အာမခံ အမျိုးအစားအသစ်များရောင်းချရန် ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
719 Views

အာမခံ အမျိုးအစားအသစ်များရောင်းချရန် ခွင့်ပြု

### Unicode Version ###

အာမခံအမျိုးအစားအသစ်များ ရောင်းချနိုင်ကြောင်း အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က မတ်လ ၄ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး မူလခွင့်ပြုထားသည့် အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်းများ အောက်ကသာ ဆောင်ရွက်ရမည်ဟု ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။

‘‘အာမခံ Product အသစ် (အမျိုးအစားအသစ်)တွေကို ထပ်ခွင့်ပြုတာပါ။ လုပ်ငန်းတွေထပ်ခွင့်ပြုတာ မဟုတ်ပါဘူး’’ဟု ၎င်းက ပြောသည်။

သို့သော် အာမခံကုမ္ပဏီများသည် အာမခံအမျိုးအစားအသစ် ရောင်းချရာတွင်လည်းကောင်း၊ အမျိုးအစားအသစ်များ ပြောင်းလဲလိုလျှင်လည်းကောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ထံ ခွင့်ပြုချက်ယူရမည်ဟု ညွှန်ကြား ထားသည်။

အာမခံအမျိုးအစားအသစ် လျှောက်ထားရာတွင် အမျိုးအစားသစ်တစ်မျိုးချင်းကို လျှောက်ထားရမည်ဖြစ်ပြီး တစ်ခုကို ခွင့်ပြုပြီးမှသာ နောက်ထပ်တစ်မျိုး ထပ်မံလျှောက်ရမည်ဖြစ်သည်။

ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် ပုဂ္ဂလိကအာမခံကုမ္ပဏီများအား အာမခံလုပ်ငန်း စုစုပေါင်း ၁၄ မျိုး ကိုရောင်းချခွင့်ပြုထားသည်။

နိုင်ငံအတွင်း အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ကို ပြည်တွင်းကုမ္ပဏီများအား ၂၀၁၃ မေလတွင် စတင်ခွင့်ပြုခဲ့သည်။

ပုဂ္ဂလိကပိုင်ကုမ္ပဏီ ၁၁ ခုနှင့် ရုံးခွဲ ၆၂ ခုရှိပြီး နိုင်ငံခြားကုမ္ပဏီများ၏ ကိုယ်စားလှယ်ရုံးခွဲ ၂၈ ခုရှိသည်။ သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်အာမခံကုမ္ပဏီသုံးခုကို လုပ်ကိုင်ခွင့်ပြုထားသည်။

အထက်ပါ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများအနက် ခုနစ်ခုသည် အသက်အာမခံနှင့် အထွေထွေအာမခံ နှစ်မျိုးစလုံး လုပ်ကိုင်ခွင့်ရရှိထားပြီး ကျန်လေးခုမှာ အသက်အာမခံလုပ်ကိုင်ခွင့်ရရှိထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

အာမခံ အမ်ိဳးအစားအသစ္မ်ားေရာင္းခ်ရန္ ခြင့္ျပဳ

အာမခံအမ်ိဳးအစားအသစ္မ်ား ေရာင္းခ်ႏိုင္ေၾကာင္း အာမခံလုပ္ငန္း ႀကီးၾကပ္ေရးအဖြဲ႕က မတ္လ ၄ ရက္တြင္ ၫႊန္ၾကားခ်က္ထုတ္ျပန္ခဲ့ၿပီး မူလခြင့္ျပဳထားသည့္ အသက္အာမခံႏွင့္ အေထြေထြအာမခံလုပ္ငန္းမ်ား ေအာက္ကသာ ေဆာင္႐ြက္ရမည္ဟု ေငြေရးေၾကးေရးႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးသန႔္ဇင္က ေျပာသည္။

‘‘အာမခံ Product အသစ္ (အမ်ိဳးအစားအသစ္)ေတြကို ထပ္ခြင့္ျပဳတာပါ။ လုပ္ငန္းေတြထပ္ခြင့္ျပဳတာ မဟုတ္ပါဘူး’’ဟု ၎က ေျပာသည္။

သို႔ေသာ္ အာမခံကုမၸဏီမ်ားသည္ အာမခံအမ်ိဳးအစားအသစ္ ေရာင္းခ်ရာတြင္လည္းေကာင္း၊ အမ်ိဳးအစားအသစ္မ်ား ေျပာင္းလဲလိုလွ်င္လည္းေကာင္း အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕ထံ ခြင့္ျပဳခ်က္ယူရမည္ဟု ၫႊန္ၾကား ထားသည္။

အာမခံအမ်ိဳးအစားအသစ္ ေလွ်ာက္ထားရာတြင္ အမ်ိဳးအစားသစ္တစ္မ်ိဳးခ်င္းကို ေလွ်ာက္ထားရမည္ျဖစ္ၿပီး တစ္ခုကို ခြင့္ျပဳၿပီးမွသာ ေနာက္ထပ္တစ္မ်ိဳး ထပ္မံေလွ်ာက္ရမည္ျဖစ္သည္။

ေငြေရးေၾကးေရး ႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာန၊ အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕သည္ ပုဂၢလိကအာမခံကုမၸဏီမ်ားအား အာမခံလုပ္ငန္း စုစုေပါင္း ၁၄ မ်ိဳး ကိုေရာင္းခ်ခြင့္ျပဳထားသည္။

ႏိုင္ငံအတြင္း အာမခံလုပ္ငန္းလုပ္ကိုင္ခြင့္ကို ျပည္တြင္းကုမၸဏီမ်ားအား ၂၀၁၃ ေမလတြင္ စတင္ခြင့္ျပဳခဲ့သည္။

ပုဂၢလိကပိုင္ကုမၸဏီ ၁၁ ခုႏွင့္ ႐ုံးခြဲ ၆၂ ခုရွိၿပီး ႏိုင္ငံျခားကုမၸဏီမ်ား၏ ကိုယ္စားလွယ္႐ုံးခြဲ ၂၈ ခုရွိသည္။ သီလဝါအထူးစီးပြားေရးဇုန္တြင္ ဂ်ပန္အာမခံကုမၸဏီသုံးခုကို လုပ္ကိုင္ခြင့္ျပဳထားသည္။

အထက္ပါ ျပည္တြင္းပုဂၢလိက ကုမၸဏီမ်ားအနက္ ခုနစ္ခုသည္ အသက္အာမခံႏွင့္ အေထြေထြအာမခံ ႏွစ္မ်ိဳးစလုံး လုပ္ကိုင္ခြင့္ရရွိထားၿပီး က်န္ေလးခုမွာ အသက္အာမခံလုပ္ကိုင္ခြင့္ရရွိထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service