နိုင်ငံတော်ပိုင် မြေလွတ်၊ မြေလပ်ကျုးကျော်မှုများနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် ကျုးကျော်မှုများကို အရေးယူဆောင်ရွက်မှုနည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
1432 Views

နိုင်ငံတော်ပိုင် မြေလွတ်၊ မြေလပ်ကျုးကျော်မှုများနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် ကျုးကျော်မှုများကို အရေးယူဆောင်ရွက်မှုနည်းလမ်းများ

Knowledge | Posted by Hnin Ei Khin

### Unicode Version ###

၁။ နိုင်ငံတော်ပိုင် မြေလွတ်၊ မြေလပ်ကျုးကျော်မှုများ

(က) အထက်မြန်မာနိုင်ငံ နိုင်ငံတော်ပိုင် မြေလွတ်၊ မြေလပ်များပေါ်တွင် အခွင့်အမိန့်မရပဲ ကျုးကျော်ခြင်း၊ အခွင့်အမိန့်ရသော်လည်း အခွန်ပေးဆောင်ရန် ပျက်ကွက်ပါက ၎င်းကို အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်း ပုဒ်မ (၂၅) အရ အခွန်အရာရှိက ဖယ်ရှားရန် နို့တစ်(Notice)ပေးပို့ပါမည်။

ယင်းနို့တစ်စာတွင် သတ်မှတ်ထားသော အချိန်အတွင်း မြေပေါ်ရှိ နိုင်ငံတော်ပိုင်ပစ္စည်းများမှအပ ကျန်ပစ္စည်းများအားလုံး ဖယ်ရှားစေရန် ဆင့်ဆိုရပါသည်။

(ခ) သတ်မှတ်ချိန်အတွင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက အခွန်အရာရှိသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ တရားရုံးတွင် တရားစွဲဆိုပါမည်။

(ဂ) တရားရုံးက ပြစ်ဒဏ်ချမှတ်သည့်အခါ သတ်မှတ်သောအချိန်ကုန်ဆုံးပြီးနောက် ကျုးကျော်နေထိုင်သူ များ၏ ပစ္စည်းများမြေပေါ်တွင် ကျန်ရှိနေပါက မြေနှင့်အခွန်စည်းမျဉ်းဥပဒေ ပုဒ်မ ၁၀ နှင့်အညီ တရားမကျင့်ထုံးဥပဒေအရ ပစ္စည်းများကို လေလံတင်ရောင်းချ၍ ၎င်းငွေထဲမှ ပစ္စည်းများထိန်းသိမ်းထားရခြင်း၊ ဖယ်ရှားရခြင်း၊ ရောင်းချရာတွင် ကုန်ကျစရိတ်များကို နှုတ်၍ကျန်ငွေရှိနေသေးပါက ပစ္စည်းပိုင်ရှင်သို့ ပြန်ပေးပြီးကျုးကျော်သူများအား အချိန်မရွေးဖယ်ရှားခြင်း Ejectment ပြုလုပ်နိုင်ပါသည်။

၂။ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင်ကျုးကျော်ခြင်း

(က) ထိုကျုးကျော်မှုတွင် လိုင်စင်၊ အငှားဂရန်မရှိပဲဖြစ်စေ၊ လိုင်စင်(သို့) အငှားဂရန် သက်တမ်း ကုန်ဆုံး၍ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် ဖြစ်စေ၊ မြေကိုဖျက်သိမ်းထားသည့် ထိုမြေပေါ် ဆက်လက်ကျုးကျော်နေထိုင်သူများ ကိုဆိုလိုသည်။

(ခ) ၎င်းကျုးကျော်သူများကို အခွန်ဦးစီးအရာရှိသည် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်စည်းမျဉ်းပုဒ်မ ၆၉(၁)အရ ဖယ်ရှားရန် နို့တစ်စာပေး၍ ခွင့်ပြုချက်မရှိပဲ မြေကိုတရားမဝင်အသုံးပြုသော ကာလအတွက် ကျသင့်သည့် မြေခွန် (၃) ဆထက် မပိုစေပဲ ဒဏ်ငွေပေးဆောင်စေရန် အမိန့်ချမှတ်နိုင်ပါသည်။ ယင်းဒဏ်ငွေပေးဆောင်ရန် ပျက်ကွက်ပါက မြေခွန်မပြေသော ကျန်ငွေအဖြစ် ကောက်ခံရပါမည်။

(ဂ) ကျုးကျော်သူသည် မြေပေါ်မှဖယ်ရှားရန် ပုဒ်မ ၉၆(၁)အရ အကြောင်းကြားသည့်အတိုင်း လိုက်နာရန်ပျက်ကွက်လျှင် ၎င်းစည်းမျဉ်းနည်းဥပဒေ၏ ၉၆(၂) အရ ဖယ်ရှားနိုင်သည့်အပြင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အခွန်အရာရှိက တရားစွဲဆိုနိုင်ပါသည်။

(ဃ) တရားရုံးမှ ၎င်းအပေါ် ပြစ်ဒဏ်ချမှတ်ခဲ့လျှင် အထက်ပါ အပိုဒ်(၁) (ဂ) အတိုင်းအရေးယူ ဆောင်ရွက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

### Zawgyi Version ###

ႏိုင္ငံေတာ္ပိုင္ ေျမလြတ္၊ ေျမလပ္က်ဳးေက်ာ္မႈမ်ားႏွင့္ အစိုးရစီမံခန္႔ခြဲပိုင္ခြင့္ရွိေသာ ေျမေပၚတြင္ က်ဳးေက်ာ္မႈမ်ားကို အေရးယူေဆာင္ရြက္မႈနည္းလမ္းမ်ား

၁။ ႏိုင္ငံေတာ္ပိုင္ ေျမလြတ္၊ ေျမလပ္က်ဳးေက်ာ္မႈမ်ား

(က) အထက္ျမန္မာႏိုင္ငံ ႏိုင္ငံေတာ္ပိုင္ ေျမလြတ္၊ ေျမလပ္မ်ားေပၚတြင္ အခြင့္အမိန္႕မရပဲ က်ဳးေက်ာ္ျခင္း၊ အခြင့္အမိန္႔ရေသာ္လည္း အခြန္ေပးေဆာင္ရန္ ပ်က္ကြက္ပါက ၎ကို အထက္ျမန္မာႏိုင္ငံေျမႏွင့္ အခြန္စည္းမ်ဥ္း ပုဒ္မ (၂၅) အရ အခြန္အရာရွိက ဖယ္ရွားရန္ ႏို႔တစ္(Notice)ေပးပို႔ပါမည္။

ယင္းႏို႔တစ္စာတြင္ သတ္မွတ္ထားေသာ အခ်ိန္အတြင္း ေျမေပၚရွိ ႏိုင္ငံေတာ္ပိုင္ပစၥည္းမ်ားမွအပ က်န္ပစၥည္းမ်ားအားလုံး ဖယ္ရွားေစရန္ ဆင့္ဆိုရပါသည္။

(ခ) သတ္မွတ္ခ်ိန္အတြင္း လိုက္နာေဆာင္ရြက္ျခင္းမရွိပါက အခြန္အရာရွိသည္ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၁၈၈ အရ တရား႐ုံးတြင္ တရားစြဲဆိုပါမည္။

(ဂ) တရား႐ုံးက ျပစ္ဒဏ္ခ်မွတ္သည့္အခါ သတ္မွတ္ေသာအခ်ိန္ကုန္ဆုံးၿပီးေနာက္ က်ဳးေက်ာ္ေနထိုင္သူ မ်ား၏ ပစၥည္းမ်ားေျမေပၚတြင္ က်န္ရွိေနပါက ေျမႏွင့္အခြန္စည္းမ်ဥ္းဥပေဒ ပုဒ္မ ၁၀ ႏွင့္အညီ တရားမက်င့္ထုံးဥပေဒအရ ပစၥည္းမ်ားကို ေလလံတင္ေရာင္းခ်၍ ၎ေငြထဲမွ ပစၥည္းမ်ားထိန္းသိမ္းထားရျခင္း၊ ဖယ္ရွားရျခင္း၊ ေရာင္းခ်ရာတြင္ ကုန္က်စရိတ္မ်ားကို ႏႈတ္၍က်န္ေငြရွိေနေသးပါက ပစၥည္းပိုင္ရွင္သို႔ ျပန္ေပးၿပီးက်ဳးေက်ာ္သူမ်ားအား အခ်ိန္မေရြးဖယ္ရွားျခင္း Ejectment ျပဳလုပ္ႏိုင္ပါသည္။

၂။ အစိုးရစီမံခန္႔ခြဲပိုင္ခြင့္ရွိေသာ ေျမေပၚတြင္က်ဳးေက်ာ္ျခင္း

(က) ထိုက်ဳးေက်ာ္မႈတြင္ လိ္ုင္စင္၊ အငွားဂရန္မရွိပဲျဖစ္ေစ၊ လိုင္စင္(သို႔) အငွားဂရန္ သက္တမ္း ကုန္ဆုံး၍ျဖစ္ေစ၊ အေၾကာင္းတစ္ခုခုေၾကာင့္ ျဖစ္ေစ၊ ေျမကိုဖ်က္သိမ္းထားသည့္ ထိုေျမေပၚ ဆက္လက္က်ဳးေက်ာ္ေနထိုင္သူမ်ား ကိုဆိုလိုသည္။

(ခ) ၎က်ဳးေက်ာ္သူမ်ားကို အခြန္ဦးစီးအရာရွိသည္ အထက္ျမန္မာႏိုင္ငံ ေျမႏွင့္အခြန္စည္းမ်ဥ္းပုဒ္မ ၆၉(၁)အရ ဖယ္ရွားရန္ ႏို႔တစ္စာေပး၍ ခြင့္ျပဳခ်က္မရွိပဲ ေျမကိုတရားမ၀င္အသုံးျပဳေသာ ကာလအတြက္ က်သင့္သည့္ ေျမခြန္ (၃) ဆထက္ မပိုေစပဲ ဒဏ္ေငြေပးေဆာင္ေစရန္ အမိန္႔ခ်မွတ္ႏိုင္ပါသည္။ ယင္းဒဏ္ေငြေပးေဆာင္ရန္ ပ်က္ကြက္ပါက ေျမခြန္မေျပေသာ က်န္ေငြအျဖစ္ ေကာက္ခံရပါမည္။

(ဂ) က်ဳးေက်ာ္သူသည္ ေျမေပၚမွဖယ္ရွားရန္ ပုဒ္မ ၉၆(၁)အရ အေၾကာင္းၾကားသည့္အတိုင္း လိုက္နာရန္ပ်က္ကြက္လွ်င္ ၎စည္းမ်ဥ္းနည္းဥပေဒ၏ ၉၆(၂) အရ ဖယ္ရွားႏိုင္သည့္အျပင္ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၁၈၈ အရ အခြန္အရာရွိက တရားစြဲဆိုႏိုင္ပါသည္။

(ဃ) တရားရုံးမွ ၎အေပၚ ျပစ္ဒဏ္ခ်မွတ္ခဲ့လွ်င္ အထက္ပါ အပိုဒ္(၁) (ဂ) အတိုင္းအေရးယူ ေဆာင္ရြက္ရပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service