တိုက်ခန်းဝယ်ယူလျှင် မြေငှားရမ်းခပေးရန်လိုအပ်သလား ? - Property Knowledge in Myanmar from iMyanmarHouse.com
3329 Views

တိုက်ခန်းဝယ်ယူလျှင် မြေငှားရမ်းခပေးရန်လိုအပ်သလား ?

Knowledge | Posted by Aye Myat Thu

[Unicode]

ရန်ကုန်တွင် တိုက်ခန်းဝယ်ယူခြင်းသည် မြေကိုပိုင်ဆိုင်မှုမပါဝင်၍ မြေပိုင်ရှင်၏ မြေပေါ်တွင် တည်ဆောက်ထားသည့် တိုက်ခန်းအား ဝယ်ယူခြင်းဖြစ်သောကြောင့် မြေပိုင်ရှင်အား မြေငှားရမ်းခပေးချေရမှာဖြစ်ပါတယ်။ ကန်ထရိုက်တာထံမှ ဝယ်ယူခြင်း၊ မြေရှင်ထံမှ ဝယ်ယူခြင်း မည်သည့်ဝယ်ယူခြင်းမဆို မြေငှားခပေးရပါသည်။ ကန်ထရိုက်ပိုင်ဆိုင်သည့် မြေဆိုလျှင်လည်း ကန်ထရိုက်တာကို မြေငှားခပေးရပါတယ်။

မြေငှားရမ်းခနှုန်းထားများသည် မြို့နယ်တစ်ခုနဲ့ တစ်ခု မတူညီပါဘူး။ အကောင်းဆုံးကတော့ ဝယ်ယူထားတဲ့ တိုက်ခန်း ပတ်ဝန်းကျင်ရှိ အခြားတိုက်ခန်းများကို မေးမြန်းစုံစမ်းခြင်းဖြင့် မြေငှားခနှုန်းကို သိရှိနိုင်ပါတယ်။

လက်ရှိ အများဆုံးကောက်ခံနေသည့် နှုန်းထားများကတော့ ငွေကျပ် ၁၀၀၀ိ/- ကျပ်မှ စတင်ကာ ၅၀၀၀ိ/- ကျပ်အထိ အမျိုးမျိုး ကောက်ခံကြတာတွေ့ရပါသည်။ ပေးချေပုံတွေကတော့ မြေရှင်ပေါ်မူတည်ပါတယ် တစ်လခြင်း ကောက်ခံကျသလို၊ တစ်နှစ်စာ ကောက်ခံခြင်းလည်းရှိပါတယ်။

မြေရှင်တောင်းခံသည့် နှုန်းထားသည် မိမိတိုက်တစ်ခုတည်းများနေခြင်းဖြစ်တယ်ဆိုလျှင် သက်ဆိုင်ရာ မြို့နယ်စည်ပင်ရုံးကို တိုင်ကြားဖြေရှင်းခိုင်းလို့ရပါတယ်။ မြေငှားခနည်းတူ ပေးရသည့်နောက်တစ်မျိုးက ရေဖိုးဖြစ်ပါသည်။ ရေဖိုးနှင့်ပတ်သက်လျှင်လည်း မီတာတစ်ခုတည်းကနေ တိုက်တစ်တိုက်လုံး စုပေါင်းသုံးခြင်း ဖြစ်၍ အချိုးကျ ကျခံရပါတယ်။

လက်ရှိ အများဆုံးကောက်ခံနေသည့် နှုန်းထားများကတော့ ငွေကျပ် ၅၀၀၀ိ/- ကျပ်မှ စတင်ကာ ၆၀၀၀ိ/- ကျပ်အထိ အမျိုးမျိုး ကောက်ခံကြတာတွေ့ရပါသည်။ အကောင်းဆုံးကတော့ တိုက်ခန်း ဝယ်ယူခြင်း မပြုခင်ကတည်းက မြေဖိုး၊ ရေဖိုး တစ်ခါတည်းမေးမြန်းပြီးမှ စာချုပ်တွင် ထည့်သွင်း ဖော်ပြချုပ်ဆို ထားခြင်းသည် အကောင်းဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တိုက္ခန္းဝယ္ယူလွ်င္ ေျမငွားရမ္းခေပးရန္လိုအပ္သလား ?

ရန္ကုန္တြင္ တိုက္ခန္းဝယ္ယူျခင္းသည္ ေျမကိုပိုင္ဆိုင္မႈမပါဝင္၍ ေျမပိုင္ရွင္၏ ေျမေပၚတြင္ တည္ေဆာက္ထားသည့္ တိုက္ခန္းအား ဝယ္ယူျခင္းျဖစ္ေသာေၾကာင့္ ေျမပိုင္ရွင္အား ေျမငွားရမ္းခေပးေခ်ရမွာျဖစ္ပါတယ္။ ကန္ထ႐ိုက္တာထံမွ ဝယ္ယူျခင္း၊ ေျမရွင္ထံမွ ဝယ္ယူျခင္း မည္သည့္ဝယ္ယူျခင္းမဆို ေျမငွားခေပးရပါသည္။ ကန္ထ႐ိုက္ပိုင္ဆိုင္သည့္ ေျမဆိုလွ်င္လည္း ကန္ထ႐ိုက္တာကို ေျမငွားခေပးရပါတယ္။

ေျမငွားရမ္းခႏႈန္းထားမ်ားသည္ ၿမိဳ႕နယ္တစ္ခုနဲ႔ တစ္ခု မတူညီပါဘူး။ အေကာင္းဆုံးကေတာ့ ဝယ္ယူထားတဲ့ တိုက္ခန္း ပတ္ဝန္းက်င္ရွိ အျခားတိုက္ခန္းမ်ားကို ေမးျမန္းစုံစမ္းျခင္းျဖင့္ ေျမငွားခႏႈန္းကို သိရွိႏိုင္ပါတယ္။

လက္ရွိ အမ်ားဆုံးေကာက္ခံေနသည့္ ႏႈန္းထားမ်ားကေတာ့ ေငြက်ပ္ ၁၀၀၀ိ/- က်ပ္မွ စတင္ကာ ၅၀၀၀ိ/- က်ပ္အထိ အမ်ိဳးမ်ိဳး ေကာက္ခံၾကတာေတြ႕ရပါသည္။ ေပးေခ်ပုံေတြကေတာ့ ေျမရွင္ေပၚမူတည္ပါတယ္ တစ္လျခင္း ေကာက္ခံက်သလို၊ တစ္ႏွစ္စာ ေကာက္ခံျခင္းလည္းရွိပါတယ္။

ေျမရွင္ေတာင္းခံသည့္ ႏႈန္းထားသည္ မိမိတိုက္တစ္ခုတည္းမ်ားေနျခင္းျဖစ္တယ္ဆိုလွ်င္ သက္ဆိုင္ရာ ၿမိဳ႕နယ္စည္ပင္႐ုံးကို တိုင္ၾကားေျဖရွင္းခိုင္းလို႔ရပါတယ္။ ေျမငွားခနည္းတူ ေပးရသည့္ေနာက္တစ္မ်ိဳးက ေရဖိုးျဖစ္ပါသည္။ ေရဖိုးႏွင့္ပတ္သက္လွ်င္လည္း မီတာတစ္ခုတည္းကေန တိုက္တစ္တိုက္လုံး စုေပါင္းသုံးျခင္း ျဖစ္၍ အခ်ိဳးက် က်ခံရပါတယ္။

လက္ရွိ အမ်ားဆုံးေကာက္ခံေနသည့္ ႏႈန္းထားမ်ားကေတာ့ ေငြက်ပ္ ၅၀၀၀ိ/- က်ပ္မွ စတင္ကာ ၆၀၀၀ိ/- က်ပ္အထိ အမ်ိဳးမ်ိဳး ေကာက္ခံၾကတာေတြ႕ရပါသည္။ အေကာင္းဆုံးကေတာ့ တိုက္ခန္း ဝယ္ယူျခင္း မျပဳခင္ကတည္းက ေျမဖိုး၊ ေရဖိုး တစ္ခါတည္းေမးျမန္းၿပီးမွ စာခ်ဳပ္တြင္ ထည့္သြင္း ေဖာ္ျပခ်ဳပ္ဆို ထားျခင္းသည္ အေကာင္းဆုံးေသာ နည္းလမ္းတစ္ခုျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service