အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာ 4U4S(2 Bed)သံကူကွန်ကရစ် အဆောက်အအုံတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
785 Views

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာ 4U4S(2 Bed)သံကူကွန်ကရစ် အဆောက်အအုံတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်လက်မှတ်ရေးထိုး

### Unicode Version ###

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာ 4U4S(2 Bed) သံကူကွန်ကရစ် အဆောက်အအုံတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို မတ်လ ၅ ရက်က နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမရှိ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှစီမံခန့်ခွဲသော ဇမ္ဗူသီရိမြို့နယ်၊ဉာဏသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းတောင်ဘက်၊ မြို့မဈေးနှင့် ဝဏ္ဏသိဒ္ဓိအဆင့်မြင့်အားကစားကွင်းကြားရှိ မြေဧက(၂၇၀)ပေါ်တွင် နိုင်ငံတော် ဘဏ္ဍာငွေမပါဘဲ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ် ရာ 4U4S(2 Bed) သံကူကွန်ကရစ်အဆောက်အအုံ (၁၈၉)လုံး တိုက်ခန်းပေါင်း (၃၀၀၀) ကျော်ခန့်ကို တည်ဆောက်သွားမှာဖြစ်ကြောင်း သိရသည်။

အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းအပ်နှံခြင်းတွင် အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်က 4U4S(2Bed) သံကူကွန်ကရစ် အဆောက်အအုံ (၉၃)လုံး ဆောက်လုပ်ခြင်းအတွက် လုပ်ငန်းသဘောတူ စာချုပ်ကို မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့်လည်းကောင်း၊ အဆောက်အအုံ (၉၆) လုံး ဆောက်လုပ်ခြင်းအတွက် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်မှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့် လည်းကောင်း လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့တော်ဝန် ဒေါက်တာမျိုးအောင်က နေပြည်တော်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် အိမ်ရာတည် ဆောက်ရေး လုပ်ငန်းများကို ၂၀၁၇ခုနှစ်တွင် ဆောင်ရွက်ခဲ့သော်လည်း အိမ်ပုံစံနှင့် နေရာအခက်အခဲကြောင့် ကျေနပ်အားရလောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘဲ ယခု ဒုတိယအကြိမ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောထားသည်။

ထို့အပြင် မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ် နှင့်လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်တို့ကိုလည်းနေပြည်တော်တွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို စံပြအဖြစ်တည်ဆောက်ပေးဖို့လိုပါကြောင်း၊ အကောင်းဆုံး ဆောက်လုပ်ပေးမည်ဟု ယုံကြည်ပါကြောင်း၊ အဓိက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို သက်သက်သာသာနှင့် နေထိုင်ရေးအဆင်ပြေစေရန်အတွက် ရွေးချယ်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

အၿငိမ္းစားနိုင္ငံ့ဝန္ထမ္းအိမ္ရာ 4U4S(2 Bed)သံကူကြန္ကရစ္ အေဆာက္အအုံတည္ေဆာက္ေရးစီမံကိန္း လုပ္ငန္းအပ္ႏွံျခင္း သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုး

အၿငိမ္းစားနိုင္ငံ့ဝန္ထမ္းအိမ္ရာ 4U4S(2 Bed) သံကူကြန္ကရစ္ အေဆာက္အအုံတည္ေဆာက္ေရးစီမံကိန္း လုပ္ငန္းအပ္ႏွံျခင္း သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးျခင္း အခမ္းအနားကို မတ္လ ၅ ရက္က ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ေတာ္ခန္းမရွိ မဂၤလာခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။

ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီမွစီမံခန႔္ခြဲေသာ ဇမၺဴသီရိၿမိဳ႕နယ္၊ဉာဏသိဒိၶရပ္ကြက္၊ ပ်ဥ္းမနား-ေတာင္ညိဳလမ္းေတာင္ဘက္၊ ၿမိဳ႕မေဈးႏွင့္ ဝဏၰသိဒၶိအဆင့္ျမင့္အားကစားကြင္းၾကားရွိ ေျမဧက(၂၇၀)ေပၚတြင္ နိုင္ငံေတာ္ ဘ႑ာေငြမပါဘဲ အၿငိမ္းစားနိုင္ငံ့ဝန္ထမ္းအိမ္ ရာ 4U4S(2 Bed) သံကူကြန္ကရစ္အေဆာက္အအုံ (၁၈၉)လုံး တိုက္ခန္းေပါင္း (၃၀၀၀) ေက်ာ္ခန႔္ကို တည္ေဆာက္သြားမွာျဖစ္ေၾကာင္း သိရသည္။

အေဆာက္အအုံ တည္ေဆာက္ေရးစီမံကိန္း လုပ္ငန္းအပ္ႏွံျခင္းတြင္ အျမဲတမ္းအတြင္းဝန္ဦးမ်ိဳးေအာင္က 4U4S(2Bed) သံကူကြန္ကရစ္ အေဆာက္အအုံ (၉၃)လုံး ေဆာက္လုပ္ျခင္းအတြက္ လုပ္ငန္းသေဘာတူစာခ်ဳပ္ကို ျမန္မာနိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္း ခ်ဳပ္ဥကၠ႒ ဦးရွိန္ဝင္းႏွင့္လည္းေကာင္း၊ အေဆာက္အအုံ (၉၆)လုံး ေဆာက္လုပ္ျခင္းအတြက္ ျမန္မာနိုင္ငံ လိုင္စင္ရကန္ထရိုက္တာမ်ား အသင္းခ်ဳပ္မွ အႀကီးတန္းဒုတိယဥကၠ႒ ဦးမိုးေက်ာ္သူႏွင့္လည္းေကာင္း လက္မွတ္ထိုးခဲ့ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားတြင္ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာမ်ိဳးေအာင္က ေနျပည္ေတာ္တြင္ နိုင္ငံ့ဝန္ထမ္းအၿငိမ္းစားမ်ားအတြက္ အိမ္ရာတည္ေဆာက္ေရးလုပ္ငန္းမ်ားကို ၂၀၁၇ခုႏွစ္တြင္ ေဆာင္ရြက္ခဲ့ေသာ္လည္း အိမ္ပုံစံႏွင့္ေနရာအခက္အခဲေၾကာင့္ ေက်နပ္အားရေလာက္ေအာင္ ေဆာင္ရြက္နိုင္ျခင္းမရွိခဲ့ဘဲ ယခု ဒုတိယအႀကိမ္အေနျဖင့္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္းေျပာထားသည္။

ထို႔အျပင္ ျမန္မာနိုင္ငံေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ႏွင့္လိုင္စင္ရကန္ထရိုက္တာမ်ားအသင္းခ်ဳပ္တို႔ကိုလည္းေနျပည္ေတာ္တြင္ နိုင္ငံ့ဝန္ထမ္းအိမ္ရာမ်ားကို စံျပအျဖစ္တည္ေဆာက္ေပးဖို႔လိုပါေၾကာင္း၊ အေကာင္းဆုံးေဆာက္လုပ္ေပးမည္ဟု ယုံၾကည္ပါေၾကာင္း၊ အဓိက အၿငိမ္းစားနိုင္ငံ့ဝန္ထမ္းမ်ားကိုသက္သက္သာသာႏွင့္ ေနထိုင္ေရးအဆင္ေျပေစရန္အတြက္ ေရြးခ်ယ္ေဆာင္ရြက္ေပးျခင္းျဖစ္ပါေၾကာင္း ေျပာၾကားသည္။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service