ယခု ဘဏ္ဍာနှစ်ဝက်ကုန်သွယ်မှု ပြီးခဲ့သည့်နှစ် ကာလတူထက် ဒေါ်လာ သုံးဘီလီယံခန့် တိုးလာ - Property News in Myanmar from iMyanmarHouse.com
510 Views

ယခု ဘဏ္ဍာနှစ်ဝက်ကုန်သွယ်မှု ပြီးခဲ့သည့်နှစ် ကာလတူထက် ဒေါ်လာ သုံးဘီလီယံခန့် တိုးလာ

[Unicode]

၂၀၁၉-၂၀ ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၈ ဘီလီယံခွဲကျော်ရှိပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ သုံးဘီလီယံခန့် တိုးမြှင့်ကုန်သွယ်နိုင် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင် က ပြောသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ပမာဏ ဒေါ်လာ တစ်ဘီလီယံခန့် မြင့်တက်လာကာ သွင်းကုန်ပမာဏ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ တိုးလာသည်။ ယခုဘဏ္ဍာနှစ်ဝက် ပို့ကုန်ကဏ္ဍတွင် သတ္တုတွင်းထွက် များ တင်ပို့မှုက ဒေါ်လာ သန်း ၆၀၀ ကျော်တိုးပြီး လယ်ယာထွက် ပစ္စည်းတင်ပို့မှုက ဒေါ်လာသန်း ၄၀၀ နီးပါး ပိုမိုတင်ပို့ထားကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

‘‘လက်ရှိအချိန်အထိတော့ ကုန်သွယ်မှုက ပို့ကုန်ရော၊ သွင်းကုန်ရော တက်နေတာကိုတွေ့ရ တယ်။ ဒါပေမဲ့ COVID ကြောင့် ရှေ့ဆက်ဘယ်လိုဖြစ်မယ်ဆိုတာ မှန်းမရသေးဘူး’’ဟု ဦးခင်မောင် လွင်က ပြောသည်။

အဓိက ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သော တရုတ်နိုင်ငံသည်လက်ရှိတွင် မြန်မာနိုင်ငံမှ သွင်းကုန်များကို အဓိကတင်သွင်းနေပြီး နေ့စဉ်ကုန်သွယ်မှု တိုးမြှင့်နေကာ မူဆယ်နယ်စပ်မှ တစ်ရက်လျှင် ကုန်သွယ်မှု ဒေါ်လာ ၁၅ သန်း ဝန်းကျင် ကုန်သွယ်နေသည်။

တရုတ်နိုင်ငံနှင့် နယ်စပ်မှ ကုန်သွယ်မှု လတ်တလော ကောင်းမွန်နေသော်လည်း အ ခြားသောနိုင်ငံများနှင့် ကုန်သွယ်မှုအခြေအနေက COVID -19 ကြောင့် ဝယ်လိုအား လျှော့ချမှု၊ ရပ်ဆိုင်းမှုများ ကြုံနေရသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]









Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Innwa Pyae Sone Residence
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service