စာချုပ်စာတမ်းတစ်စောင် မှတ်ပုံတင်သွင်းလျှင် မည်သည့်အချက်အလက်များစိစစ်သနည်း ? - Property Knowledge in Myanmar from iMyanmarHouse.com
1739 Views

စာချုပ်စာတမ်းတစ်စောင် မှတ်ပုံတင်သွင်းလျှင် မည်သည့်အချက်အလက်များစိစစ်သနည်း ?

Knowledge | Posted by Hnin Ei Khin

### Unicode Version ###

စာချုပ်စာတမ်းကို မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်သွင်းချုပ်ဆိုလျှင် မှတ်ပုံတင်အရာရှိမှ အောက်ပါတို့ကို စိစစ်ဆောင်ရွက်ပါသည်-

(က) စာချုပ်ချုပ်ဆိုသူများသည် အသက်(၁၈)နှစ်ပြည့်ပြီးသူများဖြစ်ရမည်။

(ခ) မှတ်ပုံတင်သွင်းသူများသည် ယင်းစာချုပ်ကို ချုပ်ဆိုသူများကိုယ်တိုင် (သို့မဟုတ်) ချုပ်ဆိုသူ၏ ကိုယ်စား လှယ်များ၊ ကိုယ်စားပြုသူ၊ ကိုယ်စားဝန်ခံသူ၊ ကိုယ်စားလှယ်လွှဲအပ်ခံရသူများစသည်ဖြင့် တင်သွင်းခွင့်ရှိသူများ ဖြစ်ရမည်။

(ဂ) မုချမှတ်ပုံတင်ရန်စာချုပ်စာတမ်း(မှတ်ပုံမတင်မနေရ) နှင့် စိတ်ကြိုက်မှတ်ပုံတင်ရန် စာချုပ်စာတမ်းများ ဖြစ်ရမည်။

(ဃ) စာချုပ်ချုပ်ဆိုသူများ မှတ်ပုံတင်ရန်တင်သွင်းသူများသည် စိတ်ပေါ့သွပ်သူ၊ ရူးနှမ်းနေသူများ မဖြစ်ရ။

(င) မှတ်ပုံတင်အရာရှိ နားလည်သောဘာသာစကား (သို့မဟုတ်) ပြည်ထောင်စုနိုင်ငံတော်အတွင်း တရားဝင် အသုံးပြုသောဘာသာစကားဖြင့် ချုပ်ဆိုထားရမည်။ (သို့မဟုတ်) ဘာသာပြန်ဆိုချက်ပူးတွဲပါရှိရမည်။

(စ) စာချုပ်ရှိစာသားများအကြားတွင်လည်းကောင်း၊ စာကြောင်းများအကြားတွင်လည်းကောင်း၊ ထပ်ဖြည့် စာသားများ၊ ကွက်လပ်များ၊ ပြင်ဆင်ချက်များပါရှိက ဘေးတွင်ချုပ်ဆိုတင်ပြသူ၏ လက်မှတ်တို/ရှည်များ ရေးထိုးသက်သေခံထားမှုရှိရမည်။

(ဆ) လွှဲပြောင်း၊ ရောင်းဝယ်ရေး၊ ပေးကမ်း၊ ပေါင်နှံသော ပစ္စည်းဇယားကိုပြည့်စုံစွာဖော်ပြခြင်း၊ မရွှေ့မပြောင်း နိုင်သောပစ္စည်းဖြစ်ပါက ပစ္စည်း၏တည်နေရာကို ပြည့်စုံစွာဖော်ပြထားခြင်းရှိရမည့်အပြင် မှတ်ပုံတင်ပေးရမည့် ရုံးနှင့် အကျုံးဝင်သောနယ်နိမိတ်အတွင်းတည်ရှိရမည်။

(ဇ) စာချုပ်ချုပ်ဆိုသည့်နေမှ (၄)လအတွင်း တင်ပြသောစာချုပ်ဖြစ်ရမည်။

(ဈ) နိုင်ငံခြားတွင် ဥပဒေနှင့်အညီချုပ်ဆိုခဲ့သော စာချုပ်ဖြစ်ပါက မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိချိန်မှစ၍ သတ်မှတ်ကာလအတွင်း တင်ပြသောစာချုပ်ဖြစ်ရပါမည်။

(ည) မရွှွှေ့မပြောင်းနိုင်သောပစ္စည်းတည်ရှိရာ မြို့နယ်တွင် ရုံးစိုက်သည့် မှတ်ပုံတင်ရုံးသို့တင်ပြခြင်းဖြစ် မှန်ကန်ရမည်။

(ဋ) တင်ပြသောစာချုပ်သည် ကိုယ်စားလှယ်လွှဲစာဖြစ်ပါက လွှဲအပ်သူနေထိုင်သည့်အရပ်မှ မှတ်ပုံတင်ရုံးသို့ တင်ပြခြင်းဖြစ်ရမည်။

(ဌ) ချုပ်ဆိုစဉ်ကာလတွင် ချုပ်ဆိုသူများသည် ကိုယ်စိတ်ကျန်းမာရေးကောင်းမွန်၍ မည်သူ ၏ သွေးဆောင်ဖြားယောင်းမှု၊ တိုက်တွန်းခြိမ်းခြောက်မှု ပယောဂ တစ်စုံတစ်ရာမျှ မပါရှိဘဲ မိမိဆန္ဒအလျှောက် ချုပ်ဆိုခြင်းဖြစ်ရမည်။

(ဍ) စာချုပ်ကို ချုပ်ဆိုသူများမှ သဘောတူချုပ်ဆိုခြင်း မှန်ကန်ကြောင်း ဝန်ခံသည့်အပြင် ၎င်းတို့ မှန်ကန်ကြောင်း မှတ်ပုံတင်အရာရှိမှ သဘောကျ ကျေနပ်လောက်အောင် သိရှိရမည်။

(ဎ) သေတမ်းစာဖြစ်ပါက သေတမ်းစာရေးသားသူ (သို့မဟုတ်) သေတမ်းစာအရ အမွေသိမ်းဆည်းမည့်သူမှ တင်သွင်းခြင်းဖြစ်ရမည်။

(ဏ) မရွှေ့မပြောင်းနိုင်သောပစ္စည်း ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်ခြင်း၊ မေတ္တာဖြင့်ပေးကမ်းခြင်း၊ လဲလှယ်ခြင်းစာချုပ်များကို ကာလတန်ဖိုးစိစစ်ရေးအဖွဲ့ (မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ ဥက္ကဌအဖြစ် ပါဝင်သော (၆)ဦးအဖွဲ့)၏ တစဖ ပုံစံ(၃)ဖြင့် တန်ဖိုးဖြတ်မှတ်တမ်း ပူးတွဲတင်ပြရမည်။စသည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှသာ စာချုပ်တစ်စောင်ကို မှတ်ပုံတင်အရာရှိမှ မှတ်ပုံ တင်သွင်းခွင့်ပြုမည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

စာခ်ဳပ္စာတမ္းတစ္ေစာင္ မွတ္ပုံတင္သြင္းလွ်င္ မည္သည့္အခ်က္အလက္မ်ားစိစစ္သနည္း ?

စာခ်ဳပ္စာတမ္းကို မွတ္ပုံတင္႐ုံးတြင္ မွတ္ပုံတင္သြင္းခ်ဳပ္ဆိုလွ်င္ မွတ္ပုံတင္အရာရွိမွ ေအာက္ပါတို႔ကို စိစစ္ေဆာင္႐ြက္ပါသည္-

(က) စာခ်ဳပ္ခ်ဳပ္ဆိုသူမ်ားသည္ အသက္(၁၈)ႏွစ္ျပည့္ၿပီးသူမ်ားျဖစ္ရမည္။

(ခ) မွတ္ပုံတင္သြင္းသူမ်ားသည္ ယင္းစာခ်ဳပ္ကို ခ်ဳပ္ဆိုသူမ်ားကိုယ္တိုင္ (သို႔မဟုတ္) ခ်ဳပ္ဆိုသူ၏ ကိုယ္စား လွယ္မ်ား၊ ကိုယ္စားျပဳသူ၊ ကိုယ္စားဝန္ခံသူ၊ ကိုယ္စားလွယ္လႊဲအပ္ခံရသူမ်ားစသည္ျဖင့္ တင္သြင္းခြင့္ရွိသူမ်ား ျဖစ္ရမည္။

(ဂ) မုခ်မွတ္ပုံတင္ရန္စာခ်ဳပ္စာတမ္း(မွတ္ပုံမတင္မေနရ) ႏွင့္ စိတ္ႀကိဳက္မွတ္ပုံတင္ရန္ စာခ်ဳပ္စာတမ္းမ်ား ျဖစ္ရမည္။

(ဃ) စာခ်ဳပ္ခ်ဳပ္ဆိုသူမ်ား မွတ္ပုံတင္ရန္တင္သြင္းသူမ်ားသည္ စိတ္ေပါ့သြပ္သူ၊ ႐ူးႏွမ္းေနသူမ်ား မျဖစ္ရ။

(င) မွတ္ပုံတင္အရာရွိ နားလည္ေသာဘာသာစကား (သို႔မဟုတ္) ျပည္ေထာင္စုႏိုင္ငံေတာ္အတြင္း တရားဝင္ အသုံးျပဳေသာဘာသာစကားျဖင့္ ခ်ဳပ္ဆိုထားရမည္။ (သို႔မဟုတ္) ဘာသာျပန္ဆိုခ်က္ပူးတြဲပါရွိရမည္။

(စ) စာခ်ဳပ္ရွိစာသားမ်ားအၾကားတြင္လည္းေကာင္း၊ စာေၾကာင္းမ်ားအၾကားတြင္လည္းေကာင္း၊ ထပ္ျဖည့္ စာသားမ်ား၊ ကြက္လပ္မ်ား၊ ျပင္ဆင္ခ်က္မ်ားပါရွိက ေဘးတြင္ခ်ဳပ္ဆိုတင္ျပသူ၏ လက္မွတ္တို/ရွည္မ်ား ေရးထိုးသက္ေသခံထားမႈရွိရမည္။

(ဆ) လႊဲေျပာင္း၊ ေရာင္းဝယ္ေရး၊ ေပးကမ္း၊ ေပါင္ႏွံေသာ ပစၥည္းဇယားကိုျပည့္စုံစြာေဖာ္ျပျခင္း၊ မေ႐ႊ႕မေျပာင္း ႏိုင္ေသာပစၥည္းျဖစ္ပါက ပစၥည္း၏တည္ေနရာကို ျပည့္စုံစြာေဖာ္ျပထားျခင္းရွိရမည့္အျပင္ မွတ္ပုံတင္ေပးရမည့္ ႐ုံးႏွင့္ အက်ဳံးဝင္ေသာနယ္နိမိတ္အတြင္းတည္ရွိရမည္။

(ဇ) စာခ်ဳပ္ခ်ဳပ္ဆိုသည့္ေနမွ (၄)လအတြင္း တင္ျပေသာစာခ်ဳပ္ျဖစ္ရမည္။

(ဈ) ႏိုင္ငံျခားတြင္ ဥပေဒႏွင့္အညီခ်ဳပ္ဆိုခဲ့ေသာ စာခ်ဳပ္ျဖစ္ပါက ျမန္မာႏိုင္ငံအတြင္းသို႔ ေရာက္ရွိခ်ိန္မွစ၍ သတ္မွတ္ကာလအတြင္း တင္ျပေသာစာခ်ဳပ္ျဖစ္ရပါမည္။

(ည) မ႐ႊႊေ့မေျပာင္းႏိုင္ေသာပစၥည္းတည္ရွိရာ ၿမိဳ႕နယ္တြင္ ႐ုံးစိုက္သည့္ မွတ္ပုံတင္႐ုံးသို႔တင္ျပျခင္းျဖစ္ မွန္ကန္ရမည္။

(ဋ) တင္ျပေသာစာခ်ဳပ္သည္ ကိုယ္စားလွယ္လႊဲစာျဖစ္ပါက လႊဲအပ္သူေနထိုင္သည့္အရပ္မွ မွတ္ပုံတင္႐ုံးသို႔ တင္ျပျခင္းျဖစ္ရမည္။

(ဌ) ခ်ဳပ္ဆိုစဥ္ကာလတြင္ ခ်ဳပ္ဆိုသူမ်ားသည္ ကိုယ္စိတ္က်န္းမာေရးေကာင္းမြန္၍ မည္သူ ၏ ေသြးေဆာင္ျဖားေယာင္းမႈ၊ တိုက္တြန္းၿခိမ္းေျခာက္မႈ ပေယာဂ တစ္စုံတစ္ရာမွ် မပါရွိဘဲ မိမိဆႏၵအေလွ်ာက္ ခ်ဳပ္ဆိုျခင္းျဖစ္ရမည္။

(ဍ) စာခ်ဳပ္ကို ခ်ဳပ္ဆိုသူမ်ားမွ သေဘာတူခ်ဳပ္ဆိုျခင္း မွန္ကန္ေၾကာင္း ဝန္ခံသည့္အျပင္ ၎တို႔ မွန္ကန္ေၾကာင္း မွတ္ပုံတင္အရာရွိမွ သေဘာက် ေက်နပ္ေလာက္ေအာင္ သိရွိရမည္။

(ဎ) ေသတမ္းစာျဖစ္ပါက ေသတမ္းစာေရးသားသူ (သို႔မဟုတ္) ေသတမ္းစာအရ အေမြသိမ္းဆည္းမည့္သူမွ တင္သြင္းျခင္းျဖစ္ရမည္။

(ဏ) မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္း ဝယ္ယူျခင္း၊ ေရာင္းခ်ျခင္း၊ တည္ေဆာက္ျခင္း၊ ေမတၱာျဖင့္ေပးကမ္းျခင္း၊ လဲလွယ္ျခင္းစာခ်ဳပ္မ်ားကို ကာလတန္ဖိုးစိစစ္ေရးအဖြဲ႕ (ၿမိဳ႕နယ္ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ဥကၠဌအျဖစ္ ပါဝင္ေသာ (၆)ဦးအဖြဲ႕)၏ တစဖ ပုံစံ(၃)ျဖင့္ တန္ဖိုးျဖတ္မွတ္တမ္း ပူးတြဲတင္ျပရမည္။စသည့္ အခ်က္အလက္မ်ား ျပည့္စုံမွန္ကန္မွသာ စာခ်ဳပ္တစ္ေစာင္ကို မွတ္ပုံတင္အရာရွိမွ မွတ္ပုံ တင္သြင္းခြင့္ျပဳမည္ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service