မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် ပက်သက်သည့် ကော်မတီမှ ခွင့်ပြုလုပ်ငန်းများနှင့် လျှောက်ထားနိုင်သည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းသတ်မှတ်ချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
1480 Views

မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် ပက်သက်သည့် ကော်မတီမှ ခွင့်ပြုလုပ်ငန်းများနှင့် လျှောက်ထားနိုင်သည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းသတ်မှတ်ချက်များ

Knowledge | Posted by Zarni Kyaw

### Unicode Version ###

ဗဟိုကော်မတီသည် နိုင်ငံတော်အတွင်းရှိ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများကို အောက်ဖော်ပြပါ လုပ်ငန်းများ အတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြုနိုင်သည်။

(က) စိုက်ပျိုးရေးလုပ်ငန်း၊ (ခ) မွေးမြူရေးလုပ်ငန်း (ဂ) ဓာတ်သတ္တူထုတ်လုပ်ခြင်းလုပ်ငန်း၊ (ဃ)အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများ။ (ပုဒ်မ-၄)

နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပုဒ်မ-၄့ပါ လုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိလိုပါက  အောက်ပါပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည် သတ်မှတ်ချက်များနှင့်အညီ  လျှောက်ထားနိုင်သည်။

(က) မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံသူများ (ခ) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (ဂ) ၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေပုဒ်မ- ၁၄နှင့် အညီ ကင်းလွတ်ခွင့်ပြုထားသူများ၊ (ဃ) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း တစ်ရပ်ရပ်နှင့် အကျိုးတူ ကိစ္စရပ်များအတွက် ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြုပ်နှံသူများ (င) မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံသူများနှင့် အကျိုးတူကိစ္စရပ်များအတွက် ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြုပ်နှံသူများစသည့်အဖွဲ့အစည်းများသည် မြေလွတ်၊မြေလပ်၊မြေရိုင်းများကို ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများလုပ်ကိုင်နိုင်ရန် လျှောက်ထားခွင့် ရှိသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများဖြစ်ကြပါသည်။( ပုဒ်မ-၅)

ဗဟိုကော်မတီသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုပိုင်ခွင့် လျှောက်ထားသည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ သဘောတူညီချက်ဖြင့် ခွင့်ပြုနိုင်ပါသည်။ (ပုဒ်မ -၇)

ကော်မတီသည် ပုဒ်မ-၈အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပေးခြင်းပြုသည့် အခါ အာမခံကြေးပေးသွင်းစေပြီး ခွင့်ပြုမိန့်ထုတ်ပေးရမည်။ (ပုဒ်မ-၉)

၎င်းအာမခံကြေးသည်သတ်မှတ်ကာလအတွင်းစည်းကမ်းနှင့်ညီညွတ်စွာလုပ်ငန်းပြီးဆုံးသည့်အခါ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သောလုပ်ငန်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများအားအာမခံကြေးကို ပြန်လည်ထုတ်ပေးရပါမည်။(ပုဒ်မ-၂၄)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ဗဟိုေကာ္မတီသည္ ႏိုင္ငံေတာ္အတြင္းရွိ ေျမလြတ္၊ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားကို ေအာက္ေဖာ္ျပပါ လုပ္ငန္းမ်ား အတြက္ လုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္ ျပဳႏိုင္သည္။

(က) စိုက္ပ်ိဳးေရးလုပ္ငန္း၊ (ခ) ေမြးျမဴေရးလုပ္ငန္း (ဂ) ဓာတ္သတၱဴထုတ္လုပ္ျခင္းလုပ္ငန္း၊ (ဃ)အစိုးရက ခြင့္ျပဳထားေသာ ဥပေဒႏွင့္ ညီၫြတ္သည့္ အျခားလုပ္ငန္းမ်ား။ (ပုဒ္မ-၄)

ႏိုင္ငံေတာ္အတြင္းရွိ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားကို ပုဒ္မ-၄့ပါ လုပ္ငန္းမ်ားအတြက္ လုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္ရရွိလိုပါက ေအာက္ပါပုဂၢိဳလ္ႏွင့္ အဖြဲ႕အစည္းမ်ားသည္ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေလွ်ာက္ထားႏိုင္သည္။

(က) ျမန္မာႏိုင္ငံသားရင္းႏွီးျမဳပ္ႏွံသူမ်ား (ခ) အစိုးရဌာန၊ အစိုးရအဖြဲ႕အစည္းႏွင့္ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ား (ဂ) ၁၉၈၇ခုႏွစ္၊ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္းျခင္းကို ကန႔္သတ္သည့္ ဥပေဒပုဒ္မ- ၁၄ႏွင့္ အညီ ကင္းလြတ္ခြင့္ျပဳထားသူမ်ား၊ (ဃ) အစိုးရဌာန၊ အစိုးရအဖြဲ႕အစည္း တစ္ရပ္ရပ္ႏွင့္ အက်ိဳးတူ ကိစၥရပ္မ်ားအတြက္ ေဆာင္႐ြက္မည့္ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ ဥပေဒအရ ခြင့္ျပဳထားေသာ ရင္းႏွီးျမဳပ္ႏွံသူမ်ား (င) ျမန္မာႏိုင္ငံသား ရင္းႏွီးျမဳပ္ႏွံသူမ်ားႏွင့္ အက်ိဳးတူကိစၥရပ္မ်ားအတြက္ ေဆာင္႐ြက္မည့္ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ ဥပေဒအရ ခြင့္ျပဳထားေသာ ရင္းႏွီးျမဳပ္ႏွံသူမ်ားစသည့္အဖြဲ႕အစည္းမ်ားသည္ ေျမလြတ္၊ေျမလပ္၊ေျမ႐ိုင္းမ်ားကို ဥပေဒႏွင့္ ညီၫြတ္သည့္ အျခားလုပ္ငန္းမ်ားလုပ္ကိုင္ႏိုင္ရန္ ေလွ်ာက္ထားခြင့္ ရွိေသာ ပုဂၢိဳလ္ႏွင့္ အဖြဲ႕အစည္းမ်ားျဖစ္ၾကပါသည္။( ပုဒ္မ-၅)

ဗဟိုေကာ္မတီသည္ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈျပဳလုပ္ရန္ ေျမလြတ္၊ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား လုပ္ပိုင္ခြင့္၊ အသုံးျပဳပိုင္ခြင့္ ေလွ်ာက္ထားသည့္ လုပ္ငန္းမ်ားကို ျမန္မာႏိုင္ငံရင္းႏွီးျမဳပ္ႏွံမႈေကာ္မရွင္၏ သေဘာတူညီခ်က္ျဖင့္ ခြင့္ျပဳႏိုင္ပါသည္။ (ပုဒ္မ -၇)

ေကာ္မတီသည္ ပုဒ္မ-၈အရ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားလုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္ ေပးျခင္းျပဳသည့္ အခါ အာမခံေၾကးေပးသြင္းေစၿပီး ခြင့္ျပဳမိန႔္ထုတ္ေပးရမည္။ (ပုဒ္မ-၉)

၎အာမခံေၾကးသည္သတ္မွတ္ကာလအတြင္းစည္းကမ္းႏွင့္ညီၫြတ္စြာလုပ္ငန္းၿပီးဆုံးသည့္အခါ လုပ္ငန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ေသာလုပ္ငန္း လုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္ရရွိသူမ်ားအားအာမခံေၾကးကို ျပန္လည္ထုတ္ေပးရပါမည္။(ပုဒ္မ-၂၄)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service