ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီက ကျိုက်လတ်မြို့တွင် မဂ္ဂါဝပ် ၆၀၀ ထုတ်မည့် ဓါတ်အားပေးစက်ရုံဆောက်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
870 Views

ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီက ကျိုက်လတ်မြို့တွင် မဂ္ဂါဝပ် ၆၀၀ ထုတ်မည့် ဓါတ်အားပေးစက်ရုံဆောက်ရန် စီစဉ်

### Unicode Version ###

ထိုင်းအစိုးရပိုင်ရေနံကုမ္ပဏီ PTTEP က ဧရာဝတီတိုင်း ၊ ကျိုက်လတ်မြို့တွင် ပြည်တွင်းထုတ် သဘာဝဓါတ်ငွေ့များကို အသုံးပြု၍ ၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် အဆိုပြုလာကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါစက်ရုံနှင့်အတူ ၂၃၀ကေဗီ ဓါတ်အားလိုင်းပါတည်ဆောက်၍ မဟာဓါတ်အားလိုင်းကို ချိတ်ဆက်ပြီး လျှပ်စစ်ဓါတ်အားထုတ်လုပ် ရောင်းချသွားရန်ဖြစ်သည်ဟုဆိုသည်။ ထိုစက်ရုံကို မြန်မာ့ကမ်းလွန် သဘာဝဓါတ်ငွေ့လုပ်ကွက် M-3 နှင့် ဇောတိက စီမံကိန်းတို့မှ သဘာဝဓါတ်ငွေ့ ရယူပြီး ကန်ပေါက်နှင့် ဒေါ်ငြိမ်း ဒေသများရှိ ဓါတ်ငွေ့ လက်ခံရေးစခန်းများမှတဆင့် ကျိုက်လတ်မြို့သို့ ပို့လွှတ်မည်ဖြစ်သည်။

ထိုစီမံကိန်းနှင့်အတူ ကျိုက်လတ်မြို့ မှတဆင့် ရန်ကုန်မြို့သို့ သဘာဝဓါတ်ငွေ့ပို့လွှတ်မည့် စီမံကိန်းကိုလည်း ထိုင်းကုမ္ပဏီက ရင်းနှီးမြှပ်နှံလိုကြောင်း ဝန်ကြီးဌာနကဆိုသည်။

ဝန်ကြီးဌာနဘက်က ထိုစီမံကိန်းများနှင့်ပတ်သတ်ပြီးစီမံကိန်းဆက်လက်ဆောင်စွက်သွားမည့် ပုံစံ၊ အသုံးပြုမည့် ဘဏ္ဍာရေးငွေကြေးပုံစံများကို မေးမြန်းခဲ့သည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်စက်ရုံ ဆောက်လုပ်ရန် လေ့လာမှုများကို ထိုင်းရေနံနှင့် သဘာဝဓာတ် ငွေ့ကုမ္ပဏီ PTT နှင့် ထိုင်းလျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (Egat)တို့ ပူးပေါင်းဆောင်ရွက်မည်ဟု ၂၀၁၈ ဖေဖော်ဝါရီလတွင် သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Egat နှင့် PTT တို့သည် အကျိုးတူပူးပေါင်း၍ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ပြီး မြန်မာနှင့် ထိုင်းနိုင်ငံသို့ လျှပ်စစ်ရောင်းချရန် စီစဉ်ခြင်းဖြစ်သည်။

ထိုင်း PTT ကုမ္ပဏီသည် PTTEP အဖြစ် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ ရှာဖွေခွင့်နှင့် ထုတ်လုပ်ခွင့်အတွက် လုပ်ကွက် ရှစ်ခုရရှိထားပြီး ဇောတိကရေနံ နှင့် သဘာဝတ်ဓာတ်ငွေ့လုပ်ကွက် ကုန်းတွင်းလုပ်ကွက်နှစ်ခု ၌ အဓိကရေနံတူးဖော်သူအဖြစ် လုပ်ကိုင်ခွင့်ရထားသည်။ ရဲတံခွန်နှင့် ရတနာကမ်းလွန်လုပ်ကွက်များတွင် အကျိုးတူဆောင် ရွက်နေသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###











Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service