စတော့အိတ်ချိန်းတွင် ဆဋ္ဌမမြောက်ကုမ္ပဏီ မေလ ၂၈ ရက်တွင် စာရင်းဝင်မည် - Property News in Myanmar from iMyanmarHouse.com
703 Views

စတော့အိတ်ချိန်းတွင် ဆဋ္ဌမမြောက်ကုမ္ပဏီ မေလ ၂၈ ရက်တွင် စာရင်းဝင်မည်

[Unicode]

COVID-19 ကပ်ရောဂါဖြစ်နေသော်လည်း ရန်ကုန် စတော့အိတ်ချိန်းတွင် EFR ကုမ္ပ ဏီက ခြောက်ခုမြောက် ကုမ္ပဏီ အဖြစ် မေလ ၂၈ ရက်တွင် စာရင်းဝင်ရောက်မည်ဟု အဆိုပါ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဦးအောင်မင်းဟန်က ပြောကြားသည်။

Ever Flow River (EFR) ကုမ္ပဏီ၏ စာရင်းဝင်ရန် မတ်လ ၁၃ ရက်တွင် ချေးငွေသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က ခွင့်ပြုပြီးဖြစ်သော်လည်း COVID-19 ကြောင့် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

‘‘COVID-19 ကာကွယ်တဲ့ အနေနဲ့ Social Distancing လုပ်တဲ့အနေနဲ့ ငါးယောက်နဲ့ပဲ လုပ်သွားမယ်။ ကုမ္ပဏီဘက်က ငါးယောက်၊ စတော့အိတ်ချိန်း ဘက်က သုံးယောက်နဲ့ အကျဉ်း ချုံးပြီးလုပ်သွားမယ်’’ ဟု ဦးအောင်မင်းဟန်က ပြောသည်။

ယခုကာလတွင် သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများသည် အရေးပါလာခြင်းနှင့် ကုမ္ပဏီ ဘက်ကလည်း စတော့အိတ်ချိန်း ဝင်ရောက်ရန် အချိန်ကြာမြင့်စွာ ဆောင်ရွက်ခဲ့ရခြင်းကြောင့် ယခုကဲ့သို့ စာရင်းဝင်ရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ထိုသို့ ဆောင်ရွက်ရန်အတွက် ပြည်ထောင်စုအဆင့်ဝန်ကြီးရုံးအထိ တင်ပြပြီးဖြစ်သည် ဟု ချေးငွေသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်က ပြော သည်။

EFR ကုမ္ပဏီသည် ရန်ကုန် စတော့အိတ်ချိန်းတွင် ပဉ္စမ မြောက် အများပိုင်ကုမ္ပဏီ TMH စာရင်းဝင်ပြီးနောက် ၂ နှစ်ကျော် ကာလအတွင်း ပထမဆုံး စာရင်းဝင်လာသည့် အများပိုင်ကုမ္ပဏီ တစ်ခုဖြစ်သည်။

ယင်းကုမ္ပဏီသည် သယ်ယူ ထောက်ပံ့လုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ သယ်ယူပို့ ဆောင်ရေးနှင့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် နှင့် ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ် သည်ဟု ရန်ကုန်စတော့အိတ်ချိန်း က ကြေညာသည်။

EFR ကုမ္ပဏီသည် လက်အောက်ခံကုမ္ပဏီခုနစ်ခု၊ အဖွဲ့အစည်းတစ်ခုနှင့် စီမံကိန်းကုမ္ပဏီ နှစ်ခုတို့ဖြင့် ထူထောင်ထားသော ကုမ္ပဏီအုပ်စုတစ်ခုဖြစ်သည်။ လက်ရှိ ရန်ကုန်စတော့အိတ် ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီ ငါးခုရှိပြီး ၎င်းတို့မှာ FMI, MTSH, MCB, FPB နှင့် THM တို့ဖြစ်သည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service