ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်စီးတီးအသင်းက ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေစဉ်ကာလအတွင်း ၎င်းတို့၏အိမ်ကွင်းကို အင်္ဂလန်အမျိုးသားကျန်းမာရေးအဖွဲ့ အသုံးပြုရန် လှူဒါန်း - Property News in Myanmar from iMyanmarHouse.com
746 Views

ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်စီးတီးအသင်းက ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေစဉ်ကာလအတွင်း ၎င်းတို့၏အိမ်ကွင်းကို အင်္ဂလန်အမျိုးသားကျန်းမာရေးအဖွဲ့ အသုံးပြုရန် လှူဒါန်း

### Unicode Version ###

ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီးအသင်းသည် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေစဉ်ကာလအတွင်း ၎င်းတို့၏အိမ်ကွင်းကို အင်္ဂလန်အမျိုးသားကျန်းမာရေးအဖွဲ့ အသုံးပြုရန် လှူဒါန်းလိုက်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။

ထိုင်ခုံ ၅၅၀၀၀ ဆန့်သော အီးတီဟတ်ဘောလုံးကွင်းကို အင်္ဂလန်အမျိုးသားကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ရောဂါကြီး တိုက်ဖျက်ရေးတွင် ရှေ့တန်းက ပါဝင်နေသော ကျန်းမာရေးဝန်ထမ်းများအား လေ့ကျင့်မှုပေးသည့်နေရာအဖြစ် အသုံးပြုသွားဖွယ်ရှိကြောင်း Sky Sport က ခန့်မှန်းသည်။

ဆေးဝါးကုသရေးနေရာ လိုအပ်လာမှုများအတွက် အင်္ဂလန်အစိုးရက ဖန်တီးအဖြေရှာမှုများကို ပြီးခဲ့သော ၁၄ ရက်အတွင်း ပြုလုပ်ခဲ့ရာ လန်ဒန်အရှေ့ပိုင်းရှိ Excel စင်တာကို ဆေးရုံအဖြစ် ပြောင်းလဲအသုံးပြုရန် ဆုံးဖြတ်ခဲ့ပြီး လုပ်ငန်းများစတင်နေပြီ ဖြစ်သည်။

လာမည့် ၁၄ ရက်အတွင်း ကပ်ရောဂါကြီး ပျံ့ပွားမှု အထွပ်အထိပ်ရောက်လာနိုင်သည်ဟု ခန့်မှန်းထားပြီး ရနိုင်သည့်အဆောက်အအုံများကို အသုံးပြုသွားရန် စီစဉ်ထားရာ မန်ချက်စတာ ဗဟိုကွန်ဗန်းရှင်းကွန်ပလက်ဝန်းကိုလည်း ဆေးရုံအဖြစ် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

မန်စီးတီးဘောလုံးအသင်းသည် မန်ချက်စတာမြို့တွင် ၂၀၁၇ ခုနှစ်၊ မေလ ၂၂ ရက်က ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ခံရမှုတွင် ထိခိုက်ဒဏ်ရာရရှိသူများကို ကုသမှုပေးရန် ၎င်း၏အိမ်ကွင်းကို အသုံးပြုခွင့်ပေးအပ်ခဲ့ဖူးသည်။

ထိုစဉ်က အမေရိကန်အဆိုတော် အေရီယာနာ ဂရန်ဒီ၏ ဖျော်ဖြေပွဲအပြီးတွင် ထိုင်ခုံ ၂၁၀၀၀ ဆန့် မန်ချက်စတာ အေရီနာကွင်းကြီး အတွင်းမှ ပရိသတ်များ ပြန်လည်ထွက်ခွာနေချိန်တွင် အစ္စလာမ်အစွန်းရောက်တစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုဗုံးခွဲတိုက်ခိုက်မှုတွင် လူပေါင်း ၂၂ ဦးသေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြီး ခံရချိန်တွင် မန်စီးတီးအသင်းက ထိခိုက်ဒဏ်ရာရရှိသူများနှင့် မိသားစုများ ခေတ္တခိုလှုံရန် အီးတီဟတ်ကွင်းကို အသုံးပြုခွင့်ပေးအပ်ခဲ့သည်။

ဗြိတိန်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၂၆၀ ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၁၀၁၉ ဦးရှိလာပြီ ဖြစ်သည်။

Covid-19 ပြန့်ပွားကူးစက်မှု ဖြစ်ပေါ်ပြီးကတည်းက ဗြိတိန်တွင် လူပေါင်း ၁၂၀၇၇၆ ဦးကို စမ်းသပ်ခဲ့ရာ လူပေါင်း ၁၇၀၈၉ ဦးတွင် ရောဂါ ရှာဖွေတွေ့ရှိခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

### Zawgyi Version ###

ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ မန္စီးတီးအသင္းက ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ပြားေနစဥ္ကာလအတြင္း ၎တို႔၏အိမ္ကြင္းကို အဂၤလန္အမ်ဳိးသားက်န္းမာေရးအဖြဲ႔ အသံုးျပဳရန္ လွဴဒါန္း

ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ မန္ခ်က္စတာ စီးတီးအသင္းသည္ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ပြားေနစဥ္ကာလအတြင္း ၎တို႔၏အိမ္ကြင္းကို အဂၤလန္အမ်ဳိးသားက်န္းမာေရးအဖြဲ႔ အသံုးျပဳရန္ လွဴဒါန္းလိုက္ေၾကာင္း အဂၤလန္အေျခစိုက္ သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပသည္။

ထိုင္ခံု ၅၅၀၀၀ ဆန္႔ေသာ အီးတီဟတ္ေဘာလံုးကြင္းကို အဂၤလန္အမ်ဳိးသားက်န္းမာေရးအဖြဲ႔က ကမၻာ့ကပ္ေရာဂါၾကီး တိုက္ဖ်က္ေရးတြင္ ေရွ ႔တန္းက ပါဝင္ေနေသာ က်န္းမာေရးဝန္ထမ္းမ်ားအား ေလ့က်င့္မႈေပးသည့္ေနရာအျဖစ္ အသံုးျပဳသြားဖြယ္ရွိေၾကာင္း Sky Sport က ခန္႔မွန္းသည္။

ေဆးဝါးကုသေရးေနရာ လိုအပ္လာမႈမ်ားအတြက္ အဂၤလန္အစိုးရက ဖန္တီးအေျဖရွာမႈမ်ားကို ျပီးခဲ့ေသာ ၁၄ ရက္အတြင္း ျပဳလုပ္ခဲ့ရာ လန္ဒန္အေရွ ႔ပိုင္းရွိ Excel စင္တာကို ေဆးရံုအျဖစ္ ေျပာင္းလဲအသံုးျပဳရန္ ဆံုးျဖတ္ခဲ့ျပီး လုပ္ငန္းမ်ားစတင္ေနျပီ ျဖစ္သည္။

လာမည့္ ၁၄ ရက္အတြင္း ကပ္ေရာဂါၾကီး ပ်ံ ႔ပြားမႈ အထြပ္အထိပ္ေရာက္လာႏိုင္သည္ဟု ခန္႔မွန္းထားျပီး ရႏိုင္သည့္အေဆာက္အအံုမ်ားကို အသံုးျပဳသြားရန္ စီစဥ္ထားရာ မန္ခ်က္စတာ ဗဟိုကြန္ဗန္းရွင္းကြန္ပလက္ဝန္းကိုလည္း ေဆးရံုအျဖစ္ ျပင္ဆင္ထားခဲ့ျပီး ျဖစ္သည္။

မန္စီးတီးေဘာလံုးအသင္းသည္ မန္ခ်က္စတာျမိဳ ႔တြင္ ၂၀၁၇ ခုႏွစ္၊ ေမလ ၂၂ ရက္က ျဖစ္ေပၚခဲ့သည့္ အၾကမ္းဖက္ ဗံုးခြဲတိုက္ခိုက္ခံရမႈတြင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ကုသမႈေပးရန္ ၎၏အိမ္ကြင္းကို အသံုးျပဳခြင့္ေပးအပ္ခဲ့ဖူးသည္။

ထိုစဥ္က အေမရိကန္အဆိုေတာ္ ေအရီယာနာ ဂရန္ဒီ၏ ေဖ်ာ္ေျဖပြဲအျပီးတြင္ ထိုင္ခံု ၂၁၀၀၀ ဆန္႔ မန္ခ်က္စတာ ေအရီနာကြင္းၾကီး အတြင္းမွ ပရိသတ္မ်ား ျပန္လည္ထြက္ခြာေနခ်ိန္တြင္ အစၥလာမ္အစြန္းေရာက္တစ္ဦးက အေသခံဗံုးခြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

ထိုဗံုးခြဲတိုက္ခိုက္မႈတြင္ လူေပါင္း ၂၂ ဦးေသဆံုးျပီး ၅၀၀ ေက်ာ္ ဒဏ္ရာရရွိခဲ့သည္။

အဆိုပါတိုက္ခိုက္မႈၾကီး ခံရခ်ိန္တြင္ မန္စီးတီးအသင္းက ထိခိုက္ဒဏ္ရာရရွိသူမ်ားႏွင့္ မိသားစုမ်ား ေခတၱခိုလံႈရန္ အီးတီဟတ္ကြင္းကို အသံုးျပဳခြင့္ေပးအပ္ခဲ့သည္။

ျဗိတိန္တြင္ လြန္ခဲ့ေသာ ၂၄ နာရီအတြင္း ေသဆံုးသူ ၂၆၀ ဦးရွိျပီး ေသဆံုးသူစုစုေပါင္း ၁၀၁၉ ဦးရွိလာျပီ ျဖစ္သည္။

Covid-19 ျပန္႔ပြားကူးစက္မႈ ျဖစ္ေပၚျပီးကတည္းက ျဗိတိန္တြင္ လူေပါင္း ၁၂၀၇၇၆ ဦးကို စမ္းသပ္ခဲ့ရာ လူေပါင္း ၁၇၀၈၉ ဦးတြင္ ေရာဂါ ရွာေဖြေတြ႔ရွိခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service