COVID-19 ဖြစ်ပွားချိန် ကုမ္ပဏီမှတ်ပုံတင်သည့် အရေအတွက်ကျဆင်း - Property News in Myanmar from iMyanmarHouse.com
605 Views

COVID-19 ဖြစ်ပွားချိန် ကုမ္ပဏီမှတ်ပုံတင်သည့် အရေအတွက်ကျဆင်း

### Unicode Version ###

ကမ္ဘာ့ကပ်ရောဂါ COVID-19 ရိုက်ခတ်မူကြောင့် ကုမ္ပဏီမှတ်ပုံတင်မှု ဆက်တိုက်ကျဆင်းလာပြီး လပေါင်း ၂၀ အတွင်းအနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်းရင်နှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွန့်ကြားမူဦးစီးဌာနက ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။

၂၀၂၀ မတ်လအတွင်း ကုမ္ပဏီ မှတ်ပုံတင်မှု ၁၀၁၅ခုရှိပြီး အွန်လိုင်းမှတ်ပုံတင်စတင်စသုံးခဲ့သည့် လပေါင်း ၂၀ အတွင်း ပမာဏအနည်းဆုံး မှတ်ပုံတင်သည့် လဖြစ်သည်ဟု ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမူဦးစီးဌာနက ထုတ်ပြန်သော စာရင်းများတွင်ဖော်ပြထားသည်။ ၂၀၁၉ မတ်လတွင် ကုမ္ပဏီပေါင်း ၁၁၀၈ ခုမှတ်ပုံတင်ခဲ့သော်း ၂၀၂၀မတ်လတွင် ကုမ္ပဏီပေါင်း ၁၀၁၅ သာမှတ်ပုံတင်ခဲ့သည်ဟု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ၈ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ဒီဇင်ဘာတွင် ကုမ္ပဏီမှတ်ပုံတင်မှု ၁၇၇၂ ခု၊ ၂၀၂၀ ဇန်နဝါရီလတွင် ၁၄၁၅ နှင့် ဖေဖော်ဝါရီ လတွင် ၁၂၉၈ ရှိခဲ့သည်။ ထိုကြောင့် ၂၀၂၀မတ်လသည် ၂၀၁၉ ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက ကုမ္ပဏီ မှတ်ပုံတင်နှုန်း ၄၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ၂၀၂၀ ဇန်နဝါရီလထက် ၂၈ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ခြင်းဖြစ်သည်။

တနိုင်ငံလုံးတွင် မှတ်ပုံတင်ထားသည် ကုမ္ပဏီ ၆၇ ၀၀၀ကျော်ရှိပြီး မှတ်ပုံတင်ဆိုင်းငံ့ထားသည့် ကုမ္ပဏီ ၁၀၀၀၀ကျော်ရှိသည်။

အွန်လိုင်းစနစ်သုံး ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCo) ကို ၂၀၁၈ သြဂုတ် ၁ ရက်တွင် စတင်ကျင့် သုံးခဲ့သည်။ ထိုစနစ်အရကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ရပြီး အသစ်လျှောက်သူများသည်လည်း အွန်လိုင်းမှ တိုက်ရိုက်လျှောက်ထားခဲ့ရသည်။

မှတ်ပုံတင်လျော့နည်းရခြင်းမှာ နှစ်ကူးကာလဖြစ်၍ နှစ်စဉ် မတ်လနှင့်ဧပြီလတွင် အနည်းဆုံးဖြစ်လေ့ရှိပြီး လက်ရှိတွင် ကပ်ရောဂါကြောင့်လည်း ပိုမိုနည်းသွားရခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအေးထွန်းကဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ -  အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 ### Zawgyi Version ###











Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service