COVID-19 ကူးစက်ရောဂါအရေး အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ ထိပ်သီးအစည်းအဝေးကျင်းပ - Property News in Myanmar from iMyanmarHouse.com
1160 Views

COVID-19 ကူးစက်ရောဂါအရေး အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ ထိပ်သီးအစည်းအဝေးကျင်းပ

[Unicode]

COVID-19 ကူးစက်ရောဂါဆိုင်ရာ အာဆီယံအထူးထိပ်သီး အစည်းအဝေးနှင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အာဆီယံအပေါင်းသုံး အထူးထိပ်သီးအစည်းအဝေးတို့သို့  Video Conferencing စနစ်ကျင်းပရာတွင်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပါဝင် တက်ရောက်သည်။

ယင်းအထူးထိပ်သီးအစည်းအဝေးနှစ်ခုလုံးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်ဝန်ကြီးချုပ်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်၊ ဂျပန်၊ တောင်ကို ရီးယားနိုင်ငံတို့မှ ခေါင်းဆောင်များ၊ WHO ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ် တို့လည်း ပါဝင်တက်ရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံ့ခေါင်းဆောင်များက COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ပြည်သူများအား အသိပညာပေးမှုနှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှု တိုးမြှင့်ရေး၊ COVID-19 ကူးစက်ရောဂါဆိုင်ရာ မြေပြင်သတင်း အချက် အလက်နှင့် နိုင်ငံအလိုက် ဆောင်ရွက်သည့် အစီအမံများ ပုံမှန်ဖလှယ်ခြင်းကို ပိုမိုခိုင်မာ စေရေးတို့ကို ဆွေးနွေးသည်။

အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံ(သို့မဟုတ်) တတိယနိုင်ငံ၌ ရောက်ရှိနေသည့် ကူးစက်ရောဂါ ခံစားနေရသော အာဆီယံ နိုင်ငံသားများကို သင့်လျော်သည့် အကူအညီနှင့် အထောက်အပံ့များ ပေးအပ်ရေး၊ COVID-19 ကူးစက်ရောဂါ တုံ့ပြန်မှုဆိုင်ရာ အာဆီယံ ရန်ပုံငွေတစ်ရပ် ထူထောင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးသည်။

ထို့အပြင် ကူးစက်ရောဂါဆိုင်ရာ ပူးတွဲသုတေသန ပြုခြင်းနှင့် ကာကွယ်ဆေးများ ထုတ်လုပ်ခြင်း တို့တွင် အဖွဲ့ဝင်နိုင်ငံများ အကြားပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးကို ခေါင်းဆောင်များ အကြားဆွေးနွေးသည်။

ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်၏ လူ့စွမ်းအား အရင်းအမြစ်နှင့် စွမ်းဆောင်ရည်တို့ကို မြှင့်တင်ရေးနှင့် ကျန်းမာရေးဝန်ထမ်းများ၏ ဘေးကင်း လုံခြုံမှုကို အကာအကွယ်ပေးရေး၊ ကူးစက်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးတွင် လုံလောက်သည့် ဆေးဝါးများ၊ ဆေးဘက် ဆိုင်ရာ မရှိမဖြစ်ပစ္စည်းများနှင့် အသုံးအဆောင်များ ကူညီပံ့ပိုးနိုင်ရန်အတွက် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကိုလည်း ဆွေးနွေးသည်။

ဒေသအတွင်း၌ ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေး အတွက် ပြည်သူ့ကျန်းမာရေး ပူးပေါင်း ဆောင်ရွက်မှုအစီအမံများ ပိုမိုခိုင်မာစေရေး၊ ကမ္ဘာ့ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာမည့် လူမှုရေးနှင့် စီးပွားရေးထိခိုက် နစ်နာမှုများ ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး တို့ကို ထည့်သွင်းဆွေးနွေးသည်။

အကျပ်အတည်းကာလတွင် အရေးကြီးသည့် ကုန်ပစ္စည်းများ၊ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အထောက်အကူပြုပစ္စည်းများ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် ကူညီပံ့ပိုးရေးနှင့် COVID-19 အလွန်ကာလ အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ရေးဆွဲရေးတို့ကို ဆွေးနွေးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ကူးစက္ေရာဂါအေရး အာဆီယံႏွင့္ တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယားတို႔  ထိပ္သီးအစည္းအေဝးက်င္းပ

COVID-19 ကူးစက္ေရာဂါဆိုင္ရာ အာဆီယံအထူးထိပ္သီး အစည္းအေဝးႏွင့္ COVID-19 ကူးစက္ေရာဂါဆိုင္ရာ အာဆီယံအေပါင္းသုံး အထူးထိပ္သီးအစည္းအေဝးတို႔သို႔ Video Conferencing စနစ္က်င္းပရာတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ပါဝင္ တက္ေရာက္သည္။

ယင္းအထူးထိပ္သီးအစည္းအေဝးႏွစ္ခုလုံးကို အာဆီယံအလွည့္က်ဥကၠ႒ ဗီယက္နမ္ဝန္ႀကီးခ်ဳပ္က သဘာပတိအျဖစ္ေဆာင္႐ြက္ခဲ့ၿပီး အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၊ တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကို ရီးယားႏိုင္ငံတို႔မွ ေခါင္းေဆာင္မ်ား၊ WHO ၫႊန္ၾကားေရးမႉးခ်ဳပ္၊ အာဆီယံအတြင္းေရးမႉးခ်ဳပ္ တို႔လည္း ပါဝင္တက္ေရာက္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ႏိုင္ငံ့ေခါင္းေဆာင္မ်ားက COVID-19 ကူးစက္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္ေရးကို ထိေရာက္စြာ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ရာ၌ ျပည္သူမ်ားအား အသိပညာေပးမႈႏွင့္ ျပည္သူတစ္ရပ္လုံး ပူးေပါင္းပါဝင္မႈ တိုးျမႇင့္ေရး၊ COVID-19 ကူးစက္ေရာဂါဆိုင္ရာ ေျမျပင္သတင္း အခ်က္ အလက္ႏွင့္ ႏိုင္ငံအလိုက္ ေဆာင္႐ြက္သည့္ အစီအမံမ်ား ပုံမွန္ဖလွယ္ျခင္းကို ပိုမိုခိုင္မာ ေစေရးတို႔ကို ေဆြးေႏြးသည္။

အျခားအာဆီယံအဖြဲ႕ဝင္ ႏိုင္ငံ(သို႔မဟုတ္) တတိယႏိုင္ငံ၌ ေရာက္ရွိေနသည့္ ကူးစက္ေရာဂါ ခံစားေနရေသာ အာဆီယံ ႏိုင္ငံသားမ်ားကို သင့္ေလ်ာ္သည့္ အကူအညီႏွင့္ အေထာက္အပံ့မ်ား ေပးအပ္ေရး၊ COVID-19 ကူးစက္ေရာဂါ တုံ႔ျပန္မႈဆိုင္ရာ အာဆီယံ ရန္ပုံေငြတစ္ရပ္ ထူေထာင္ေရးကိုလည္း ထည့္သြင္းေဆြးေႏြးသည္။

ထို႔အျပင္ ကူးစက္ေရာဂါဆိုင္ရာ ပူးတြဲသုေတသန ျပဳျခင္းႏွင့္ ကာကြယ္ေဆးမ်ား ထုတ္လုပ္ျခင္း တို႔တြင္ အဖြဲ႕ဝင္ႏိုင္ငံမ်ား အၾကားပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုခိုင္မာေစေရးကို ေခါင္းေဆာင္မ်ား အၾကားေဆြးေႏြးသည္။

ျပည္သူ႔က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္၏ လူ႔စြမ္းအား အရင္းအျမစ္ႏွင့္ စြမ္းေဆာင္ရည္တို႔ကို ျမႇင့္တင္ေရးႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား၏ ေဘးကင္း လုံၿခဳံမႈကို အကာအကြယ္ေပးေရး၊ ကူးစက္ေရာဂါ ကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရးတြင္ လုံေလာက္သည့္ ေဆးဝါးမ်ား၊ ေဆးဘက္ ဆိုင္ရာ မရွိမျဖစ္ပစၥည္းမ်ားႏွင့္ အသုံးအေဆာင္မ်ား ကူညီပံ့ပိုးႏိုင္ရန္အတြက္ ပူးေပါင္း ေဆာင္႐ြက္မႈ တိုးျမႇင့္ေရးတို႔ကိုလည္း ေဆြးေႏြးသည္။

ေဒသအတြင္း၌ ေရာဂါျပန႔္ပြားမႈ ကာကြယ္ထိန္းခ်ဳပ္ေရး အတြက္ ျပည္သူ႔က်န္းမာေရး ပူးေပါင္း ေဆာင္႐ြက္မႈအစီအမံမ်ား ပိုမိုခိုင္မာေစေရး၊ ကမာၻ႔ကူးစက္ေရာဂါေၾကာင့္ ျဖစ္ေပၚလာမည့္ လူမႈေရးႏွင့္ စီးပြားေရးထိခိုက္ နစ္နာမႈမ်ား ေျဖရွင္းရာတြင္ ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုတိုးျမႇင့္ေရး တို႔ကို ထည့္သြင္းေဆြးေႏြးသည္။

အက်ပ္အတည္းကာလတြင္ အေရးႀကီးသည့္ ကုန္ပစၥည္းမ်ား၊ အထူးသျဖင့္ က်န္းမာေရးဆိုင္ရာ အေရးေပၚအေထာက္အကူျပဳပစၥည္းမ်ား အဆင္ေျပေခ်ာေမြ႕စြာ သယ္ယူပို႔ေဆာင္ႏိုင္ေရးအတြက္ အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား အျပန္အလွန္ ကူညီပံ့ပိုးေရးႏွင့္ COVID-19 အလြန္ကာလ အတြက္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္မ်ား ေရးဆြဲေရးတို႔ကို ေဆြးေႏြးေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.co

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service