ဦးစွာဝယ်ပိုင်ခွင့်အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
1477 Views
ဦးစွာဝယ်ပိုင်ခွင့်အကြောင်း
Knowledge | Posted by Shwe Zin Win
### Unicode Version ###
ဦးစွာဝယ်ပိုင်ခွင့်ဆိုသည်မှာ ဘိုးဘေးတို့မှ ဆင်းသက်လာသော မခွဲဝေရသေးသည့် အမွေပစ္စည်းမှ အမွေဆိုင်တစ်ဦး၏ဝေစုကို အခြားအမွေဆိုင်များက သူတစ်စိမ်းထက် ရှေးဦးစွာဝယ်ယူနိုင်ခွင့်၊ အကယ်၍ အဆိုပါဝေစုကို သူတစ်စိမ်းသို့ ရောင်းချပြီးဖြစ်လျှင် အမွေဆိုင်များက ပစ္စည်းကိုဝယ်ယူသူအား ပြန်လည်ရောင်းချရန် တောင်းဆိုနိုင်သည့် အခွင့်အရေးတို့ပင်ဖြစ်ပါသည်။
မခွဲဝေရသေးသည့် အမွေပစ္စည်းမှ မိမိရသင့်ရထိုက်သည့်ဝေစုကို သူတစ်စိမ်းတို့အား အခြားအမွေဆိုင်များအရင် ဦးစွာရောင်းချခွင့်မရှိပါ။ အမွေဆိုင်များအား ရှေးဦးစွာရောင်းချရပါမည်။ ၎င်းတို့ မဝယ်လိုမှသာလျှင် သူတစ်စိမ်းသို့ ရောင်းချနိုင်ပါသည်။ အကယ်၍ အခြားအမွေဆိုင်များအား ဦးစွာဝယ်ပိုင်ခွင့်ကို မပေးဘဲ သူတစ်စိမ်းအား ရောင်းချပါက အရောင်းအဝယ် ပျက်ပြယ်နိုင်ပေသည်။
ဦးစွာဝယ်ပိုင်ခွင့်ကို တောင်းဆိုရာတွင် သူတစ်စိမ်းမှ ဝယ်ယူပြီး လက်ရှိနေထိုင်သည့်အချိန်မှစ၍ လည်းကောင်း၊ လက်ရှိနေထိုင်ခြင်းမပြုလျှင် အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်သည့် အချိန်မှလည်းကောင်း တစ်နှစ်အတွင်း တောင်းဆိုရမည်။ တစ်နှစ်အချိန်ကျော်လွန်လျှင် အမွေဆိုင်များ၌ ဦးစွာဝယ်ပိုင်ခွင့်ကို မတောင်းဆိုနိုင်တော့ပါ။ အခွင့်အရေးဆုံးရှုံးသွားပြီဖြစ်ပါသည်။
သူတစ်စိမ်းအား ဦးစွာရောင်းချလျှင် ထိုအရောင်းအဝယ်ကို ပယ်ဖျက်ပေးရန်နှင့် ပစ္စည်းကို ပြန်လည်ဝယ်ယူခွင့်ရရှိရန် ဦးစွာဝယ်ပိုင်ခွင့်ကို တောင်းဆိုနိုင်ပြီး တရားစွဲဆိုလျှင် အမွေဆိုင်အားလုံး နှင့်သက်ဆိုင်သည့် အခွင့်အရေးဖြစ်သည့်အတွက် ကျန်အမွေဆိုင်များကို တရားလိုဖြစ်စေ၊ တရားပြိုင်ဖြစ်စေ ထည့်သွင်း၍ တရားစွဲဆိုရမည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
Upcoming Property Events
From 24 May To 25 May
The Rich Villa
The Rich Villa
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service