ဗဟိုဘဏ်ညွန်ကြားလာပါက ဘဏ်တိုးနှုန်းများပြောင်းလဲသတ်မှတ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
14281 Views

ဗဟိုဘဏ်ညွန်ကြားလာပါက ဘဏ်တိုးနှုန်းများပြောင်းလဲသတ်မှတ်ပေးမည်

### Unicode Version ###

မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းများ အကြပ်အတည်းဖြစ်ပေါ်နေသည့်အတွက် ဗဟိုဘဏ်မှ လုပ်ငန်းရှင်များချေးယူထားသည့် အတိုးနှုန်းထားများ လျော့ပေးရန်ညွန်ကြားလာပါက ပြောင်းလဲသတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း AGD ဘဏ်မှသိရသည်။

"ဗဟိုဘဏ်ကညွန်ကြားလာရင် ပူးပေါင်းဖို့အစီအစဉ်ရှိတယ်။ ဘဏ်တိုးနှုန်းကိုလျော့ချမယ်ဆိုရင် saving rate တွေရှိတယ်။ ဒါတွေကိုလည်းလျော့ချသွားဖို့လိုအပ်တယ်။ ဘဏ်တိုးချမယ်ဆိုရင် ဘဏ်အပ်ငွေနှုန်းထားတွေကိုချမှာပါ။ ဘဏ်ချေးငွေမှာ အားသာချက်ရယူမယ်ဆိုရင် ဘဏ်မှာငွေထည့်ထားတဲ့ သူတွေကအားနည်းသွားမယ် ဒီအတွက်ကြောင့် နှစ်ဖက်မျှပြီး စဉ်းစားဖို့လိုအပ်တယ်"ဟု AGD ဘဏ်၏ Chief Business Officer ဦးပြည်စိုးထင်က iMyanmarHouse.com နှင့် AGD Bank တို့ ပူးပေါင်းကျင်းပသော AGD Bank Home Loan Expo အရောင်းပြပွဲကြီးအတွင်း ပြောကြားခဲ့သည်။

လက်ရှိတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းမရရှိသည့် ပြသနာကြောင့်ဘဏ်ချေးငွေများ ပြန်လည်ပေးဆပ်ရန် အခက်အခဲရှိသည့်ဟု ဆိုသော်လည်း လက်ရှိအချိန်ထိ ဘဏ်တွင် ချေးငွေပြန်ပေးရန် အခက်အခဲကို တင်ပြခြင်းမရှိသေးကြောင်း အဆိုပါဘဏ်ထံမှသိရသည်။

AGD ဘဏ်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံစီးပွားရေးအခြေအနေများနှင့် ပတ်သတ်ပြီး ဗဟိုဘဏ်၏ညွန်ကြားချက်များကို တိကျစွာလိုက်နာလျက်ရှိပြီး နိုင်ငံတော်ပိုင်းမှ ပြောင်းလဲလာမည့် မူဝါဒများကိုလည်းလက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

လက်ရှိဗဟိုဘဏ်၏ အတိုးနှုန်းထားသည် အပေါင်ပစ္စည်းပါဝင်သည့် ချေးငွေများကို အမြင့်ဆုံး ၁၃ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းပါမဝင်သည့် ချေးငွေများကို ၁၆ ရာခိုင်နှုန်း အတိုးနှုန်းများနှင့် ဘဏ်အပ်ငွေများကို အနိမ့်ဆုံး ၈ ရာခိုင်နှုန်းမှ အမြင့်ဆုံး ၁၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရသည်။

ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသည့် တရုတ်နိုင်ငံ၏ စီးပွားရေးရိုက်ခတ်မှုများကြောင့် အမေရိကန်နိုင်ငံဗဟိုဘဏ်အနေဖြင့် ဘဏ်တိုးနှုန်းများလျော့ချလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း လုပ်ငန်းရှင်များမှ ချေးယူထားသည့် ချေးငွေအတိုးနှုန်းထားများလျော့ချပေးရန် ဗဟိုဘဏ်ကိုတင်ပြသွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုလက်မှုအသင်းချုပ်ထံမှသိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ဗဟိုဘဏ္ညြန္ၾကားလာပါက ဘဏ္တိုးႏွုန္းမ်ားေျပာင္းလဲသတ္မွတ္ေပးမည္

ျမန္မာနိုင္ငံရွိစီးပြားေရးလုပ္ငန္းမ်ား အၾကပ္အတည္းျဖစ္ေပၚေနသည့္အတြက္ ဗဟိုဘဏ္မွ လုပ္ငန္းရွင္မ်ားေခ်းယူထားသည့္ အတိုးႏွုန္းထားမ်ား ေလ်ာ့ေပးရန္ညြန္ၾကားလာပါက ေျပာင္းလဲသတ္မွတ္ေပးသြားမည္ျဖစ္ေၾကာင္း AGD ဘဏ္မွသိရသည္။

"ဗဟိုဘဏ္ကညြန္ၾကားလာရင္ ပူးေပါင္းဖို့အစီအစဥ္ရွိတယ္။ ဘဏ္တိုးႏွုန္းကိုေလ်ာ့ခ်မယ္ဆိုရင္ saving rate ေတြရွိတယ္။ ဒါေတြကိုလည္းေလ်ာ့ခ်သြားဖို့လိုအပ္တယ္။ ဘဏ္တိုးခ်မယ္ဆိုရင္ ဘဏ္အပ္ေငြႏွုန္းထားေတြကိုခ်မွာပါ။ ဘဏ္ေခ်းေငြမွာ အားသာခ်က္ရယူမယ္ဆိုရင္ ဘဏ္မွာေငြထည့္ထားတဲ့ သူေတြကအားနည္းသြားမယ္ ဒီအတြက္ေၾကာင့္ ႏွစ္ဖက္မၽွၿပီး စဥ္းစားဖို့လိုအပ္တယ္"ဟု AGD ဘဏ္၏ Chief Business Officer ဦးျပည္စိုးထင္က iMyanmarHouse.com နွင့္ AGD Bank တို႕ ပူးေပါင္းက်င္းပေသာ AGD Bank Home Loan Expo အေရာင္းျပပြဲၾကီးအတြင္း ေျပာၾကားခဲ့သည္။

လက္ရွိတြင္ စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ကုန္ၾကမ္းမရရွိသည့္ ျပသနာေၾကာင့္ဘဏ္ေခ်းေငြမ်ား ျပန္လည္ေပးဆပ္ရန္ အခက္အခဲရွိသည့္ဟုဆိုေသာ္လည္း လက္ရွိအခ်ိန္ထိ ဘဏ္တြင္ ေခ်းေငြျပန္ေပးရန္ အခက္အခဲကိုတင္ျပျခင္းမရွိေသးေၾကာင္း အဆိုပါဘဏ္ထံမွသိရသည္။

AGD ဘဏ္အေနျဖင့္ လက္ရွိျဖစ္ေပၚေနသည့္ ျမန္မာနိုင္ငံစီးပြားေရးအေျခအေနမ်ားႏွင့္ ပတ္သတ္ၿပီး ဗဟိုဘဏ္၏ညြန္ၾကားခ်က္မ်ားကို တိက်စြာလိုက္နာလ်က္ရွိၿပီး နိုင္ငံေတာ္ပိုင္းမွ ေျပာင္းလဲလာမည့္ မူဝါဒမ်ားကိုလည္းလက္ခံေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ယင္းဘဏ္ထံမွ သိရသည္။

လက္ရွိဗဟိုဘဏ္၏ အတိုးႏွုန္းထားသည္ အေပါင္ပစၥည္းပါဝင္သည့္ ေခ်းေငြမ်ားကို အျမင့္ဆုံး ၁၃ ရာခိုင္ႏွုန္း၊ အေပါင္ပစၥည္းပါမဝင္သည့္ ေခ်းေငြမ်ားကို ၁၆ ရာခိုင္ႏွုန္း အတိုးႏွုန္းမ်ားႏွင့္ ဘဏ္အပ္ေငြမ်ားကို အနိမ့္ဆုံး ၈ ရာခိုင္ႏွုန္းမွ အျမင့္ဆုံး ၁၀ ရာခိုင္ႏွုန္းအထိ သတ္မွတ္ထားေၾကာင္း ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ထံမွ သိရသည္။

ကမၻာတစ္ဝွမ္းတြင္ ျဖစ္ေပၚေနသည့္ တ႐ုတ္နိုင္ငံ၏ စီးပြားေရးရိုက္ခတ္မွုမ်ားေၾကာင့္ အေမရိကန္နိုင္ငံဗဟိုဘဏ္အေနျဖင့္ ဘဏ္တိုးႏွုန္းမ်ားေလ်ာ့ခ်လ်က္ရွိၿပီး ျမန္မာနိုင္ငံတြင္လည္း လုပ္ငန္းရွင္မ်ားမွ ေခ်းယူထားသည့္ ေခ်းေငြအတိုးႏွုန္းထားမ်ားေလ်ာ့ခ်ေပးရန္ ဗဟိုဘဏ္ကိုတင္ျပသြားမည္ျဖစ္ေၾကာင္း ကုန္သည္စက္မွုလက္မွုအသင္းခ်ဳပ္ထံမွသိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service