အမွေဆိုင်များသည် အမွေဆိုင်ပစ္စည်းကို မည့်သည့်အခါတွင် ဦးစွာဝယ်ပိုင်ခွင့် ဆုံးရှုံးသနည်း ? - Property Knowledge in Myanmar from iMyanmarHouse.com
1216 Views

အမွေဆိုင်များသည် အမွေဆိုင်ပစ္စည်းကို မည့်သည့်အခါတွင် ဦးစွာဝယ်ပိုင်ခွင့် ဆုံးရှုံးသနည်း ?

Knowledge | Posted by Hnin Ei Khin

### Unicode Version ###

အမွေဆိုင်များသည် အမွေဆိုင်ပစ္စည်းကို အောက်ပါအခြေအနေတွင် ဦးစွာဝယ်ပိုင်ခွင့် ဆုံးရှုံးပါသည်-

(က) ရောင်းမည့်သူသည် ပစ္စည်းကို အမွေဆက်ခံပြီးရရှိရမည်။ ထိုသို့အမွေရရှိခြင်းမဟုတ်ဘဲ အခြား နည်းလမ်းနှင့်ရရှိခဲ့လျှင် မူလကဘိုးဘွားတို့ပိုင်ဆိုင်ခဲ့ဘူးသည့် ပစ္စည်းဖြစ်စေကာမူ ဦးစွာဝယ်ပိုင်ခွင့်မရှိပါ။

(ခ) ဦးစွာဝယ်ပိုင်ခွင့်သည် အမွေရပစ္စည်းနှင့်သာ သက်ဆိုင်သည်။ ထိုအမွေပစ္စည်းကို သက်ဆိုင်ရာ အမွေဆိုင်တို့ ခွဲဝေမယူမီအချိန်၌သာ ထိုအခွင့်အရေးရှိသည်။

(ဂ) ဦးစွာဝယ်ပိုင်ခွင့်မှာ မခွဲဝေရသေးသည့် အမွေပစ္စည်းနှင့်သာ သက်ဆိုင်သည်။ ခွဲဝေပြီးလျှင် ဦးစွာဝယ် ပိုင်ခွင့်မရှိတော့ပါ။

(ဃ) အမွေဆိုင်တစ်ဦးသည် မိမိအမွေဝေစုကို အခြားအမွေဆိုင်တစ်ဦးသို့ ရောင်းချပြီးလျှင် ကျန်အမွေဆိုင် များ၌ ဦးစွာဝယ်ပိုင်ခွင့်မရှိတော့ပါ။

(င) အခြားအမွေဆိုင်များက ဝယ်ယူရန်ငြင်းဆိုဘူးလျှင် အမွေပစ္စည်းရောင်းလိုသူသည် သူတစ်စိမ်း အား ရောင်းလိုကြောင်း ထပ်မံပြောကြားရန်မလိုပါ။

(စ) အမွေဆိုင်တစ်ဦး၏ အချို့ပစ္စည်းကို ရောင်းချချိန်က အခြားအမွေဆိုင်များသည် မကန့်ကွက် ခဲ့သော်လည်း ကျန်အမွေဆိုင်ပစ္စည်းကို နောက်တစ်ကြိမ်ရောင်းချသောအခါ ကန့်ကွက်ခွင့်ရှိသည်။

(ဆ) အမွေဆိုင်တစ်ဦး၏ ဝယ်ယူလိုသော အခြားအမွေဆိုင်သည် သူတစ်စိမ်းဝယ်ယူသော ငွေတန်ဖိုး အတိုင်း ပေးချေရမည်။

(ဇ) အကြီးဆုံးသားသမီးသည် ၎င်း၏အမွေဝေစု လေးပုံတစ်ပုံကို ဖခင်သေဆုံးပြီးနောက်ရရှိပြီးသော်လည်း ကျန်အမွေပစ္စည်းများကို အခြားပစ္စည်ဆိုင်များက ရောင်းချလျှင် ဦးစွာဝယ်ပိုင်ခွင့်တောင်းဆိုနိုင်သည်။

(ဈ) ဖခင်၊ မိခင်သေဆုံးပြီးနောက် သေဆုံးသူထားခဲ့သည့်မြေကို ကျန်ရစ်သူဇနီး၊ ခင်ပွန်းမှ သူတစ်စိမ်း အား ရောင်းချရာတွင် သားသမီးများ၌ ဦးစွာဝယ်ပိုင်ခွင့်မရှိပါ။ အဘယ်ကြောင့်ဆိုသော် သားသမီးများသည် ကျန်ရစ်သူဇနီး၊ ခင်ပွန်းနှင့်အတူ အမွေဆိုင်များ မဟုတ်သောကြောင့်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

အေမြဆိုင္မ်ားသည္ အေမြဆိုင္ပစၥည္းကို မည့္သည့္အခါတြင္ ဦးစြာ၀ယ္ပိုင္ခြင့္ ဆံုးရံႈးသနည္း?

အေမြဆိုင္မ်ားသည္ အေမြဆိုင္ပစၥည္းကို ေအာက္ပါအေျခအေနတြင္ ဦးစြာ၀ယ္ပိုင္ခြင့္ ဆံုးရံႈးပါသည္-

(က) ေရာင္းမည့္သူသည္ ပစၥည္းကို အေမြဆက္ခံၿပီးရရွိရမည္။ ထိုသို႔အေမြရရွိျခင္းမဟုတ္ဘဲ အျခား နည္းလမ္းႏွင့္ရရွိခဲ့လွ်င္ မူလကဘိုးဘြားတို႔ပိုင္ဆိုင္ခဲ့ဘူးသည့္ ပစၥည္းျဖစ္ေစကာမူ ဦးစြာ၀ယ္ပိုင္ခြင့္မရွိပါ။

(ခ) ဦးစြာ၀ယ္ပိုင္ခြင့္သည္ အေမြရပစၥည္းႏွင့္သာ သက္ဆိုင္သည္။ ထိုအေမြပစၥည္းကို သက္ဆိုင္ရာ အေမြဆိုင္တို႔ ခြဲေ၀မယူမီအခ်ိန္၌သာ ထိုအခြင့္အေရးရွိသည္။

(ဂ) ဦးစြာ၀ယ္ပိုင္ခြင့္မွာ မခြဲေ၀ရေသးသည့္ အေမြပစၥည္းႏွင့္သာ သက္ဆိုင္သည္။ ခြဲေ၀ၿပီးလွ်င္ ဦးစြာ၀ယ္ ပိုင္ခြင့္မရွိေတာ့ပါ။

(ဃ) အေမြဆိုင္တစ္ဦးသည္ မိမိအေမြေ၀စုကို အျခားအေမြဆိုင္တစ္ဦးသို႔ ေရာင္းခ်ၿပီးလွ်င္ က်န္အေမြဆိုင္ မ်ား၌ ဦးစြာ၀ယ္ပိုင္ခြင့္မရွိေတာ့ပါ။

(င) အျခားအေမြဆိုင္မ်ားက ၀ယ္ယူရန္ျငင္းဆိုဘူးလွ်င္ အေမြပစၥည္းေရာင္းလိုသူသည္ သူတစ္စိမ္း အား ေရာင္းလိုေၾကာင္း ထပ္မံေျပာၾကားရန္မလိုပါ။

(စ) အေမြဆိုင္တစ္ဦး၏ အခ်ိဳ႕ပစၥည္းကို ေရာင္းခ်ခ်ိန္က အျခားအေမြဆိုင္မ်ားသည္ မကန္႔ကြက္ ခဲ့ေသာ္လည္း က်န္အေမြဆိုင္ပစၥည္းကို ေနာက္တစ္ႀကိမ္ေရာင္းခ်ေသာအခါ ကန္႔ကြက္ခြင့္ရွိသည္။

(ဆ) အေမြဆိုင္တစ္ဦး၏ ၀ယ္ယူလိုေသာ အျခားအေမြဆိုင္သည္ သူတစ္စိမ္း၀ယ္ယူေသာ ေငြတန္ဖိုး အတိုင္း ေပးေခ်ရမည္။

(ဇ) အႀကီးဆံုးသားသမီးသည္ ၄င္း၏အေမြေ၀စု ေလးပံုတစ္ပံုကို ဖခင္ေသဆံုးၿပီးေနာက္ရရွိၿပီးေသာ္လည္း က်န္အေမြပစၥည္းမ်ားကို အျခားပစၥည္ဆိုင္မ်ားက ေရာင္းခ်လွ်င္ ဦးစြာ၀ယ္ပိုင္ခြင့္ေတာင္းဆိုႏိုင္သည္။

(စ်) ဖခင္၊ မိခင္ေသဆံုးၿပီးေနာက္ ေသဆံုးသူထားခဲ့သည့္ေျမကို က်န္ရစ္သူဇနီး၊ ခင္ပြန္းမွ သူတစ္စိမ္း အား ေရာင္းခ်ရာတြင္ သားသမီးမ်ား၌ ဦးစြာ၀ယ္ပိုင္ခြင့္မရွိပါ။ အဘယ္ေၾကာင့္ဆိုေသာ္ သားသမီးမ်ားသည္ က်န္ရစ္သူဇနီး၊ ခင္ပြန္းႏွင့္အတူ အေမြဆိုင္မ်ား မဟုတ္ေသာေၾကာင့္ျဖစ္သည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service