ဖြည့်စွက်ဘတ်ဂျက် မှာ ကျပ် ၁၈၃ ဘီလီယံခွင့်ပြု ဖို့ ရန်ကုန်တိုင်းအစိုးရတင်ပြ - Property News in Myanmar from iMyanmarHouse.com
599 Views

ဖြည့်စွက်ဘတ်ဂျက် မှာ ကျပ် ၁၈၃ ဘီလီယံခွင့်ပြု ဖို့ ရန်ကုန်တိုင်းအစိုးရတင်ပြ

### Unicode Version ###

၂၀၁၉-၂၀ဘဏ္ဍာရေးနှစ်မှာ ရန်ကုန်အတွက် ထပ်သုံးမယ့် ဘတ်ဂျက် ငွေကျပ် ၁၈၃ ဘီလီယံကို ခွင့်ပြုပေးဖို့ တိုင်းအစိုးရက ဒီနေ့ ရန်ကုန်တိုင်းလွှတ်တော်ကို တင်ပြခဲ့ပါတယ်။

အဲဒီ့ဖြည့်စွက်ဘတ်ဂျက်မှာ မြေယာလျော်ကြေးပေးဖို့အတွက် အသုံးပြုမယ့်ငွေက ငွေကျပ် ၁၁၂ ဘီလီယံရှိပြီး ကျန်ရှိတဲ့ အသုံးစရိတ်တွေကတော့ သာမန်အသုံးစရိတ်နဲ့ ငွေလုံးငွေရင်း အသုံးစရိတ်တို့ ဖြစ်ပါတယ်။

မြေယာလျော်ကြေးပေးဖို့ကို ဦးစားပေးအသုံးစရိတ်အဖြစ် လျာထားရေးဆွဲထားတယ်လို့ ရန်ကုန်တိုင်း စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။

ရငွေစာရင်းမှာ မြေရောင်းရငွေကျပ် ၁၁၉ ဘီလီယံရရှိမယ်လို့ အစိုးရရဲ့ တင်ပြချက်မှာ ဖော်ပြထားပါတယ်။

ဖြည့်စွက်ဘတ်ဂျက်မှာ ရငွေက ငွေကျပ် ၁၂၇ ဘီလီယံကျော်ရှိပြီး သုံးငွေက ငွေကျပ် ၁၈၃ ဘီလီယံကျော်ဖြစ်တဲ့အတွက် ၅၅ ဘီလီယံကျော် လိုငွေပြနေတာလည်း ဖြစ်ပါတယ်။

အဲဒီ့လိုငွေကို ပြည်ထောင်စုက ထောက်ပံ့ပေးမှဘက်ညီဘတ်ဂျက် ဖြစ်မှာလို့လည်း ဦးမြင့်သောင်းက ပြောပါတယ်။

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းရဲ့ မူလဘတ်ဂျက်မှာ ငွေကျပ်ဘီလီယံ ခုနစ်ရာကျော်ဖြစ်ပြီး အခုထပ်တောင်းတဲ့ ငွေနဲ့ပါဆိုရင် စုစုပေါင်း ငွေကျပ် ၉၅၅ ဘီလီယံကို အသုံးပြုမှာဖြစ်ပါတယ်။

အစိုးရကထပ်တောင်းတဲ့ ဖြည့်စွက်ဘတ်ဂျက်ကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပြီးမှ လွှတ်တော်ရဲ့ သဘောထားကိုရယူမှာဖြစ်ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

### Zawgyi Version ###

ျဖည့္စြက္ဘတ္ဂ်က္ မွာ က်ပ္ ၁၈၃ ဘီလီယံခြင့္ျပဳ ဖို႔ ရန္ကုန္တိုင္းအစိုးရတင္ျပ

၂၀၁၉-၂၀ ဘ႑ာေရးႏွစ္မွာ ရန္ကုန္အတြက္ ထပ္သုံးမယ့္ ဘတ္ဂ်က္ ေငြက်ပ္ ၁၈၃ ဘီလီယံကို ခြင့္ျပဳေပးဖို႔ တိုင္းအစိုးရက ဒီေန႔ ရန္ကုန္တိုင္းလႊတ္ေတာ္ကို တင္ျပခဲ့ပါတယ္။

အဲဒီ့ျဖည့္စြက္ဘတ္ဂ်က္မွာ ေျမယာေလ်ာ္ေၾကးေပးဖို႔အတြက္ အသုံးျပဳမယ့္ေငြက ေငြက်ပ္ ၁၁၂ ဘီလီယံရွိၿပီး က်န္ရွိတဲ့ အသုံးစရိတ္ေတြကေတာ့ သာမန္အသုံးစရိတ္နဲ႔ ေငြလုံးေငြရင္း အသုံးစရိတ္တို႔ ျဖစ္ပါတယ္။

ေျမယာေလ်ာ္ေၾကးေပးဖို႔ကို ဦးစားေပးအသုံးစရိတ္အျဖစ္ လ်ာထားေရးဆြဲထားတယ္လို႔ ရန္ကုန္တိုင္း စီမံကိန္းနဲ႔ဘ႑ာေရးဝန္ႀကီး ဦးျမင့္ေသာင္းက ေျပာပါတယ္။

ရေငြစာရင္းမွာ ေျမေရာင္းရေငြက်ပ္ ၁၁၉ ဘီလီယံရရွိမယ္လို႔ အစိုးရရဲ႕ တင္ျပခ်က္မွာ ေဖာ္ျပထားပါတယ္။

ျဖည့္စြက္ဘတ္ဂ်က္မွာ ရေငြက ေငြက်ပ္ ၁၂၇ ဘီလီယံေက်ာ္ရွိၿပီး သုံးေငြက ေငြက်ပ္ ၁၈၃ ဘီလီယံေက်ာ္ျဖစ္တဲ့အတြက္ ၅၅ ဘီလီယံေက်ာ္ လိုေငြျပေနတာလည္း ျဖစ္ပါတယ္။

အဲဒီ့လိုေငြကို ျပည္ေထာင္စုက ေထာက္ပံ့ေပးမွဘက္ညီဘတ္ဂ်က္ ျဖစ္မွာလို႔လည္း ဦးျမင့္ေသာင္းက ေျပာပါတယ္။

၂၀၁၉-၂၀ ဘ႑ာေရးႏွစ္အတြက္ ရန္ကုန္တိုင္းရဲ႕ မူလဘတ္ဂ်က္မွာ ေငြက်ပ္ဘီလီယံ ခုနစ္ရာေက်ာ္ျဖစ္ၿပီး အခုထပ္ေတာင္းတဲ့ ေငြနဲ႔ပါဆိုရင္ စုစုေပါင္း ေငြက်ပ္ ၉၅၅ ဘီလီယံကို အသုံးျပဳမွာျဖစ္ပါတယ္။

အစိုးရကထပ္ေတာင္းတဲ့ ျဖည့္စြက္ဘတ္ဂ်က္ကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေဆြးေႏြးၿပီးမွ လႊတ္ေတာ္ရဲ႕ သေဘာထားကိုရယူမွာျဖစ္ပါတယ္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service