ကိုဗစ်ကြောင့် ရပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ကြီးကြပ်မှုကော်မတီဖွဲ့ - Property News in Myanmar from iMyanmarHouse.com
696 Views

ကိုဗစ်ကြောင့် ရပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ကြီးကြပ်မှုကော်မတီဖွဲ့

[Unicode]

ရန်ကုန်တိုင်းအတွင်းက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ COVID-19 ဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီကိုဖွဲ့စည်းဖို့ တိုင်းအစိုးရက ခွင့်ပြုပေးလိုက်ပါတယ်။

ဒီကော်မတီကို ဖွဲ့စည်းဖို့ ဆောင်ရွက်ရတာဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေ အချိန်မီပြီးစီးဖို့အတွက် ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေနဲ့ အညီ ဖော်ဆောင်ဖို့ လိုအပ်နေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် COVID-19 ဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ ကာလအတွင်း လုပ်ငန်းတွေကိုဆောင်ရွက်ရာမှာ သတ်မှတ်ချက်နဲ့ ညီမညီ ကြီးကြပ်စစ်ဆေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကော်မတီက ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း COVID-19 ဗိုင်းရပ်စ်ရောဂါထိန်းချုပ်ဖို့နဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မပြတ်ဆောင်ရွက်ဖို့ ဦးစားပေးမယ်လို့ ဆိုထားတာပါ။

နောက်ဆုံးအချက်အနေနဲ့ကတော့ ဆောက်လုပ်ရေးကဏ္ဍအတွင်းက အလုပ်သမားတွေအတွင်း ကပ်ရောဂါမကူးစက်စေရေးနဲ့ အချိန်မီကုသရေးအတွက်လည်း ဦးစားပေးဆောင်ရွက်မယ်လို့ သိရပါတယ်။

ယခုဖွဲ့စည်းလိုက်တဲ့ ကော်မတီကို တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဌအဖြစ် ဦးဆောင်မှာဖြစ်ပြီး သက်ဆိုင်ရာဌာနတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေလည်း ပါဝင်နေတာပါ။

ယခုဖွဲ့စည်းလိုက်တဲ့ ကော်မတီဟာ ဆောက်လုပ်ရေးကဏ္ဍမှာ အခက်အခဲတွေရှိလို့ တင်ပြလာတဲ့အခါမှာ အထောက်အကူပေးနိုင်အောင်ဖွဲ့စည်းခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်ကပြောပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

[Zawgyi]













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service