အိမ်ခြံမြေ အရောင်းအဝယ်စာချုပ်ရာမှာ မပါမဖြစ်ပါစေချင်သူ - Property Knowledge in Myanmar from iMyanmarHouse.com
8143 Views
အိမ်ခြံမြေ အရောင်းအဝယ်စာချုပ်ရာမှာ မပါမဖြစ်ပါစေချင်သူ
Knowledge | Posted by Aye Myat Thu
[Unicode]
ဒဂုံအရှေ့မှာ စရန်ပေးစာချုပ်ပေးထားခဲ့တာမို့ Covid -19 မဖြစ်ခင်ကတည်းက ယနေ့ သက်မှတ်ရက်တစ်လပြည့်တာနဲ့ ရောင်းသူဝယ်သူ နှစ်ဘက် ကျန်ငွေပေးချေးဖို့ ဖုန်းဆက်ပြီးနေရာရွေးခြယ်ကြရပါတယ်။ ဒါအပြင့် ဝယ်ယူသူကလည်း အလှူရှင်မှန်းသိအောင် ပရိတ်သတ်ရှေ့ထွက်ပြဖို့ ကလည်း လိုသေးတယ်လေ။ ဆိုလိုတာက ဒီရပ်ကွက်ထဲမှာ ရှိတဲ့ မြေကွက်တစ်ကွက်ကို ဝယ်ယူသူပိုင်ရှင် ဆိုတာ ကျွန်တော် ဖြစ်ပါတယ်လို့ ကြေငြာဖို့ပြောတာပါ။
ဒီအတွက် မြေကွက်အရောင်းအဝယ်စာချုပ်ပေါ်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ လက်မှတ်နဲ့စည်းတံဆိပ်အဝိုင်း ရိုက်ပေးတာကိုလိုချင်ကြတယ်။ ဒါမှဝယ်ရတာ စိတ်အေးရတာလို့လည်း အချို့သောဝယ်သူတွေက ယုံကြည်ချက်ရှိကြတယ်။
ဥပဒေဘက်က ကြည့်ရင်တော့ ပိုကောင်းတာပေါ့။ ဘာကြောင့်လည်းဆိုရင် စာချုပ်စာတမ်းဥပဒေအရ စာချုပ်စာတမ်းသက်သေ (၂) ဦးက မပါမဖြစ်ပါရမှာလေ လူတိုင်းလူတိုင်း အရပ်ထဲမှာ ချုပ်ဆိုကြတဲ့အရပ်ကတိအရောင်းအဝယ်စာချုပ် အားလုံးကို စာချုပ်ရုံးမှာ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ကြတာ မဟုတ်ပါဘူး။
ဥပမာ - ပါမစ်မြေဆိုရင် မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ဖို့မလိုအပ်ဘူးလေ မြို့တော်ခန်းမမှာ အရပ်ကတိအရောင်းအဝယ်စာချုပ်ပြပြီး ဝယ်သူအမည်ပေါက် အနှစ် (၆၀) ဂရန် သစ်လျှောက်လို့ရတယ်လေ။
အဲ….သူများအမည်ပေါက် အနှစ် (၆၀) ဂရန်ကိုဝယ်ရင်တော့၊ မိမိအမည်ပေါက်ဖြစ်ဖို့ အမည်ပြောင်းလျှောက်ယူရမှာပေါ့။ တချို့သူတွေကတော့ အမည်ပြောင်းရင် သိန်း (၂၀) (၂၅) သိန်း လောက်ပိုကုန်မှာကို မလိုလားကြဘူးလေ။
ဒီတော့ ဂရန်အမည်ပေါက်ထံက အထူးကိုယ်စားလှယ်လွှဲစာယူပြီး ဒီအတိုင်းသူများအမည်ပေါက်နဲ့နေထိုင်ကြသူတွေကိုလည်း တွေ့ရပါတယ်။ အဲဒီလို ပေါ့ပေါ့ပါးပါး နေကြတာက တော့ကောင်းပါတယ်။ ဒါပေမယ့် ဝယ်ထားတဲ့ အနှစ် (၆၀) ဂရန်က အထားမှားလို့ပျောက်သွားတာတို့ ရှိတတ်ပါတယ်။ ထိုအတူ အရပ်ကတိစာချုပ်တွေလည်းပျောက်သွားတာ တွေရှိတတ်ပါတယ်။
ဒါမျိုး ကြုံလာရင် ဂရန်မိတ္တူလျှောက်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်လိုအပ်တယ်လေ။ အဲဒီလို ကြုံလာရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပျောက်ဆုံးကြောင်း ထောက်ခံချက် ကို အလွယ်တကူထုတ်ပေးလိုက်မှာပေါ့။ ဘာကြောင့်လည်းဆိုတော့ ဝယ်ယူစဉ်က သူကိုယ်တိုင်အသိသက်သေအဖြစ် ရုံးစည်းတံဆိပ်ရိုက်ပြီး လက်မှတ်ထိုးပေးလိုက်တာကို ရုံးမှာ မှတ်တမ်းထားရှိပြီးသာ ဖြစ်နေလို့လေ။
အချို့က ဂရန်တို့ပါမစ်တို့ဝယ်ယူထားပြီး အမည်ပေါက်မလုပ်သေးဘဲ အရပ်ကတိအရောင်းအဝယ်စာချုပ်နဲ့ဘဲ ပေါ့ပေါ့ဆဆ နေထိုင်လာခဲ့ကြသူတွေရှိတယ်။ တကယ်လို့ အဲဒီအရပ်ကတိစာချုပ်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပျောက်သွားမယ်၊ ချကိုက်သွားမယ်၊ ပျက်စီးသွားမယ် စသဖြင့် အရေးကြုံလာရင် ဂရန်ပြန်လျှောက်ဖို့ ပါမစ်ပျောက်နဲ့ ဂရန်သစ်လျှောက်ဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက အလွယ်တကူပျောက်ဆုံးကြောင်း ထောက်ခံချက်လုပ်ပေးနိုင်တာပေါ့။
ဒါကြောင့်လဲအချို့သောဝယ်သူတွေက ရှေ့နေစာချုပ်ဆိုယုံနဲ့ အားမရသေးဘူး ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ စည်းတံဆိပ်လက်မှတ် ထိုးပေးတာကိုလိုချင်ကြတယ်၊ ဒါမှပိုပြီးပြည့်စုံတယ်လို့ ယုံကြည်ကြတယ်။ ဒါလဲကောင်းတာပဲလေ တစ်ချို့ပွဲစားတွေကတော၊့ အရပ်ကတိအရောင်းဝယ်စာချုပ်တွေကို ရောင်းသူဘက်ကသက်သေတစ်ယောက်၊ ဝယ်သူဘက်ကတစ်ယောက်ထိုးတက်ကြတယ်။ သူဘက်သက်သေ ကိုယ့်ဘက်သက်သေ အာမခံတဲ့ သဘောပေါ့ ။ ဒါဆိုရင်ပြည့်စုံပြီလို့ထင်ကြတယ် ဒါပုံသေနည်းလိုဖြစ်နေတယ်။
စာရေးသူတို့ရှေ့နေတွေအမြင်မှာတော့ အဲဒီအချက်ကိုသိပ်ပြီးသဘောမကျပါဘူး။ ဘာကြောင့်လည်းဆိုတော့အရပ်ကတိအရောင်းအဝယ်စာချုပ်နဲ့ ပတ်သက်ပြီးအရှုပ်အရှင်းဖြစ်လာလို့ တရားရုံးမှာသူပိုင်ကိုယ်ပိုင်အခြင်းများကြရင် နှစ်ဘက်သက်သေ (၂) ဦးက အဓိကလေ အမှုရဲ့ အနိုင်နဲ့အရှုံးကိုတောင် သက်သေရဲ့ ထွက်ချက်ကပြောင်းလဲပစ်နိုင်တယ် ။
မြေနဲ့အိမ် အရောင်းအဝယ်ကတိစာချူပ်ဟာ အမှန်တကယ်အရောင်းအဝယ် ပြုလုပ်ထားတဲ့ စာချုပ်ဖြစ်ကြောင်းသက်သေခံတင်ပြထားပေမယ့် ရောင်းသူဘက်သက်သေ ၁ဦးက ဒီစာချုပ်ဟာ အမှန်တကယ် အရောင်းအဝယ်လုပ်ခဲ့တဲ့ အိမ်ခြံမြေကတိစာချုပ် မဟုတ်ပါဘူး အပေါင်စာချူပ်ကြီးသာဖြစ်ပါတယ် ဟန်ဆောင်စာချူပ်ကြီးသာဖြစ်ပါတယ် လို့ ရုံးတော်မှာ မူလစာချုပ်ကိုသွေဖီဆန့်ကျင်ပြီးထွက်ဆိုခဲ့ရင်ဘယ်သူကမှန်သလဲ ဘယ်သူကမှားသလဲဆိုတာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ စဉ်းစားဆုံးဖြတ်ရတော့မယ် အခြေအနေဖြစ်သွားပြီပေါ့ ။ သက်သေရဲ့ ထွက်ဆိုချက်အရ ဘယ်သူကမှန်သလဲ ဘယ်သူကမှားသလဲ ဇဝေဇဝါဖြစ်သွားနိုင်ပါတယ်။
ဒီလိုအခြေအနေ မျိုးတွေနဲ့ ကြုံလာခဲ့ရင်သက်သေ (၂) ယောက်အထက်ပိုတာကောင်းတာပေါ့ ပြောချင်တာကသက်သေ (၃) ယောက် (၄)ယောက်ရှိရင် မှန်တဲ့သူဘက်ရပ်တည်ပြီးထွက်ဆိုပေမယ့် သက်သေရှိနိုင်တာမို့ သက်သေများတာကောင်းပါတယ် အဲ့ဒီလိုအမှန်တကယ်အရောင်းအဝယ်လုပ်တာမှန်တယ် မမှန်ဘူးဆိုတာ ရပ်ကွက်အုပ်ချုပ်ရေးမှူးသာလက်မှတ်ရေးထိုးပေးမယ်ဆိုရင် ရုံးလိုက်ပြီးမှန်တဲ့ အတိုင်းထွက်ဆိုပေးမှာပေါ့ ။ ဒါမှအမှန်တရားပေါ်မှာလေ။
ဒါကြောင့် မြေနှင့်အိမ်အရောင်းအဝယ် ကတိစာချုပ်ပေါ်မှာရပ်ကွက်အုပ်ချူပ်ရေးမှူးလက်မှတ်ထိုးပေးတာကောင်းပါတယ်။ ဒီနေ့လည်းပါပစ်မြေဝယ်သူကလောလောဆယ်မိမိ ဂရန်အမည်ပေါက်မလုပ်သေးဘဲ မြေကွက်ပေါ်မှာအိမ်ဆောက်ပြီးနေမှလေ အခုလို အိမ်ခြံံမြေအရောင်းအဝယ်စာချုပ်အပေါ်မှာအုပ်ချုပ်ရေးမှူးလက်မှတ်ထိုးပေးခြင်းအားဖြင့် မြေကွက်ပေါ်မှာအိမ်ဆောက်မှာကိုတစ်ခါတည်းသတင်းပေးလိုက်တယ်လေ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားတာပေါ့ ။ မြေကွက်ပိုင်ရှင်ဆိုတာလည်း လူသိရှင်ကြားကြော်ငြာပြီးသားဖြစ်သွားတာပေါ့ ။ အခုလို ဝူဟန်ဗိုင်းရပ်ကူးစက်ပြန်ရောဂါ ဖြစ်ပွားမှာကြောက်တဲ့ကြားထဲက အဆင်ပြေပြေစာချုပ်ချုပ်ပေးလိုက်ရလို့ ရှေ့နေအပါအဝင်ရောင်းသူဝယ်သူနဲ့ အကျိုးဆောင်သူအားလုံး ဝမ်းသာမဆုံးဖြစ်နေကြရပါတော့တယ် ခင်ဗျာ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Upcoming Property Events
From 12 Jul To 13 Jul
ERC Luxury Condo
From 12 Jul To 13 Jul
Magical World
From 19 Jul To 20 Jul
Royal Theikdi Condo
From 19 Jul To 20 Jul
Mingalar Market
From 08 Jul To 08 Aug
Central Shophouse
ERC Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service