အစိုးရနှင့်ဝန်ထမ်းပူးပေါင်းထူထောင်ရမည့် ပင်စင်ရန်ပုံငွေစနစ်ဖြင့် ပင်စင်ပေးရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
1058 Views

အစိုးရနှင့်ဝန်ထမ်းပူးပေါင်းထူထောင်ရမည့် ပင်စင်ရန်ပုံငွေစနစ်ဖြင့် ပင်စင်ပေးရန်စီစဉ်

### Unicode Version ###

အစိုးရဝန်ထမ်းများအတွက် ပင်စင်ရန်ပုံငွေစနစ်တစ်ခုတည်ထောင်ရန် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေကြမ်းကို ရေးဆွဲနေသည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောသည်။

လက်ရှိ ပင်စင်စနစ်သည် အစိုးရ၏ ဘတ်ဂျတ်အသုံးစရိတ်ထဲမှာ အလုံးစုံသုံးဆွဲနေခြင်းဖြစ်ပြီး ထိုစနစ်အစား ရေရှည်တည်တံခိုင်မြဲနိုင်သည့် ရန်ပုံငွေထူထောင်၍ ပင်စင်ပေးရန်အစိုးရ စီစဉ်နေခြင်းဖြစ်သည်။

လက်ရှိစနစ်ကို ကိုလိုနီခေတ်ကတည်းကပင် သုံးဆွဲနေခြင်းဖြစ်ပြီး နှစ်စဉ်ပင်စင်စားဦးရေးတိုးပွားလာခြင်း၊သက်တမ်းတိုးမြင့်လာခြင်းတို့ကြောင့် ပင်စင်အသုံးစရိတ် ပိုမိုကုန်ကျလာသည်ဟု ဒုဝန်ကြီးကဆိုသည်။

ယင်းစနစ်ကို ပြောင်းလဲလိုရခြင်းမှာ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ဘဝနေရေး၊ လုံလောက်သော ဝင်ငွေရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် တစ်လုံးတည်းဆုကြေး နှင့် လစဉ်ပင်စင်ထောက်ပံ့ကြေးတို့ကို ရွေးချယ်ခံစားနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒုဝန်ကြီးဦးမောင်မောင်ဝင်းက ပြောသည်။

ယင်းစနစ်ကို အကောင်အထည်ဖော်မည့်ပုံစံမှာ လစဉ်ထည့် ဝင်ကြေးကို ဝန်ထမ်းနှင့်အစိုးရက အချိုးတူထည့်ဝင်သည့်စနစ်ကျင့်သုံးရန် ရည်ရွယ်ထားပြီး ဝန်ထမ်းပင်စင်ယူသည့်အချိန်တွင် လက်ရှိအကျိုးခံစားခွင့်ထက် ပိုမို ခံစားခွင့်ရရှိရေး၊ ငွေကြေးဖောင်းပွမှုဒဏ်ကို မခံရရေး၊ တစ်လုံးတစ်ခဲတည်း ခံစားလိုသည့်ပမာဏ၊ လစဉ်ခံစားလိုသည့်ပမာဏ ရွေးချယ်နိုင်ခွင့်များ၊ ကျန်းမာရေးစောင့်ရှောက်မှုခံစားခွင့်စသည်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ၎င်းကဆက်လက်ပြောသည်။

‘‘အဓိကအားဖြင့် ဝန်ထမ်းများအတွက် အငြိမ်းစားယူပြီး နောက်ပိုင်းတွင်လုံလောက်သော နေထိုင်စားသောက်စရိတ်ရရှိနိုင်ရေးကို ရည်ရွယ်ပါတယ်’’ ဟု ဒုဝန်ကြီးက ဆိုသည်။

ဝန်ထမ်းနောင်ရေးဗဟိုရန် ပုံငွေဥပဒေပထမမူကြမ်းတွင် အခန်း(၁၁)ခန်း၊ ဥပဒေပုဒ်မ (၅၉)ခုပါဝင်ပြီး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ၏အခန်းကဏ္ဍသည် အရေးကြီးကာ နည်းလမ်းတကျဖြင့် ရန်ပုံငွေတိုးပွားရေး၊ ဆုံးရှုံးနိုင်ခြေမရှိသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေး၊ စီမံခန့်ခွဲမှုစွမ်းရည်ဖြင့် ရွေးချယ်ရင်းနှီးမြှုပ်နှံရေး၊ အငြိမ်းစားဝန်ထမ်းများ၏ ယုံကြည်မှုရရှိစေရေး စသည့်အချက်များ ပါဝင်မည်ဖြစ်ကြောင်း ဒုဝန်ကြီးဦးမောင်မောင်ဝင်းက ရှင်းပြသည်။ ယင်းစနစ်ကို စတင်ချိန်တွင် နိုင်ငံ့ဝန်ထမ်းများအတွက်သာ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုသို့စီစဉ်ဆောင်ရွက်နေသော်လည်း လက်ရှိခံစားနေရသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအနေဖြင့် လက်ရှိစနစ်အတိုင်း မပြောင်းလဲဘဲ ဆက်လက်ခံစားနိုင်မည်ဖြစ်ပြီးအသစ် ပြဋ္ဌာန်းမည့်ဥပဒေနှင့် အကျုံးဝင်သောအသစ်ဝင်ရောက်မည့်ဝန်ထမ်းများ၊ လုပ်သက်မများသေးသော ဝန်ထမ်းများကိုသာ ဆောင်ရွက်ရန်ရည်ရွယ်ကြောင်း ဦး မောင်မောင်ဝင်းက ပြောသည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အတွက် ပင်စင်လစာနှင့် ဆုကြေး အသုံးစရိတ်သည် ကျပ် ၁,၁၁၆ ဒသမ ၀၈၄ ဘီလီယံဖြစ်ပြီး GDP ၏ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ နိုင်ငံ တော်ရငွေစုစုပေါင်း၏ ၄ ဒသမ ၈၉ ရာခိုင်နှုန်းနှင့် နိုင်ငံတော်၏ အသုံးစရိတ်စုစုပေါင်း၏ ၄ ဒသမ ၀၄ ရာခိုင်နှုန်းခန့်ရှိကြောင်း ယင်း ဝန်ကြီးဌာန အချက်အလက်များက ဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

အစိုးရႏွင့္ဝန္ထမ္းပူး​ေပါင္းထူ​ေထာင္ရမည့္ ပင္စင္ရန္ပုံ​ေငြစနစ္ျဖင့္ ပင္စင္​ေပးရန္စီစဥ္

အစိုးရဝန္ထမ္းမ်ားအတြက္ ပင္စင္ရန္ပုံေငြစနစ္တစ္ခုတည္ေထာင္ရန္ ဝန္ထမ္းေနာင္ေရးဗဟိုရန္ပုံေငြဥပေဒၾကမ္းကို ေရးဆြဲေနသည္ဟု စီမံကိန္း၊ ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးေမာင္ေမာင္ဝင္းက ေျပာသည္။

လက္ရွိ ပင္စင္စနစ္သည္ အစိုးရ၏ ဘတ္ဂ်တ္အသုံးစရိတ္ထဲမွာ အလုံးစုံသုံးဆြဲ​ေနျခင္းျဖစ္ၿပီး ထိုစနစ္အစား ​ေရရွည္တည္တံခိုင္ၿမဲႏိုင္သည့္ ရန္ပုံ​ေငြထူ​ေထာင္၍ ပင္စင္​ေပးရန္အစိုးရ စီစဥ္​ေနျခင္းျဖစ္သည္။

လက္ရွိစနစ္ကို ကိုလိုနီ​ေခတ္ကတည္းကပင္ သုံးဆြဲ​ေနျခင္းျဖစ္ၿပီး ႏွစ္စဥ္ပင္စင္စားဦး​ေရးတိုးပြားလာျခင္း၊သက္တမ္းတိုးျမင့္လာျခင္းတို႔​ေၾကာင့္ ပင္စင္အသုံးစရိတ္ ပိုမိုကုန္က်လာသည္ဟု ဒုဝန္ႀကီးကဆိုသည္။

ယင္းစနစ္ကို ေျပာင္းလဲလိုရျခင္းမွာ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ ပုဂၢလိကဝန္ထမ္းမ်ား အၿငိမ္းစားယူသည့္အခါ ဘဝေနေရး၊ လုံေလာက္ေသာ ဝင္ေငြရရွိေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈေပးႏိုင္ေရးႏွင့္ တစ္လုံးတည္းဆုေၾကး ႏွင့္ လစဥ္ပင္စင္ေထာက္ပံ့ေၾကးတို႔ကို ေ႐ြးခ်ယ္ခံစားႏိုင္ေရး ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ဒုဝန္ႀကီးဦးေမာင္ေမာင္ဝင္းက ​ေျပာသည္။

ယင္းစနစ္ကို အေကာင္အထည္ေဖာ္မည့္ပုံစံမွာ လစဥ္ထည့္ ဝင္ေၾကးကို ဝန္ထမ္းႏွင့္အစိုးရက အခ်ိဳးတူထည့္ဝင္သည့္စနစ္က်င့္သုံးရန္ ရည္႐ြယ္ထားၿပီး ဝန္ထမ္းပင္စင္ယူသည့္အခ်ိန္တြင္ လက္ရွိအက်ိဳးခံစားခြင့္ထက္ ပိုမို ခံစားခြင့္ရရွိေရး၊ ေငြေၾကးေဖာင္းပြမႈဒဏ္ကို မခံရေရး၊ တစ္လုံးတစ္ခဲတည္း ခံစားလိုသည့္ပမာဏ၊ လစဥ္ခံစားလိုသည့္ပမာဏ ေ႐ြးခ်ယ္ႏိုင္ခြင့္မ်ား၊ က်န္းမာေရးေစာင့္ေရွာက္မႈခံစားခြင့္စသည္တို႔ကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ ေၾကာင္း ၎ကဆက္လက္ေျပာသည္။

‘‘အဓိကအားျဖင့္ ဝန္ထမ္းမ်ားအတြက္ အၿငိမ္းစားယူၿပီး ေနာက္ပိုင္းတြင္လုံေလာက္ေသာ ေနထိုင္စားေသာက္စရိတ္ရရွိႏိုင္ေရးကို ရည္႐ြယ္ပါတယ္’’ ဟု ဒုဝန္ႀကီးက ဆိုသည္။

ဝန္ထမ္းေနာင္ေရးဗဟိုရန္ ပုံေငြဥပေဒပထမမူၾကမ္းတြင္ အခန္း(၁၁)ခန္း၊ ဥပေဒပုဒ္မ (၅၉)ခုပါဝင္ၿပီး ရန္ပုံေငြစီမံခန႔္ခြဲမႈအဖြဲ႕ ၏အခန္းက႑သည္ အေရးႀကီးကာ နည္းလမ္းတက်ျဖင့္ ရန္ပုံေငြတိုးပြားေရး၊ ဆုံးရႈံးႏိုင္ေျခမရွိေသာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျပဳလုပ္ေရး၊ စီမံခန႔္ခြဲမႈစြမ္းရည္ျဖင့္ ေ႐ြးခ်ယ္ရင္းႏွီးျမႇဳပ္ႏွံေရး၊ အၿငိမ္းစားဝန္ထမ္းမ်ား၏ ယုံၾကည္မႈရရွိေစေရး စသည့္အခ်က္မ်ား ပါဝင္မည္ျဖစ္ေၾကာင္း ဒုဝန္ႀကီးဦးေမာင္ေမာင္ဝင္းက ရွင္းျပသည္။ ယင္းစနစ္ကို စတင္ခ်ိန္တြင္ ႏိုင္ငံ့့ဝန္ထမ္းမ်ားအတြက္သာ စတင္ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

ထိုသို႔စီစဥ္ေဆာင္႐ြက္ေနေသာ္လည္း လက္ရွိခံစားေနရေသာ အၿငိမ္းစားႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ လက္ရွိစနစ္အတိုင္း မေျပာင္းလဲဘဲ ဆက္လက္ခံစားႏိုင္မည္ျဖစ္ၿပီးအသစ္ ျပ႒ာန္းမည့္ဥပေဒႏွင့္ အက်ဳံးဝင္ေသာအသစ္ဝင္ေရာက္မည့္ဝန္ထမ္းမ်ား၊ လုပ္သက္မမ်ားေသးေသာ ဝန္ထမ္းမ်ားကိုသာ ေဆာင္႐ြက္ရန္ရည္႐ြယ္ေၾကာင္း ဦး ေမာင္ေမာင္ဝင္းက ေျပာသည္။

၂၀၁၈-၁၉ ဘ႑ာေရးႏွစ္ အတြက္ ပင္စင္လစာႏွင့္ ဆုေၾကး အသုံးစရိတ္သည္ က်ပ္ ၁,၁၁၆ ဒသမ ၀၈၄ ဘီလီယံျဖစ္ၿပီး GDP ၏ ၁ ဒသမ ၅ ရာခိုင္ႏႈန္း၊ ႏိုင္ငံ ေတာ္ရေငြစုစုေပါင္း၏ ၄ ဒသမ ၈၉ ရာခိုင္ႏႈန္းႏွင့္ ႏိုင္ငံေတာ္၏ အသုံးစရိတ္စုစုေပါင္း၏ ၄ ဒသမ ၀၄ ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္း ယင္း ဝန္ႀကီးဌာန အခ်က္အလက္မ်ားက ဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service