အမွေမမီမြေးဆိုသည်မှာ အဘယ်နည်း။ - Property Knowledge in Myanmar from iMyanmarHouse.com
1741 Views

အမွေမမီမြေးဆိုသည်မှာ အဘယ်နည်း။

Knowledge | Posted by Zarni Kyaw

### Unicode Version ###

အမွေမမီမြေးဆိုသည်မှာ အဘိုး(သို့) အဘွားဖြစ်စေ၊ နှစ်ယောက်လုံးဖြစ်စေ မသေဆုံးမီတွင် သေဆုံးသွားသော သားသမီးများမှ မွေးဖွားသည့် ထိုဘိုးဘွား၏ မြေးအရင်းများကို ဆိုလိုပါသည်။

မယားဖြစ်သူသည် ၎င်း၏မိဘများထက် ဦးစွာ သေဆုံးသွားပါက ယောကျ်ားဖြစ်သူသည် ယောက္ခမများ ကွယ်လွန်ချိန်တွင် အမွေစား၊ အမွေခံမဖြစ်နိုင်ပါ။ ထို့ကြောင့်ပင် မြေးများအား သေဆုံးသူမိဘ၏ ညီအကိုမောင်နှမများနှင့် ယှဉ်ပြိုင်၍ အမွေဆက်ခံခွင့်ကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၏ ခြွင်းချက်အဖြစ်ပေးခြင်းဖြစ်ပါသည်။

အမွေဆက်ခံမည့် မိခင်(သို့)ဖခင်တစ်ဦးဦးသည် အမွေရှင်ထက် ဦးစွာကွယ်လွန်ပါက ကျန်ရစ်ခဲ့သော သားသမီးတို့သည် အမွေမမီမြေးဟု မှတ်ယူရပါမည်။

မြန်မာဗုဒ္ဓဘာသာအိမ်ထောင်တွင် အဖေ (သို့) အမေ ကွယ်လွန်သောအခါ အမွေရထိုက်သည့် သြရသ(သားသမီးအကြီးဆုံးကိုဆိုလိုသည်)သားသမီးကျန်ရစ်လျှင် ထိုသားသမီးသည် အမွေ၏လေးပုံတစ်ပုံ ရခွင့်ရှိပါသည်။သြရသအခွင့်အရေးမှာ အပြီးအပိုင်ရရှိသည့် အကျိုးခံစားခွင့်ဖြစ်သည်။

အမွေရထိုက်သော သြရသသည် မိဘတစ်ပါးကွယ်လွန်စဉ်က အမွေမတောင်းပဲနေခဲ့ရာက ၁၂နှစ် ကျော်လွန်သောအခါ သြရသအမွေဟောင်း ဆုံးရှုံးသွားပါသည်။

အမွေမမီမြေးများ၏ဖခင်သည် သြရသသားဖြစ်သော်လည်း ၎င်းမိဘတစ်ပါးမှကွယ်လွန်စဉ် အမွေ မတောင်းခဲ့သည့်အတွက် ၎င်းကွယ်လွန်သောအခါ ဇနီးထံသို့ဆင်းသက်ခြင်းမရှိပါ။ သားသမီးမှလည်း ဖခင်ကိုယ်စားဆက်ခံခွင့်မရှိပါ။

အမွေမမီမြေးတို့သည် မိဘများရရှိသင့်သည့် အခွင့်အရေးအလျောက် မိဘကိုယ်စားအမွေဆက်ခံရရှိခြင်း မဟုတ်ပါ။ မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးများအဖြစ် တစ်ဦးချင်းအနေနှင့် အမွေဆက်ခံခြင်းသာဖြစ်ပါကြောင်း မောင်ဖိုးသူတော်နှင့် မောင်ဖိုးသန်းအမှု ၁ ရန်ကုန် ၃၁၆တွင် စီရင်ထုံးဖွဲ့ထားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

အေမြမမီေျမးဆိုသည္မွာ အဘယ္နည္း။

အေမြမမီေျမးဆိုသည္မွာ အဘိုး(သို႔) အဘြားျဖစ္ေစ၊ ႏွစ္ေယာက္လုံးျဖစ္ေစ မေသဆုံးမီတြင္ ေသဆုံးသြားေသာ သားသမီးမ်ားမွ ေမြးဖြားသည့္ ထိုဘိုးဘြား၏ ေျမးအရင္းမ်ားကို ဆိုလိုပါသည္။

မယားျဖစ္သူသည္ ၎၏မိဘမ်ားထက္ ဦးစြာ ေသဆုံးသြားပါက ေယာက်္ားျဖစ္သူသည္ ေယာကၡမမ်ား ကြယ္လြန္ခ်ိန္တြင္ အေမြစား၊ အေမြခံမျဖစ္ႏိုင္ပါ။ ထို႔ေၾကာင့္ပင္ ေျမးမ်ားအား ေသဆုံးသူမိဘ၏ ညီအကိုေမာင္ႏွမမ်ားႏွင့္ ယွဥ္ၿပိဳင္၍ အေမြဆက္ခံခြင့္ကို ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒ၏ ႁခြင္းခ်က္အျဖစ္ေပးျခင္းျဖစ္ပါသည္။

အေမြဆက္ခံမည့္ မိခင္(သို႔)ဖခင္တစ္ဦးဦးသည္ အေမြရွင္ထက္ ဦးစြာကြယ္လြန္ပါက က်န္ရစ္ခဲ့ေသာ သားသမီးတို႔သည္ အေမြမမီေျမးဟု မွတ္ယူရပါမည္။

ျမန္မာဗုဒၶဘာသာအိမ္ေထာင္တြင္ အေဖ (သို႔) အေမ ကြယ္လြန္ေသာအခါ အေမြရထိုက္သည့္ ၾသရသ(သားသမီးအႀကီးဆုံးကိုဆိုလိုသည္)သားသမီးက်န္ရစ္လွ်င္ ထိုသားသမီးသည္ အေမြ၏ေလးပုံတစ္ပုံ ရခြင့္ရွိပါသည္။ၾသရသအခြင့္အေရးမွာ အၿပီးအပိုင္ရရွိသည့္ အက်ိဳးခံစားခြင့္ျဖစ္သည္။

အေမြရထိုက္ေသာ ၾသရသသည္ မိဘတစ္ပါးကြယ္လြန္စဥ္က အေမြမေတာင္းပဲေနခဲ့ရာက ၁၂ႏွစ္ ေက်ာ္လြန္ေသာအခါ ၾသရသအေမြေဟာင္း ဆုံးရႈံးသြားပါသည္။

အေမြမမီေျမးမ်ား၏ဖခင္သည္ ၾသရသသားျဖစ္ေသာ္လည္း ၎မိဘတစ္ပါးမွကြယ္လြန္စဥ္ အေမြ မေတာင္းခဲ့သည့္အတြက္ ၎ကြယ္လြန္ေသာအခါ ဇနီးထံသို႔ဆင္းသက္ျခင္းမရွိပါ။ သားသမီးမွလည္း ဖခင္ကိုယ္စားဆက္ခံခြင့္မရွိပါ။

အေမြမမီေျမးတို႔သည္ မိဘမ်ားရရွိသင့္သည့္ အခြင့္အေရးအေလ်ာက္ မိဘကိုယ္စားအေမြဆက္ခံရရွိျခင္း မဟုတ္ပါ။ မိမိတို႔၏ ကိုယ္ပိုင္အခြင့္အေရးမ်ားအျဖစ္ တစ္ဦးခ်င္းအေနႏွင့္ အေမြဆက္ခံျခင္းသာျဖစ္ပါေၾကာင္း ေမာင္ဖိုးသူေတာ္ႏွင့္ ေမာင္ဖိုးသန္းအမႈ ၁ ရန္ကုန္ ၃၁၆တြင္ စီရင္ထုံးဖြဲ႕ထားပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

Upcoming Property Events

mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service