အာမခံမယူထားသည့် ချေးငွေများအတွက် အတိုးနှုန်းလျော့ပေးမည်မဟုတ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
1527 Views

အာမခံမယူထားသည့် ချေးငွေများအတွက် အတိုးနှုန်းလျော့ပေးမည်မဟုတ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

[Unicode]

အာမခံမယူထားသည့် ချေးငွေများကို အတိုးနှုန်းထပ်မံလျော့ပေးမည်မဟုတ်ဘဲ ၁၄ ဒသမ ၅ ရာခိုင်နှုန်းသာ ဆက်လက်ထားရှိရမည်ဟု ဗဟိုဘဏ်က ဧပြီ ၂၇ ရက်တွင်ထုတ်ပြန်သည်။

ဗဟိုဘဏ်က ပြည်တွင်းဘဏ်တိုးနှုန်း ၃ ရာခိုင်နှုန်းကို သုံးကြိမ်ခွဲ၍ လျော့ချခဲ့ရာ၌ ယခင်အကြိမ်များတွင် အာမခံမယူသည့် ချေးငွေများကို အတိုးနှုန်းလျော့ချပေးခဲ့သော်လည်း တတိယ အကြိမ်တွင် မလျော့ပေးတော့ခြင်းဖြစ်သည်။

ဗဟိုဘဏ်က အပ်ငွေအတွက် ဘဏ်တိုးနှုန်းကို အနည်းဆုံး ၅ ရာခိုင်နှုန်း၊ ထုတ်ချေးငွေများအတွက် အများဆုံး အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းအထိ လျော့ချလိုက်ခြင်းဖြစ်သည်။ ထုတ်ချေးငွေ အတွက် အတိုးနှုန်း ၁၀ ရာခိုင်နှုန်းသည် ဗဟိုဘဏ်က သတ်မှတ်ထားသည့် အာမခံပစ္စည်းရယူထားသည့် ချေးငွေများအတွက်ဖြစ်သည်။

ဗဟိုဘဏ်က သတ်မှတ်ထားသည့်မဟုတ်သောပစ္စည်းရယူထားသည့် ချေးငွေနှင့် အပေါင်ပစ္စည်းမယူထားသည့် ချေးငွေများအတွက် အတိုးနှုန်းကို ၁၄ ဒသမ ၅ ရာခိုင်နှုန်းအထိထားရန် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်မဖြစ်ခင်တွင် ဗဟိုဘဏ်က အာမခံမယူသည့် ထုတ်ချေးငွေများကို ၁၆ ရာခိုင်နှုန်းသတ်မှတ်ထားရာမှ ၁၄ ဒသမ ၅ ရာခိုင်နှုန်း အထိ နှစ်ကြိမ်ခွဲ၍ လျော့ချပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့လျော့ချလိုက်သည့် အတိုးနှုန်းများသည် မေ ၁ ရက်တွင် စတင်အသက်ဝင်မည်ဟုဆိုသည်။ ဗဟိုဘဏ်က မြန်မာ့စီးပွားရေးဖွံဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်အတွက်ဟု ဆိုထားသည်။

ဗဟိုဘဏ်ကသတ်မှတ်ထားသည့် အပေါင်ပစ္စည်းများတွင် မြေနှင့်အဆောက်အဦး၊ လက်ဝတ်ရတနာ၊ အစိုးရငွေတိုက်စာချုပ်နှင့် ဗဟိုဘဏ်က သတ်မှတ်ထားသော အာမခံပစ္စည်းများပါဝင်သည်ဟုဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အာမခံမယူထားသည့္ ေခ်းေငြမ်ားအတြက္ အတိုးႏႈန္းေလ်ာ့ေပးမည္မဟုတ္ေၾကာင္း ဗဟိုဘဏ္ထုတ္ျပန္

အာမခံမယူထားသည့္ ေခ်းေငြမ်ားကို အတိုးႏႈန္းထပ္မံေလ်ာ့ေပးမည္မဟုတ္ဘဲ ၁၄ ဒသမ ၅ ရာခိုင္ႏႈန္းသာ ဆက္လက္ထားရွိရမည္ဟု ဗဟိုဘဏ္က ဧၿပီ ၂၇ ရက္တြင္ထုတ္ျပန္သည္။

ဗဟိုဘဏ္က ျပည္တြင္းဘဏ္တိုးႏႈန္း ၃ ရာခိုင္ႏႈန္းကို သုံးႀကိမ္ခြဲ၍ ေလ်ာ့ခ်ခဲ့ရာ၌ ယခင္အႀကိမ္မ်ားတြင္ အာမခံမယူသည့္ ေခ်းေငြမ်ားကို အတိုးႏႈန္းေလ်ာ့ခ်ေပးခဲ့ေသာ္လည္း တတိယ အႀကိမ္တြင္ မေလ်ာ့ေပးေတာ့ျခင္းျဖစ္သည္။

ဗဟိုဘဏ္က အပ္ေငြအတြက္ ဘဏ္တိုးႏႈန္းကို အနည္းဆုံး ၅ ရာခိုင္ႏႈန္း၊ ထုတ္ေခ်းေငြမ်ားအတြက္ အမ်ားဆုံး အတိုးႏႈန္းကို ၁၀ ရာခိုင္ႏႈန္းအထိ ေလ်ာ့ခ်လိုက္ျခင္းျဖစ္သည္။ ထုတ္ေခ်းေငြ အတြက္ အတိုးႏႈန္း ၁၀ ရာခိုင္ႏႈန္းသည္ ဗဟိုဘဏ္က သတ္မွတ္ထားသည့္ အာမခံပစၥည္းရယူထားသည့္ ေခ်းေငြမ်ားအတြက္ျဖစ္သည္။

ဗဟိုဘဏ္က သတ္မွတ္ထားသည့္မဟုတ္ေသာပစၥည္းရယူထားသည့္ ေခ်းေငြႏွင့္ အေပါင္ပစၥည္းမယူထားသည့္ ေခ်းေငြမ်ားအတြက္ အတိုးႏႈန္းကို ၁၄ ဒသမ ၅ ရာခိုင္ႏႈန္းအထိထားရန္ ဗဟိုဘဏ္က ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ကိုဗစ္မျဖစ္ခင္တြင္ ဗဟိုဘဏ္က အာမခံမယူသည့္ ထုတ္ေခ်းေငြမ်ားကို ၁၆ ရာခိုင္ႏႈန္းသတ္မွတ္ထားရာမွ ၁၄ ဒသမ ၅ ရာခိုင္ႏႈန္း အထိ ႏွစ္ႀကိမ္ခြဲ၍ ေလ်ာ့ခ်ေပးခဲ့ျခင္းျဖစ္သည္။

ထိုသို႔ေလ်ာ့ခ်လိုက္သည့္ အတိုးႏႈန္းမ်ားသည္ ေမ ၁ ရက္တြင္ စတင္အသက္ဝင္မည္ဟုဆိုသည္။ ဗဟိုဘဏ္က ျမန္မာ့စီးပြားေရးဖြံၿဖိဳးတိုးတက္မႈကို အေထာက္အကူျပဳေစရန္အတြက္ဟု ဆိုထားသည္။

ဗဟိုဘဏ္ကသတ္မွတ္ထားသည့္ အေပါင္ပစၥည္းမ်ားတြင္ ေျမႏွင့္အေဆာက္အဦး၊ လက္ဝတ္ရတနာ၊ အစိုးရေငြတိုက္စာခ်ဳပ္ႏွင့္ ဗဟိုဘဏ္က သတ္မွတ္ထားေသာ အာမခံပစၥည္းမ်ားပါဝင္သည္ဟုဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service