲရန် ကျပ် ၁၄၀၀ ဘီလီယံခန့်ပါဝင်သည်။ ထိုကြောင့် စုစုပေါင်း ကျပ် ၁၇၀၀ ဘီလီယံဖြစ်သည်။

COVID-19 နှင့် ပတ်သက် ပြီး တိုက်ရိုက်သုံးစွဲရန် မရှိသည့် ဝန်ကြီးဌာနများအနေဖြင့် ၎င်းတို့ ဌာနမှ လွှဲပြောင်းသုံးစွဲနိုင်သည့် ငွေကြေးကို စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနသို့ ပြန် လည်အပ်နှံပြီး ယင်းမှတစ်ဆင့် လိုအပ်သည့်နေရာတွင် သုံးစွဲရန် ဖြစ်သည်။

ထိုငွေကြေးထဲမှ ကျပ် ဘီလီယံ ၆၀ကျော်ကို ပုံမှန်ဝင်ငွေမရှိသူများအတွက် အခြေခံစားသောက်ကုန် ထောက်ပံ့ရန် သုံးထားသည်ဟုဆိုသည်။ ထိုပြင် တိုက်ပွဲရှောင် စခန်းများအတွက် ကျပ် ၂ ဘီလီယံနှင့် အရန်ဆန်နှင့် စားအုန်းဆီဝယ်ယူရန် ကျပ် ၃၈ ဘီလီယံ ကိုလည်းသုံးစွဲပြီးဖြစ်သည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]














Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service