ပြည်တွင်းဘဏ်တွေ ဗဟိုဘဏ်ညွှန်ကြားချက် လိုက်နာရမယ့် အချိန်ကို ထပ်မံသက်တမ်းတိုးပေး - Property News in Myanmar from iMyanmarHouse.com
1011 Views

ပြည်တွင်းဘဏ်တွေ ဗဟိုဘဏ်ညွှန်ကြားချက် လိုက်နာရမယ့် အချိန်ကို ထပ်မံသက်တမ်းတိုးပေး

[Unicode]

ပြည်တွင်းဘဏ်တွေမတည်ရင်းနှီးငွေမပြည့်မီခြင်းအတွက် ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်တွေ လိုက်နာရမယ့် နောက်ဆုံးအချိန်သတ်မှတ်ချက်ကို ၃ နှစ်သက်တမ်းတိုးခွင့် ပြုပေးလိုက်ပါတယ်။

ဒီထဲမှာ အရင်းအတိုးပေးဆပ်ဖို့ ပျက်ကွက်တဲ့ ချေးငွေတွေ နဲ့ ချေးငှားသူတစ်ဦးချင်းကို အများဆုံးခွင့်ပြုပမာဏထက် ကျော်လွန်ထုတ်ချေးခြင်းတွေအတွက် လည်း ပါဝင်ပါတယ်။

ကနဦးသတ်မှတ်ချက် ထဲမှာတော့ ယခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ဆောင်ရွက်ရမှာဖြစ်ပေမယ့် လက်ရှိမှာတော့ ၂၀၂၃ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ခွင့်ပြုလိုက်တာလည်းဖြစ်ပါတယ်။

ဗဟိုဘဏ်က လူပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတစ်ခုကို ဖြစ်စေ ဘဏ်တွေအနေနဲ့ မတည်ငွေရဲ့ ၂၀ ရာခိုင်နှုန်းထက် မကျော်လွန်စေပဲ ချေးငွေထုတ်ပေးဖို့ သတ်မှတ်ချက် ပါရှိပါတယ်။

ဒါပေမယ့် အရင်းအတိုး ပေးဆပ်ဖို့ ပျက်ကွက်တဲ့ ချေးငွေတွေအပေါ် အမှန်တကယ်မရှိသေးတဲ့ အတိုးတွေကို ဘဏ်တွေရဲ့ ဝင်ငွေအဖြစ် ထည့်သွင်းတွက်ချက်ခြင်းမှ ရှောင်ကြဉ်ဖို့၊ ရပိုင်ခွင့် အမျိုးအစားသတ်မှတ်ခြင်းနဲ့ လျာထားခြင်းတွေကို တော့သတ်မှတ်ချက်နဲ့ အညီ တွက်ချက်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘဏ်တွေ အနေနဲ့ စည်းမျဉ်းတွေကို အပြည့်အဝလိုက်နာဖို့ Timeline and Target ထားပြီး ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

ဒီလိုဆောင်ရွက်ပြီး တိုးတက်မှု အခြေအနေတွေကို လစဉ် ပထမရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို မပျက်မကွက်တင်ပို့ဖို့နဲ့ ဘဏ်တစ်ခုခြင်းစီ ရဲ့ ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံးအားကောင်းခိုင်မာရေးအတွက် အထူးအလေးထား လိုက်နာဖို့လိုတယ်လို့ ဆိုပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]











 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service