ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများရှယ်ယာဝယ်ယူခွင့်ကို မတ်လတွင် စတင်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
734 Views

ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများရှယ်ယာဝယ်ယူခွင့်ကို မတ်လတွင် စတင်မည်ဟုဆို

### Unicode Version ###

ရန်ကုန်စတော့အိတ်ချိန်းတွင် မတ်လကစ၍ နိုင်ငံခြားသားများက ကုမ္ပဏီတစ်ခုလျှင် ရှယ်ယာ ၃၅ ရာခိုင်နှုန်းဝယ်ယူနိုင်ပြီဖြစ်ကြောင်း ချေးငွေသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။

နိုင်ငံခြားသားများကို ရန်ကုန်စတော့အိတ်ချိန်းတွင်ရှယ်ယာဝယ်ယူခွင့်ကို ကော်မရှင်က၂၀၁၉ နှစ်လယ်ပိုင်းတွင် ခွင့်ပြုကြောင်းထုတ်ပြန်ခဲ့သော်လည်း ၂၀၂၀မတ်လမှသာစတင် ဝယ်ယူနိုင်မည်ဖြစ်သည်၊

ထိုသို့ဝယ်ယုရန်အတွက် စည်းမျဉ်းစည်းကမ်းများအတွက်မကြာခင် ညွန့်ကြားချက်တစ်စောင်ထုတ်ပြန်ပေးမည်ဖြစ်သည်ဟု ဦးဌေးချွန်က ပြောသည်။

ကုမ္ပဏီဥပဒေအသစ်အရ ပြည်တွင်းကုမ္ပဏီများတွင် နိုင်ငံခြားသား အစုရှယ်ယာပိုင်ဆိုင်မှု ကို ၃၅ ရာခိုင်နှုန်းခွင့် ပြုထားပြီး နောက် ရန်ကုန်စတော့အိတ်ချိန်းတွင်လည်း နိုင်ငံခြားရှယ်ယာဝယ်ယူခွင့်ကို ၃၅ ရာခိုင်နှုန်းအောက် ခွင့်ပြုခြင်းဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများတွင် နိုင်ငံခြားသားများ အစုရှယ်ယာဝယ်ယူခွင့်ကို ခွင့်ပြုကြောင်း ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က၂၀၁၉ ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားသားများကို ရှယ်ယာရောင်းချရာတွင် စာရင်းဝင်ကုမ္ပဏီများသည် အချက် နှစ်ချက်လိုက်နာရမည်ဖြစ်ပြီး နိုင်ငံခြားရှယ်ယာပိုင်ဆိုင်မှုဆိုင်ရာ ခွင့်ပြုမည့်ပမာဏကို ရန်ကုန်စတော့အိတ်ချိန်းသို့ ကြိုတင်တင်ပြရခြင်းနှင့် ကြီးကြပ်သည့်အဖွဲ့အစည်း၏ ခွင့်ပြုချက်ရယူခြင်းတို့ ဖြစ်သည်။

ထို့အပြင် ရန်ကုန်စတော့အိတ်ချိန်းသည် အချက် ငါးချက် ဆောင်ရွက်ရမည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။ ၎င်းတို့ မှာ ကုမ္ပဏီများက နိုင်ငံခြားသားများကို ရှယ်ယာစတင်ရောင်းချသည့်နေ့ရက် ကြေညာရန်၊ နိုင်ငံခြားသား ပါဝင်ရင်းနှီးမြှုပ်နှံမှုအတွက် စည်းမျဉ်းများကို ကော်မရှင်ခွင့်ပြုချက်ဖြင့် ထုတ်ပြန်ရန်၊ အရောင်းအဝယ် ပြုလုပ်ရာတွင် အစုရှယ်ယာတစ်မျိုးတစ်စားတည်းထားရှိရန်၊ ကုမ္ပဏီများက ကော်မရှင်သို့ တင်ပြထားသည့် ရှယ်ယာပမာဏအတိုင်း အရောင်းအဝယ် ဆောင်ရွက်ရန်နှင့် အစုရှယ်ယာ မှတ်တမ်းတင်ရာတွင် နိုင်ငံခြားကုမ္ပဏီ၏ တိုက်ရိုက်အစုရှယ်ယာပိုင်ဆိုင်မှုဖြစ်ပါက နိုင်ငံခြားပိုင်ဆိုင်မှုဟု သတ်မှတ်ရန်ဖြစ်ကြောင်း ဆိုသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် အများပိုင်ကုမ္ပဏီငါးခုရှိပြီးအစုရှယ်ယာများ ရောင်းချနေခြင်း ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

Upcoming Property Events

42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service