ထားဝယ်အထူးစီးပွားရေးဇုန်အတွက်ဂျပန်ကုမ္ပဏီကိုးခု လာရောက်လေ့လာ - Property News in Myanmar from iMyanmarHouse.com
631 Views

ထားဝယ်အထူးစီးပွားရေးဇုန်အတွက်ဂျပန်ကုမ္ပဏီကိုးခု လာရောက်လေ့လာ

### Unicode Version ###

ထားဝယ်အထူးစီးပွားရေးဇုန်ဖော်ဆောင်ရန် ထိုင်းအခြေစိုက် ဂျပန်ကုမ္ပဏီကိုးခုမှ စီးပွားရေးလုပ်ငန်းရှင်များ ယခုလအတွင်း လာရောက်လေ့လာခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံအလွတ်သဘော ဆွေးနွေးခဲ့ ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက သတင်းထုတ်ပြန်သည်။

ကနဦး စီမံကိန်းအတွက် မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ အစည်းအဝေးလည်း ဆောင်ရွက်ခဲ့သည်ဟု ကော်မတီက သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံမှ ချေးငွေဖြင့် ဆောင်ရွက်မည့် ထိုင်းနယ်စပ်မှ ထားဝယ်အထူးစီးပွားရေးဇုန်သွားသည့် နှစ်လမ်းသွားလမ်း ချေးငွေစာချုပ်နိုင်ရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း လျှပ်စစ်ဓာတ်အားလုပ်ငန်းများ ဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်သည်။

ထိုလုပ်ငန်းရှင်များကို ဘန် ကောက်-ဂျပန် ကုန်သွယ်ရေးလုပ်ငန်းရှင်များအသင်းက ဦးဆောင် ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘဏ် (JBIC)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ (JICA)တို့ ပါဝင်သည်။

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့် အကောင်အထည်ဖော်ရန် ထိုင်းကုမ္ပဏီ အီတာလျံ-ထိုင်းကို လုပ်ကိုင်ခွင့်ပေး ထားသည်။ လက်ရှိတွင် မြေငှားစာချုပ်ကို ထိုင်းကုမ္ပဏီထံ ပို့ဆောင်ထားပြီး ၂၀၂၀ မတ်လ၌ ကုမ္ပဏီဘက်က နောက်ဆုံးအကြောင်းပြန်ရမည်ဖြစ်ကာ မပြုလုပ်ပါက လုပ်ကိုင်ခွင့်ဆုံးရှုံးမည်ဟု ဆိုသည်။

ထိုင်းကုမ္ပဏီကို လုပ်ကိုင် ခွင့်ပေးထားသော်လည်း ၂၇ စတု ရန်းကီလိုမီတာ (ဧက ၆,၆၀၀ ကျော်)ကို တိုက်ရိုက်ဆောင်ရွက် ခွင့်ရမည်မဟုတ်ဘဲ အဆင့်လေးဆင့်ခွဲ၍ ဆောင်ရွက်ရမည်ဟု ဆိုသည်။ ထိုင်းကုမ္ပဏီသည် ပထမ အဆင့် ၇ စတုရန်းကီလိုမီတာ (ဧက ၁,၇၀၀ ကျော်) လုပ်ကိုင် ခွင့်ရမည်ဖြစ်ပြီး ငွေကြေး၊ စီးပွားရေးစီမံချက်နှင့် အချိန်သတ်မှတ်ချက်တို့ တင်ပြရမည်ဟု ကော်မတီက ဆိုသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ထားဝယ္အထူးစီးပြားေရးဇုန္အတြက္ဂ်ပန္ကုမၸဏီကိုးခု လာေရာက္ေလ့လာ

ထားဝယ္အထူးစီးပြားေရးဇုန္ေဖာ္ေဆာင္ရန္ ထိုင္းအေျခစိုက္ ဂ်ပန္ကုမၸဏီကိုးခုမွ စီးပြားေရးလုပ္ငန္းရွင္မ်ား ယခုလအတြင္း လာေရာက္ေလ့လာခဲ့သည္။

ထားဝယ္အထူးစီးပြားေရးဇုန္ အေကာင္အထည္ေဖာ္ေရး ျမန္မာ-ထိုင္း-ဂ်ပန္ သုံးႏိုင္ငံအလြတ္သေဘာ ေဆြးေႏြးခဲ့ ေၾကာင္း ထားဝယ္အထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီက သတင္းထုတ္ျပန္သည္။

ကနဦး စီမံကိန္းအတြက္ ျမန္မာ-ထိုင္း ပူးတြဲလုပ္ငန္းေကာ္မတီ အစည္းအေဝးလည္း ေဆာင္႐ြက္ခဲ့သည္ဟု ေကာ္မတီကသတင္းထုတ္ျပန္သည္။

ထိုင္းႏိုင္ငံမွ ေခ်းေငြျဖင့္ ေဆာင္႐ြက္မည့္ ထိုင္းနယ္စပ္မွ ထားဝယ္အထူးစီးပြားေရးဇုန္သြားသည့္ ႏွစ္လမ္းသြားလမ္း ေခ်းေငြစာခ်ဳပ္ႏိုင္ေရး၊ ထားဝယ္အထူးစီးပြားေရးဇုန္အတြင္း လွ်ပ္စစ္ဓာတ္အားလုပ္ငန္းမ်ား ေဆာင္႐ြက္ေရး ေဆြးေႏြးခဲ့သည္ဟု ထုတ္ျပန္သည္။

ထိုလုပ္ငန္းရွင္မ်ားကို ဘန္ ေကာက္-ဂ်ပန္ ကုန္သြယ္ေရးလုပ္ငန္းရွင္မ်ားအသင္းက ဦးေဆာင္ ၿပီး ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဘဏ္ (JBIC)၊ ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္ စီ (JICA)တို႔ ပါဝင္သည္။

ထားဝယ္အထူးစီးပြားေရးဇုန္ ကနဦးအဆင့္ အေကာင္အထည္ေဖာ္ရန္ ထိုင္းကုမၸဏီ အီတာလ်ံ-ထိုင္းကို လုပ္ကိုင္ခြင့္ေပးထားသည္။ လက္ရွိတြင္ ေျမငွားစာခ်ဳပ္ကို ထိုင္းကုမၸဏီထံ ပို႔ေဆာင္ထားၿပီး ၂၀၂၀ မတ္လ၌ ကုမၸဏီဘက္က ေနာက္ဆုံးအေၾကာင္းျပန္ရမည္ျဖစ္ကာ မျပဳလုပ္ပါက လုပ္ကိုင္ခြင့္ဆုံးရႈံးမည္ဟု ဆိုသည္။

ထိုင္းကုမၸဏီကို လုပ္ကိုင္ ခြင့္ေပးထားေသာ္လည္း ၂၇ စတု ရန္းကီလိုမီတာ (ဧက ၆,၆၀၀ ေက်ာ္)ကို တိုက္႐ိုက္ေဆာင္႐ြက္ ခြင့္ရမည္မဟုတ္ဘဲ အဆင့္ေလးဆင့္ခြဲ၍ ေဆာင္႐ြက္ရမည္ဟု ဆိုသည္။ ထိုင္းကုမၸဏီသည္ ပထမအဆင့္ ၇ စတုရန္းကီလိုမီတာ (ဧက ၁,၇၀၀ ေက်ာ္) လုပ္ကိုင္ ခြင့္ရမည္ျဖစ္ၿပီး ေငြေၾကး၊ စီးပြားေရးစီမံခ်က္ႏွင့္ အခ်ိန္သတ္မွတ္ခ်က္တို႔ တင္ျပရမည္ဟု ေကာ္မတီက ဆိုသည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service