တိုက်ခန်း/ကွန်ဒို ဝယ်ယူသည့်အခါ အခွန်ပေးဆောင်ရန် ကာလတန်ဖိုးစိစစ်ရေးအဖွဲ့အား တင်ပြရာ တွင် လိုအပ်သည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
1932 Views

တိုက်ခန်း/ကွန်ဒို ဝယ်ယူသည့်အခါ အခွန်ပေးဆောင်ရန် ကာလတန်ဖိုးစိစစ်ရေးအဖွဲ့အား တင်ပြရာ တွင် လိုအပ်သည့်အချက်များ

Knowledge | Posted by Shwe Zin Win

[Unicode]

တိုက်ခန်း/ကွန်ဒို ဝယ်ယူ/ရောင်းချသူများမှ အခွန်ပေးဆောင်ရန်အလို့ငှာ ပြည်တွင်းအခွန်ဦးစီးဌာန၊ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့ထံတွင် မိမိတို့ဝယ်ယူမည့် တည်နေရာရှိ မြေပေါ်တည်ဆောက်ထားသော လူနေတိုက်ခန်း/ကွန်ဒို သတ်မှတ်စံနှုန်းများအပေါ် တိုက်ခန်းဧရိယာအလိုက် ဝယ်ယူ/ရောင်းချသူများမှ အခွန်စည်းကြပ်ပေးဆောင်ရပါမည်။ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့ကို တင်ပြရာတွင်လိုအပ်သည့်အချက်များကို သိရှိနိုင်ပါရန် အောက်ပါအတိုင်းဖော်ပြထားပါသည်။

(က) အရောင်းအဝယ်စာချုပ်စာတမ်းမူရင်း+မိတ္တူ တင်ပြရပါမည်။ စာချုပ်တွင်-

(၁) ရောင်းသူ/ဝယ်သူ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ လက်မှတ်ပါရှိရပါမည်။ (၂) ရောင်းခြင်း/ဝယ်ခြင်းပြုလုပ်သည့် တည်နေရာ၊ ပစ္စည်းစာရင်းပါရှိရပါမည်။ (၃) သက်သေများ၏ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ လက်မှတ်ပါရှိရပါမည်။

(၄) ရောင်းသူ/ဝယ်သူတို့အရောင်းအဝယ်ဆောင်ရွက်ထားသောစာချုပ်သည် ရောင်းချသည့်ပစ္စည်း ၏တန်ဖိုးနှင့် ညီညွတ်သည့် တံဆိပ်ခေါင်းခွန် ဥပဒေအရ သတ်မှတ်သည့် အခွန်တံဆိပ်ခေါင်း(သို့) စာချုပ်အင်္ဂါရပ်နှင့်ညီညွတ်သော အခွန်တံဆိပ်ခေါင်း ပေါ်တွင် ရေးသားချုပ်ဆိုသော စာချုပ်ပါရှိရပါမည်။

(ခ) ရောင်းခြင်း/ဝယ်ခြင်းပြုလုပ်သည့် တိုက်ခန်း/ကွန်ဒို၏ ဓာတ်ပုံ (ရှေ့/ဘယ်/ညာ) ၁စုံတင်ပြရပါမည်။

(ဂ) မှတ်ပုံတင်/အိမ်ထောင်စုလူဦးရေစာရင်း (မူရင်း+မိတ္တူ) တင်ပြရပါမည်။

(ဃ) လျှောက်ထားသူသည် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်လွှဲစာဖြင့်ဖြစ်စေ လာရောက်ရပါမည်။

(င) တင်ပြပါ အဆောက်အဦး၏ ဓာတ်ပုံသည် ကာယကံရှင် အမှန်တကယ်ရောင်းခြင်း၊ ဝယ်ခြင်းအတွက် ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး၏ စိစစ်သတ်မှတ်ရေးအဖွဲ့ရုံးသို့ မှန်ကန်စွာတင်ပြခြင်း ဖြစ်ကြောင်း ခံဝန်ချက် လက်မှတ်ရေးထိုးရပါမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တိုက္ခန္း/ကြန္ဒို ဝယ္ယူသည့္အခါ အခြန္ေပးေဆာင္ရန္ ကာလတန္ဖိုးစိစစ္ေရးအဖြဲ႕အား တင္ျပရာ တြင္ လိုအပ္သည့္အခ်က္မ်ား

တိုက္ခန္း/ကြန္ဒို ဝယ္ယူ/ေရာင္းခ်သူမ်ားမွ အခြန္ေပးေဆာင္ရန္အလို႔ငွာ ျပည္တြင္းအခြန္ဦးစီးဌာန၊ ကာလတန္ဖိုးစိစစ္ေရးအဖြဲ႕ထံတြင္ မိမိတို႔ဝယ္ယူမည့္ တည္ေနရာရွိ ေျမေပၚတည္ေဆာက္ထားေသာ လူေနတိုက္ခန္း/ကြန္ဒို သတ္မွတ္စံႏႈန္းမ်ားအေပၚ တိုက္ခန္းဧရိယာအလိုက္ ဝယ္ယူ/ေရာင္းခ်သူမ်ားမွ အခြန္စည္းၾကပ္ေပးေဆာင္ရပါမည္။ ကာလတန္ဖိုးစိစစ္ေရးအဖြဲ႕ကို တင္ျပရာတြင္လိုအပ္သည့္အခ်က္မ်ားကို သိရွိႏိုင္ပါရန္ ေအာက္ပါအတိုင္းေဖာ္ျပထားပါသည္။

(က) အေရာင္းအဝယ္စာခ်ဳပ္စာတမ္းမူရင္း+မိတၱဴ တင္ျပရပါမည္။ စာခ်ဳပ္တြင္-

(၁) ေရာင္းသူ/ဝယ္သူ အမည္၊ မွတ္ပုံတင္၊ ေနရပ္လိပ္စာ၊ လက္မွတ္ပါရွိရပါမည္။ (၂) ေရာင္းျခင္း/ဝယ္ျခင္းျပဳလုပ္သည့္ တည္ေနရာ၊ ပစၥည္းစာရင္းပါရွိရပါမည္။ (၃) သက္ေသမ်ား၏ အမည္၊ မွတ္ပုံတင္၊ ေနရပ္လိပ္စာ၊ လက္မွတ္ပါရွိရပါမည္။

(၄) ေရာင္းသူ/ဝယ္သူတို႔အေရာင္းအဝယ္ေဆာင္႐ြက္ထားေသာစာခ်ဳပ္သည္ ေရာင္းခ်သည့္ပစၥည္း ၏တန္ဖိုးႏွင့္ ညီၫြတ္သည့္ တံဆိပ္ေခါင္းခြန္ ဥပေဒအရ သတ္မွတ္သည့္ အခြန္တံဆိပ္ေခါင္း(သို႔) စာခ်ဳပ္အဂၤါရပ္ႏွင့္ညီၫြတ္ေသာ အခြန္တံဆိပ္ေခါင္း ေပၚတြင္ ေရးသားခ်ဳပ္ဆိုေသာ စာခ်ဳပ္ပါရွိရပါမည္။

(ခ) ေရာင္းျခင္း/ဝယ္ျခင္းျပဳလုပ္သည့္ တိုက္ခန္း/ကြန္ဒို၏ ဓာတ္ပုံ (ေရွ႕/ဘယ္/ညာ) ၁စုံတင္ျပရပါမည္။

(ဂ) မွတ္ပုံတင္/အိမ္ေထာင္စုလူဦးေရစာရင္း (မူရင္း+မိတၱဴ) တင္ျပရပါမည္။

(ဃ) ေလွ်ာက္ထားသူသည္ ကိုယ္တိုင္ျဖစ္ေစ၊ ကိုယ္စားလွယ္လႊဲစာျဖင့္ျဖစ္ေစ လာေရာက္ရပါမည္။

(င) တင္ျပပါ အေဆာက္အဦး၏ ဓာတ္ပုံသည္ ကာယကံရွင္ အမွန္တကယ္ေရာင္းျခင္း၊ ဝယ္ျခင္းအတြက္ ရန္ကုန္တိုင္းေဒသႀကီး ကာလတန္ဖိုး၏ စိစစ္သတ္မွတ္ေရးအဖြဲ႕႐ုံးသို႔ မွန္ကန္စြာတင္ျပျခင္း ျဖစ္ေၾကာင္း ခံဝန္ခ်က္ လက္မွတ္ေရးထိုးရပါမည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service