ကုမ္ပဏီ ရှစ်ရာကျော်ကို မှတ်ပုံတင်စာရင်းကနေပယ်ဖျက် - Property News in Myanmar from iMyanmarHouse.com
684 Views

ကုမ္ပဏီ ရှစ်ရာကျော်ကို မှတ်ပုံတင်စာရင်းကနေပယ်ဖျက်

[Unicode]

အွန်လိုင်း မှတ်ပုံတင် စနစ် MyCO မှာ နှစ်စဉ် အစီရင်ခံစာ တင်ပြဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ ၈၁၀ ကို မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။

ဒါဟာ COVID-19 ဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့်မဟုတ်ဘဲ သတ်မှတ်ချက်နဲ့ မကိုက်ညီတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် စာရင်းက ပယ်ဖျက်ခံလိုက်ရတဲ့ ကုမ္ပဏီတွေအနေနဲ့ ပြန်လည်မှတ်ပုံတင်လျှောက်ထားလိုရင်တော့ လျှောက်ထားနိုင်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကပြောပါတယ်။

ကုမ္ပဏီတွေအနေနဲ့ နှစ်စဉ်အစီရင်ခံစာ AR Form ကို နှစ်ပတ်လည်ပြည့်ပြီး ချိန်မှစပြီး တစ်လထက် ပိုနောက်မကျစေဘဲ တင်ပြရတာဖြစ်ပါတယ်။

နှစ်စဉ်အစီရင်ခံစာ တင်ပြဖို့ နောက်ကျခဲ့ပါက ကုမ္ပဏီကို ဆိုင်းငံ့စာရင်းထဲမှာ ပါဝင်နေမှာဖြစ်ပြီး ဒီလိုပါဝင်လာပါကလည်း AR Form နဲ့ နောက်ကျကြေးပေးသွင်းပြီး ဆိုင်းငံ့စာရင်းကနေ ပယ်ဖျက်ပေးဖို့ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ဒီလိုလျှောက်ထားရာမှာလည်း AR Form ကြေး၊ နောက်ကျကြေးနဲ့ ကုမ္ပဏီပြန်လည်တည်ထောင်ကြေး စုစုပေါင်း နှစ်သိန်းခွဲကျပ် ကုန်ကျမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ ဆိုင်းငံ့စာရင်းမှာ ဖော်ပြခံရပြီး ခြောက်လအတွင်း AR Form မတင်ပြရင် ကုမ္ပဏီ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ကုမၸဏီ ရွစ္ရာေက်ာ္ကို မွတ္ပုံတင္စာရင္းကေနပယ္ဖ်က္

အြန္လိုင္း မွတ္ပုံတင္ စနစ္ MyCO မွာ ႏွစ္စဥ္ အစီရင္ခံစာ တင္ျပဖို႔ ပ်က္ကြက္ခဲ့တဲ့ ကုမၸဏီ ၈၁၀ ကို မွတ္ပုံတင္စာရင္းကေန ပယ္ဖ်က္လိုက္တယ္လို႔ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ကုမၸဏီမ်ားၫႊန္ၾကားမႈ ဦးစီးဌာနကေန သိရပါတယ္။

ဒါဟာ COVID-19 ဗိုင္းရပ္စ္ျဖစ္ပြားမႈေၾကာင့္မဟုတ္ဘဲ သတ္မွတ္ခ်က္နဲ႔ မကိုက္ညီတာေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ စာရင္းက ပယ္ဖ်က္ခံလိုက္ရတဲ့ ကုမၸဏီေတြအေနနဲ႔ ျပန္လည္မွတ္ပုံတင္ေလွ်ာက္ထားလိုရင္ေတာ့ ေလွ်ာက္ထားႏိုင္တယ္လို႔ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြားေရးဆက္သြယ္ေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးကေျပာပါတယ္။

ကုမၸဏီေတြအေနနဲ႔ ႏွစ္စဥ္အစီရင္ခံစာ AR Form ကို ႏွစ္ပတ္လည္ျပည့္ၿပီး ခ်ိန္မွစၿပီး တစ္လထက္ ပိုေနာက္မက်ေစဘဲ တင္ျပရတာျဖစ္ပါတယ္။

ႏွစ္စဥ္အစီရင္ခံစာ တင္ျပဖို႔ ေနာက္က်ခဲ့ပါက ကုမၸဏီကို ဆိုင္းငံ့စာရင္းထဲမွာ ပါဝင္ေနမွာျဖစ္ၿပီး ဒီလိုပါဝင္လာပါကလည္း AR Form နဲ႔ ေနာက္က်ေၾကးေပးသြင္းၿပီး ဆိုင္းငံ့စာရင္းကေန ပယ္ဖ်က္ေပးဖို႔ ေလွ်ာက္ထားႏိုင္တယ္လို႔ သိရပါတယ္။

ဒီလိုေလွ်ာက္ထားရာမွာလည္း AR Form ေၾကး၊ ေနာက္က်ေၾကးနဲ႔ ကုမၸဏီျပန္လည္တည္ေထာင္ေၾကး စုစုေပါင္း ႏွစ္သိန္းခြဲက်ပ္ ကုန္က်မွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါဟာ ဆိုင္းငံ့စာရင္းမွာ ေဖာ္ျပခံရၿပီး ေျခာက္လအတြင္း AR Form မတင္ျပရင္ ကုမၸဏီ မွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္လိုက္ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service