ဘဏ်တိုးနှုန်းများကို တတိယအကြိမ် ၁ ဒသမ ၅ ရာခိုင်နှုန်းထပ်မံလျော့ချမည် - Property News in Myanmar from iMyanmarHouse.com
805 Views

ဘဏ်တိုးနှုန်းများကို တတိယအကြိမ် ၁ ဒသမ ၅ ရာခိုင်နှုန်းထပ်မံလျော့ချမည်

[Unicode]

ဗဟိုဘဏ်က ဘဏ်အတိုးနှုန်းများကို ၃ ရာခိုင်နှုန်းလျော့ချပေးပြီးဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင်က ပြောသည်။

ထိုကြောင့် ဘဏ်များတွင် အပ်ငွေများ အနည်းဆုံး အတိုးနှုန်း ၅ ရာခိုင်နှုန်းနှင့် အာမခံပစ္စည်း ရယူသည့် ထုတ်ချေးငွေများကို ၁၀ ရာခိုင်နှုန်းအထိ ဗဟိုဘဏ်က လျော့ချပေးလိုက်ပြီဟု ဗဟိုဘဏ် ဥက္ကဌက ပြောသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာဆီယံ ဗဟိုဘဏ်ဥက္ကဌများ၊ ဘဏ္ဍာရေး ဝန်ကြီးများ အစည်းအဝေးတွင် ဗဟိုဘဏ်ဥက္ကဌက ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်က ဘဏ်တိုးနှုန်းများကို ၁ ဒသမ ၅ ရာခိုင်နှုန်းကို မတ်လအတွင်း နှစ်ကြိမ်ခွဲ၍ လျော့ချပေးခဲ့ပြီးဖြစ်သည်။ ယခုတတိယအကြိမ် ၁ ဒသမ ၅ ရာခိုင်နှုန်း ထပ်မံလျော့ချရန် ဗဟိုဘဏ်က စီစဉ်နေခြင်းဖြစ်သည်။

ဗဟိုဘဏ်က မတ်လအတွင်း၌ ဗဟိုဘဏ်အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်း အထိ လျော့ချခဲ့ခြင်းဖြစ်သည်။ ယခုထပ်မံလျော့ချပါက ဗဟိုဘဏ်အတိုးနှုန်းသည် ၇ ရာခိုင်နှုန်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။

ထိုကြောင့် ဘဏ်များသို့ အပ်ငွေသည် ၅ ရာခိုင်နှုန်းအထိဖြစ်လာမည်ဖြစ်သည်။ ဘဏ်ထုတ်ချေးများသည် ၁၀ ရာခိုင်နှုန်းဖြစ်လာမည်ဖြစ်သည်။

တတိယအကြိမ် အတိုးနှုန်းလျော့ချခြင်းနှင့်ပတ်သတ်ပြီး ညွန့်ကြားချက်မရောက်သေး ကြောင်း ဘဏ်တစ်ခု၏ အမှုဆောင်အရာရှိချုပ် တစ်ဦးကပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]











Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service