ထားဝယ်အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရန် မြန်မာ-ထိုင်း_ဂျပန် သုံးနိုင်ငံ အလွတ်သဘော စတင်ဆွေးနွေး - Property News in Myanmar from iMyanmarHouse.com
900 Views

ထားဝယ်အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရန် မြန်မာ-ထိုင်း_ဂျပန် သုံးနိုင်ငံ အလွတ်သဘော စတင်ဆွေးနွေး

### Unicode Version ###

ထားဝယ်အထူးစီးပွားရေး ဇုန်ဖော်ဆောင်ရန် ထိုင်းအခြေစိုက် ဂျပန်ကုမ္ပဏီကိုးခုမှ စီးပွားရေးလုပ်ငန်းရှင်များ ယခုလအတွင်း လာရောက်လေ့လာခဲ့သည်။

ထိုလုပ်ငန်းရှင်များကို ဘန် ကောက်-ဂျပန် ကုန်သွယ်ရေးလုပ် ငန်းရှင်များအသင်းက ဦးဆောင်ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘဏ် (JBIC)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ (JICA)တို့ ပါဝင်သည်။

အဆိုပါ စီမံကိန်းလုပ်ကိုင် ရန် ၂၀၀၈ တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရချင်း လက်မှတ်ထိုးပြီး ထိုင်းနိုင်ငံ အီတာလျံထိုင်း ကုမ္ပဏီနှင့် ပြည်တွင်းမှ မက်စ် (မြန်မာ)ကုမ္ပဏီတို့ စတင်လုပ်ကိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် မက်စ် (မြန်မာ) ကုမ္ပဏီက စီမံကိန်းတွင် မပါဝင်တော့ပေ။ ၂၀၁၃ တွင်မူ ဘဏ္ဍာရေးအခက်အခဲကြောင့် စီမံကိန်းရပ်ဆိုင်းခဲ့သည်။

၂၀၁၅ ဇူလိုင်တွင် စီမံကိန်း ပြန်လည်စတင်ရန် မြန်မာ-ထိုင်း -ဂျပန် သုံးနိုင်ငံအစိုးရချင်း ဆွေးနွေးပြီး ဂျပန်အစိုးရက အဆိုပါ စီးပွားရေးဇုန်အပါအဝင် ထားဝယ်ဒေသဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၈၀၀ ကျော် ထုတ်ချေးရန် သဘောတူခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့် အကောင်အထည်ဖော်ရန် ထိုင်းကုမ္ပဏီ အီတာလျံ-ထိုင်းကို လုပ်ကိုင်ခွင့်ပေးထားသည်။ လက်ရှိတွင် မြေငှားစာချုပ်ကို ထိုင်းကုမ္ပဏီထံပို့ ဆောင်ထားပြီး ၂၀၂၀ မတ်လ၌ ကုမ္ပဏီဘက်က နောက်ဆုံးအကြောင်းပြန်ရမည်ဖြစ်ကာ မပြုလုပ်ပါက လုပ်ကိုင်ခွင့်ဆုံးရှုံးမည်ဟု ဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ထားဝယ္အထူးစီးပြားေရးဇုန္အေကာင္အထည္ေဖာ္ရန္ ျမန္မာ-ထိုင္း_ဂ်ပန္ သုံးႏိုင္ငံ အလြတ္သေဘာ စတင္ေဆြးေႏြး

ထားဝယ္အထူးစီးပြားေရးဇုန္ အေကာင္အထည္ေဖာ္ရန္ ျမန္မာ-ထိုင္း-ဂ်ပန္-ထိုင္း တို႔ သုံးပြင့္ဆိုင္ အလြတ္သေဘာေဆြးေႏြးခဲ့ေၾကာင္း ထားဝယ္အထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမူေကာ္မတီက သတင္းထုတ္ျပန္သည္၊

ထိုျပင္ ထိုင္းႏိုင္ငံႏွင့္လည္း ထားဝယ္အထူးစီးပြားေရးဇုန္ ကနဦးစီမံကိန္းအေကာင္အထည္ေဖာ္ႏိုင္ေရးႏွင့္ ထိုင္းနယ္စပ္မွ အထူးစီးပြားေရးဇုန္အထိသြားသည့္ ႏွစ္လမ္းသြားလမ္းမအတြက္ ေခ်းေငြစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ရန္လည္း ေဆြးေႏြးခဲ့သည္ဟု ထုတ္ျပန္သည္။

ထိုင္းႏိုင္ငံႏွင့္ေဆြးေႏြးမႈကိုထိုင္းႏိုင္ငံ၏ အိမ္နီးျခင္းႏိုင္ငံမ်ား ဖြံၿဖိဳးတိုးတက္ေရးပူးေပါင္းေဆာင္႐ြက္မူေအဂ်င္စီ ဘုတ္အဖြဲ႕ ဥကၠဌႏွင့္ေဆြးေႏြးခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ထားဝယ္အထူးစီးပြားေရး ဇုန္ေဖာ္ေဆာင္ရန္ ထိုင္းအေျခစိုက္ ဂ်ပန္ကုမၸဏီကိုးခုမွ စီးပြားေရးလုပ္ငန္းရွင္မ်ား ယခုလအတြင္း လာေရာက္ေလ့လာခဲ့သည္။

ထိုလုပ္ငန္းရွင္မ်ားကို ဘန္ ေကာက္-ဂ်ပန္ ကုန္သြယ္ေရးလုပ္ ငန္းရွင္မ်ားအသင္းက ဦးေဆာင္ၿပီး ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဘဏ္ (JBIC)၊ ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္ စီ (JICA)တို႔ ပါဝင္သည္။

အဆိုပါ စီမံကိန္းလုပ္ကိုင္ ရန္ ၂၀၀၈ တြင္ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံအစိုးရခ်င္း လက္မွတ္ထိုးၿပီး ထိုင္းႏိုင္ငံ အီတာလ်ံထိုင္း ကုမၸဏီႏွင့္ ျပည္တြင္းမွ မက္စ္ (ျမန္မာ)ကုမၸဏီတို႔ စတင္လုပ္ကိုင္ခဲ့သည္။ သို႔ေသာ္ ေနာက္ပိုင္းတြင္ မက္စ္ (ျမန္မာ) ကုမၸဏီက စီမံကိန္းတြင္ မပါဝင္ေတာ့ေပ။ ၂၀၁၃ တြင္မူ ဘ႑ာေရးအခက္အခဲေၾကာင့္ စီမံကိန္းရပ္ဆိုင္းခဲ့သည္။

၂၀၁၅ ဇူလိုင္တြင္ စီမံကိန္း ျပန္လည္စတင္ရန္ ျမန္မာ-ထိုင္း -ဂ်ပန္ သုံးႏိုင္ငံအစိုးရခ်င္း ေဆြးေႏြးၿပီး ဂ်ပန္အစိုးရက အဆိုပါ စီးပြားေရးဇုန္အပါအဝင္ ထားဝယ္ေဒသဖြံ႕ၿဖိဳးေရး ကန္ေဒၚလာ သန္း ၈၀၀ ေက်ာ္ ထုတ္ေခ်းရန္ သေဘာတူခဲ့သည္။

ထားဝယ္အထူးစီးပြားေရးဇုန္ ကနဦးအဆင့္ အေကာင္အထည္ေဖာ္ရန္ ထိုင္းကုမၸဏီ အီတာလ်ံ-ထိုင္းကို လုပ္ကိုင္ခြင့္ေပးထားသည္။ လက္ရွိတြင္ ေျမငွားစာခ်ဳပ္ကို ထိုင္းကုမၸဏီထံပို႔ ေဆာင္ထားၿပီး ၂၀၂၀ မတ္လ၌ ကုမၸဏီဘက္က ေနာက္ဆုံးအေၾကာင္းျပန္ရမည္ျဖစ္ကာ မျပဳလုပ္ပါက လုပ္ကိုင္ခြင့္ဆုံးရႈံးမည္ဟု ဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service