အစိုးရခေါ်ယူမည့်တင်ဒါများ ဒီဇိုင်းရေးဆွဲပြီးမှသာ လွှတ်တော်ဆုံးဖြတ်ချက်ရယူသင့်ဟုဆို - Property News in Myanmar from iMyanmarHouse.com
683 Views

အစိုးရခေါ်ယူမည့်တင်ဒါများ ဒီဇိုင်းရေးဆွဲပြီးမှသာ လွှတ်တော်ဆုံးဖြတ်ချက်ရယူသင့်ဟုဆို

### Unicode Version ###

အစိုးရမှ ခေါ်ယူလျက်ရှိသည့်တင်ဒါများ ပထမတစ်နှစ်တွင် ဒီဇိုင်း stage ရေးဆွဲပြီး လွှတ်တော်မှ ဘတ်ဂျက်အတည်ပြုပြီးမှသာ တင်ဒါခေါ်ယူသင့်ကြောင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

“လက်ရှိအစိုးရအချို့တင်ဒါတွေမှာ လျှောက်ထားသူမရှိတာတွေရှိတယ်။ ဒီဇိုင်းတစ်ခုတည်းကို PAE တန်ဖိုး တစ်မျိုးတည်းသတ်မှတ်ပြီး တင်ဒါခေါ်လို့မရဘူး။ ဆောက်လုပ်ရမဲ့နေရာအနေအထားကို လေ့လာပြီး ကုန်ကျစရိတ်တွက်ချက်တာနဲ့ လွှတ်တော်တင်ပြပြီးမှ တင်ဒါခေါ်မယ်ဆိုရင် ဆောက်လုပ်မဲ့ အိမ်ရာတွေရဲ့ ခိုင်ခန့်မှုနဲ့ အရည်အသွေးကိုလည်း အာမခံနိုင်မယ်”ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှုချုပ် ဦးမျိုးမြင့်ကပြောသည်။

အစိုးရမှ ခေါ်ယူလျက်ရှိသည့် တင်ဒါများသည် သတ်မှတ်ထားသည့် PAE (လက်ခစား) တန်ဖိုးနှင့် ဆောက်လုပ်မည့် ပုံစံအတွက် ကုန်ကျစရိတ် မကိုက်ညီသည့်အတွက် တင်ဒါများလျှောက်ထားသူမရှိသည့် အခြေအနေများ ကြုံတွေ့နေရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ထံမှသိရသည်။

ထို့အပြင် UNDB ပံ့ပိုးကူညီမှုဖြင့် ဆောက်လုပ်မည့်တင်ဒါများတွင်လည်း အဖွဲ့အစည်းဘက်မှ ပေးသည့် PAE တန်ဖိုး မတူညီသည့်အတွက် ဌာနမှလုပ်ကိုင်ခွင့်ပြုရန် ကြန့်ကြာမှုများရှိနေကြောင်း MCEF ထံမှသိရသည်။

အစိုးရဝန်ကြီးဌာနမှ ခေါ်ယူလျက်ရှိသည့် တင်ဒါများ၏ PAE တန်ဖိုးများသည် တစ်ပေပတ်လည်လျှင် ကျပ် ၁၁၀၀၀ ဝန်းကျင်ခန့်ဖြစ်ပြီး ခေါ်ယူသည့် နေရာအလိုက် ကုန်ကြမ်းတန်ဖိုးကွာခြားမှုရှိခြင်း ဆောက်သည့် မြေအမျိုးအစား ကွာခြားမှုကြောင့် တချို့တင်ဒါများတွင် ခေါ်ယူပြီး လျှောက်ထားသူမရှိသည့် အခြေအနေများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ထံမှ သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

အစိုးရေခၚယူမည့္တင္ဒါမ်ား ဒီဇိုင္းေရးဆြဲျပီးမွသာ လႊတ္ေတာ္ဆံုးျဖတ္ခ်က္ရယူသင့္ဟုဆို

အစိုးရမွ ေခၚယူလ်က္ရွိသည့္တင္ဒါမ်ား ပထမတစ္နွစ္တြင္ ဒီဇိုင္း stage ေရးဆြဲျပီး လႊတ္ေတာ္မွ ဘတ္ဂ်က္အတည္ျပဳၿပီးမွသာ တင္ဒါေခၚယူသင့္ေၾကာင့္ ျမန္မာနိုင္ငံေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းရွင္မ်ား အသင္းမွ သိရသည္။

“လက္ရွိအစိုးရအခ်ိဳ့တင္ဒါေတြမွာ ေလွ်ာက္ထားသူမရွိတာေတြရွိတယ္။ ဒီဇိုင္းတစ္ခုတည္းကုိ PAE တန္ဖိုး တစ္မ်ိဳးတည္းသတ္မွတ္ျပီး တင္ဒါေခၚလို့မရဘူး။ ေဆာက္လုပ္ရမဲ့ေနရာအေနအထားကုိ ေလ့လာျပီး ကုန္က်စရိတ္တြက္ခ်က္တာနဲ့ လႊတ္ေတာ္တင္ျပျပီးမွ တင္ဒါေခၚမယ္ဆိုရင္ ေဆာက္လုပ္မဲ့ အိမ္ရာေတြရဲ့ ခိုင္ခန့္မွဳနဲ့ အရည္အေသြးကုိလည္း အာမခံနိုင္မယ္”ဟု ျမန္မာနိုင္ငံေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္းရွင္မ်ားအသင္းမွ အေထြေထြအတြင္းေရးမွဳခ်ဳပ္ ဦးမ်ိဳးျမင့္ကေျပာသည္။

အစိုးရမွ ေခၚယူလ်က္ရွိသည့္ တင္ဒါမ်ားသည္ သတ္မွတ္ထားသည့္ PAE (လက္ခစား) တန္ဖိုးနွင့္ ေဆာက္လုပ္မည့္ ပုံစံအတြက္ ကုန္က်စရိတ္ မကုိက္ညီသည့္အတြက္ တင္ဒါမ်ားေလွ်ာက္ထားသူမရွိသည့္ အေျခအေနမ်ား ႀကံဳေတြ႔ေနရေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္တခ်ိဳ့ထံမွသိရသည္။

ထို့အျပင္ UNDB ပံ့ပိုးကူညီမွဳျဖင့္ ေဆာက္လုပ္မည့္တင္ဒါမ်ားတြင္လည္း အဖြဲ႕အစည္းဘက္မွ ေပးသည့္ PAE တန္ဖိုး မတူညီသည့္အတြက္ ဌာနမွလုပ္ကုိင္ခြင့္ျပဳရန္ ၾကန့္ၾကာမွဳမ်ားရွိေနေၾကာင္း MCEF ထံမွသိရသည္။

အစိုးရ၀န္ႀကီးဌာနမွ ေခၚယူလ်က္ရွိသည့္ တင္ဒါမ်ား၏ PAE တန္ဖိုးမ်ားသည္ တစ္ေပပတ္လည္လွ်င္ က်ပ္ ၁၁၀၀၀ ၀န္းက်င္ခန့္ျဖစ္ျပီး ေခၚယူသည့္ ေနရာအလိုက္ ကုန္ၾကမ္းတန္ဖိုးကြာျခားမွဳရွိျခင္း ေဆာက္သည့္ ေျမအမ်ိဳးအစား ကြာျခားမွဳေၾကာင့္ တခ်ိဳ့တင္ဒါမ်ားတြင္ ေခၚယူျပီး ေလွ်ာက္ထားသူမရွိသည့္ အေျခအေနမ်ား ျဖစ္ေပၚေနျခင္းျဖစ္ေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္တခ်ိဳ့ထံမွ သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service